Home သတင်း KNU/KNLA (PC)မှ မူးယစ်‌ဆေးဝါးသုံးစွဲမှုဖြင့် ဖမ်းဆီးထားသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲအပ်

KNU/KNLA (PC)မှ မူးယစ်‌ဆေးဝါးသုံးစွဲမှုဖြင့် ဖမ်းဆီးထားသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲအပ်

3920

ဇန်နဝါရီ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(ငြိမ်းချမ်း‌ရေး‌ကောင်စီ) KNU/KNLA(PC) မှ မူးယစ်‌ဆေးဝါးသုံးစွဲမှုဖြင့် ဖမ်းဆီးထားသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲအပ်ပွဲကို ဇန်နဝါရီ ၁၁ ရက်(ယ‌နေ့)တွင် ‌ကော့ကရိတ်မြို့နယ်၊ ‌နော်တယာမြို့၌ ပြုလုပ်ခဲ့သည်။

ဇန်နဝါရီလ ၄ ရက်‌နေ့တွင် ‌ကော့ကရိတ်မြို့နယ်၊ မြပတိုင်‌ကျေးရွာအုပ်စု၊ ‌ကော့က‌လောင်ရွာအနီးရှိ ‌တောတွင်း ရာဘာခြံအတွင်း မူးယစ်‌ဆေး‌ရောင်းချသူ ၂ ဦး၊ သုံးစွဲသူ ၂၄ ဦးတို့ကို ဖမ်းဆီးခဲ့သည့်အနက် သုံးစွဲသူ ၂၃ ဦးကို အသိသက်‌သေများ‌ရှေ့တွင် ပြန်လည်လွှဲအပ်ခြင်းဖြစ်‌ကြောင်း KNU/KNLA(PC) တွဲဖက်အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စော‌ကျော်ညွန့်က ‌ကေအိုင်စီသို့ ယ‌နေ့တွင် ‌ပြောသည်။

̏ ဒီမနက် ၁ဝ နာရီကတည်းက အခမ်းအနားနဲ့တကွ မိဘ‌တွေထံကို ပြန်လည်အပ်နှံတယ်။ တာဝန်ရှိတဲ့ လူကြီး‌တွေက ဆုံးမ အသိပညာ‌ပေး စကား‌တွေ‌ပြောတယ်။ ‌နောက်တစ်ခါ ပြန်မသုံးစွဲရ‌အောင် ကတိခံဝန်ချက်‌တွေကို အသိသက်‌သေ‌ရှေ့ မှာ လက်မှတ် ထိုးခိုင်းတာ‌ပေါ့။ ဖမ်းဆီးတုန်းကလည်း ညှင်းပမ်းနှိပ်စက်တာ မလုပ်ခဲ့ပါဘူး။ ဖမ်းဆီးထားတုန်းက ပါလာတဲ့ နာရီ၊ ဖုန်း‌တွေလည်း ပြန်အပ်လိုက်ပါပြီ↔ဟု ‌ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် မူးယစ်‌ဆေးဝါး‌ရောင်းချသူ ၂ ဦးကို ဥပ‌ဒေအတိုင်း အ‌ရေးယူရန် ဆက်လက်ထိန်းသိမ်းထား ဆဲဖြစ်ပြီး သုံးစွဲသူထဲမှ တစ်ဦးမှာ KNU/KNLA (PC) ၏ မိတ်ဖက် အဖွဲ့အစည်းတစ်ခုနှင့်ပတ်သက်သူ ဖြစ်‌သော‌ကြောင့် ဖမ်း ဆီးခံရကတည်းကပင် ထိုအဖွဲ့မှ လူကြီးများလာ‌ရောက်‌ရွေးထုတ်သွားခဲ့ပြီးဖြစ်သည်ဟု KNU/KNLA (PC) တာဝန်ရှိသူများက ‌ပြောသည်။

လွတ်‌မြောက်လာသည့် မူးယစ်‌ဆေးဝါးသုံးစွဲသူ လူငယ်၂၃ ဦးမှာ ‌ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပတ်ဝန်းကျင်ရှိ ‌ဒေသခံများဖြစ်ပြီး ယ‌နေ့လွှဲအပ်ပွဲတွင် ၎င်းတို့၏မိဘများသာမက ‌ဂေါပကလူကြီးများ၊ ‌ဆွေမျိုးများ၊ ရွာသားများ ပါတက်‌ရောက်ခဲ့‌ကြောင်း ဗိုလ်မှူးကြီး ‌စော‌ကျော်ညွန့်က ‌ပြောသည်။

KNU/KNLA (PC) အ‌နေဖြင့် အပစ်ရပ်စာချုပ်-NCA သ‌ဘောတူ စာချုပ်၊ အပိုဒ်(၂၅)၊ အပိုဒ်ခွဲ(က-၆)အရ အပစ်အခတ် ရပ်စဲထားပြီး ငြိမ်းချမ်း‌ရေးလုပ်ငန်းများ အ‌ကောင်အထည် ‌ဖော်‌နေသည့်အ‌တောအတွင်း အပစ်ရပ်နယ်‌မြေများတွင် နှစ်ဖက်ညှိနှိုင်းပြီး မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေးလုပ်ငန်းများကို ‌ဆောင်ရွက်သွားမည်ဟုလည်း KNU/KNLA (PC) တာဝန်ရှိသူများက ‌ပြောဆိုသည်။

KNU/KNLA(PC)သည် ယခင် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၇၏ တပ်မဟာ မှူး‌ဟောင်း ဗိုလ်မှူးချုပ် ‌စောထိန်‌မောင် (ခ) ‌စော‌ဌေး‌မောင် ဦး‌ဆောင်ပြီး လွန်ခဲ့သည့်၂၀၀၇ ခုနှစ်က KNUမှ ခွဲထွက်ကာ နိုင်ငံ‌တော် ‌အေးချမ်းသာ ယာ‌ရေး နှင့်ဖွံ့ဖြိုး‌ရေး ‌ကောင်စီ (နအဖ) စစ်အစိုးရ လက်ထက်တွင် ငြိမ်းချမ်း‌ရေးရယူခဲ့သည့် ကရင်လက်နက် ကိုင် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA)ကို လက်မှတ်‌ရေး ထိုးထား‌သော အဖွဲ့လည်းဖြစ်သည်။