Home သတင်း ကန့်ကွက်ခံရသည့် KYO ‌နွေရာသီ လူငယ်သင်တန်း ‌နေရာ‌ပြောင်း‌ရွှေ့ဖွင့်လှစ်

ကန့်ကွက်ခံရသည့် KYO ‌နွေရာသီ လူငယ်သင်တန်း ‌နေရာ‌ပြောင်း‌ရွှေ့ဖွင့်လှစ်

2379

ဧပြီ ၂၃ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

မွန်ပြည်နယ် လုံခြုံ‌ရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီး၏ ကန့်ကွက်မှု‌ကြောင့် ကရင်လူငယ်အစည်းအရုံး(KYO)မှ ဦး‌ဆောင်ပြု လုပ်မည့် ‌နွေရာသီလူငယ်သင်တန်း (Summer Youth Camp)ကို ‌နေရာ‌ပြောင်း‌ရွှေ့ပြီး ယ‌နေ့ (ဧပြီ ၂၃) စတင်ဖွင့်လှစ် လိုက်ပြီးဖြစ်သည်ဟု သိရသည်။

ယခင် KNU -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ၊ တပ်မဟာ(၁)၊ ဘီးလင်းမြို့နယ်၊ ကွီ‌လေ‌ကျေးရွာတွင် ပြုလုပ်မည့် ယခုသင်တန်းကို ကရင်ပြည်နယ်၊ KNU ဖားအံခရိုင်၊ ‌သေ့‌ဘေ့ထာ့စခန်း၌ ဧပြီ ၂၃ ရက် (ယ‌နေ့)တွင် ‌ပြောင်း‌ရွှေ့ ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု KYO စည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးတာဝန်ခံ ‌စောအဲ‌ကော်က ‌ပြောသည်။

၎င်းက“ကျ‌နော်တို့ လူငယ်‌တွေ လုပ်‌ဆောင်‌နေတာက တိုင်းပြည်ကို ဖျက်ဖို့ မဟုတ်ဘူး။ တိုင်းပြည် တိုးတက်‌ရေး‌တွေ လုပ်‌ဆောင်တဲ့ ‌နေရာမှာ လူငယ်‌တွေက ရင်းရင်း နှီးနှီးနဲ့ အတူတကွလုပ် ‌ဆောင်နိုင်ဖို့ အတွက်ဖြစ်တယ် ↔ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
ဧပြီ ၂၃ ရက်မှ ‌မေ ၂၆ ရက်‌နေ့အထိဖွင့်လှစ်မည့် ယခုသင်တန်းတွင် ဧရာဝတီ၊ ကရင်နီ၊ ရှမ်း(သျှမ်း)၊ တနသင်္ာရီ ၊ နယ်စပ်၊ မွန်၊ ရခိုင်၊ ပဲခူး၊ စစ်ကိုင်း စသည့်
‌နေရာ‌ဒေသအနှံ့အပြားမှ ကရင်၊ ဗမာ၊ အင်းသား၊ ကယန်းနှင့် ရခိုင် စသည့် လူငယ်‌ပေါင်း ၆ဝ ဦး‌ကျော်မှ တက်‌ရောက်‌နေသည်ဟုလည်း သိရသည်။

ယင်းသင်တန်းတွင် အ‌ခြေခံနိုင်ငံ‌ရေး၊ ဖက်ဒရယ်၊ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ၊ KNU၏ လမ်းစဉ်၊ လုပ်ငန်းစဉ်၊ လက်ရှိငြိမ်းချမ်း‌ရေးဖြစ်စဉ်၊ လူမှုအသိုင်းအဝိုင်းများ၏လုံခြုံ‌ရေး၊ အ‌ခြေခံကာယပညာ၊ ဦး‌ဆောင်မှုနှင့် စီမံခန့်ခွဲ မှုဘာသာရပ်များအား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ (JMC)နှင့် နယ်စပ်မှ ပညာရှင်ဆရာ ၁ဝ ဦးဝန်းကျင်မှ သင်ကြားပြသသွားမည်ဖြစ်သည်။

ယခုဖွင့်လှစ်‌နေသည့်လူငယ်သင်တန်းကို အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဗဟိုဌာန (NRPC) နှင့် JMC တို့ ခွင့်ပြုချက်မရဘဲ မွန်ပြည်နယ်အတွင်း ‌ဆောင်ရွက်ခြင်းကို ခွင့်မပြု‌ကြောင်းနှင့် သင်တန်းဖွင့်လှစ်ခြင်းဖြင့် မလိုုလားအပ်သည့် ကိစ္စများဖြစ်‌ပေါ်လာနိုင်သည်ဟုဆိုကာ မွန်ပြည်နယ် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီးက ဧပြီလ ၁၈ ရက်‌နေ့ ရက်စွဲဖြင့် KNU တပ်မဟာ (၁) ဆက်ဆံ‌ရေးရုံးထံ ကန့်ကွက်စာ‌ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မွန်ပြည်နယ်၊ ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ-JMC အတွင်း ‌ရေးမှူး(၁) ဗိုလ်မှူး ‌စော‌ကျော်မြင့်က ̏ အစိုးရအ‌နေနဲ့ ကန့်ကွက်ချင် ကန့်ကွက်‌ပေါ့။ JMC ကို‌တော့ ဆွဲထည့်ဖို့ မသင့်ဘူး။ အခုက JMC ကပဲ ပါဝင်ကန့်ကွက်သလိုဖြစ်‌နေတယ်။ NRPC က ကန့်ကွက်စာကလည်း JMC ဆီ‌ရောက်မလာဘူး။ တစ်လတစ်ကြိမ်ပြုလုပ်မယ့် JMC အစည်းအ‌ဝေးမှာ ဒီကိစ္စကို ‌ပြောရ‌တော့မှာ‌ပေါ့။ ငြိမ်းချမ်း‌ရေး ကာလမှာ အတိမ်း အ‌စောင်းမခံပဲ သိမ်သိမ်‌မွေ့‌မွေ့နဲ့လုပ်ရမယ်” ဟု ‌ပြောသည်။

ယခုနှစ်တွင်ပြုလုပ်သည့် ‌နွေရာသီလူငယ်သင်တန်းကို ကရင်လူငယ်အစည်းအရုံး (KYO) အပြင် ကရင် အမျိုးသမီး အစည်းအရုံး( KWO)၊ ကရင်‌ကျောင်းသားများ ကွန်ယက်အဖွဲ့(KSNG)များမှလည်း ပူး‌ပေါင်းပါဝင်ခဲ့ပြီး ယခင်နှစ်များနှင့်မ တူဘဲ ကရင်သာမက အခြားတိုင်းရင်းသားလူငယ်များပါ ပါဝင်တက်‌ရောက်‌နေခြင်း ဖြစ်သည်။

၂၀၀၉ ခုနှစ်မှ စတင် ပြုလုပ်ခဲ့သည့် Summer Youth Camp သင်တန်းကို အ‌ခြေအ‌နေအမျိုးမျိုး‌ကြောင့် မပြုလုပ်ခဲ့ရသည့် နှစ်များရှိခဲ့သည်ဟု KYO တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရပြီး ယခုနှစ်ဖွင့်လှစ်သည့် သင်တန်းမှာ ၄ ကြိမ်‌မြောက် လူငယ်သင်တန်းဖြစ်သည်ဟုလည်း သိရသည်။