Home သတင်း ဖမ်းဆီးခံ အလုပ်သမားအ‌ရေး တစုံတရာ အကူအညီ‌တောင်းခံလာမှုမရှိ‌သေးဟု အလုပ်သမား သံအရာရှိဆို

ဖမ်းဆီးခံ အလုပ်သမားအ‌ရေး တစုံတရာ အကူအညီ‌တောင်းခံလာမှုမရှိ‌သေးဟု အလုပ်သမား သံအရာရှိဆို

2149

ဇန်နဝါရီ ၁၁ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

ယခုလ ၉ ရက်‌နေ့က ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့အနီး၊ နခွန်ပထုန်ခရိုင်၊ နခွန်ချိုင်စီမြို့နယ်ရှိ လူသုံးကုန်ပစ္စည်း ထုတ်စက်ရုံမှ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၃၇ဦးကို ထိုင်းပူး‌ပေါင်းအဖွဲ့၏ ဖမ်းဆီးခြင်းခံရသည့်ကိစ္စကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမာသံအရာရှိရုံးသို့ တစုံတရာ အကူအညီ‌တောင်းခံလာမှု မရှိ‌သေး‌ကြောင်း အလုပ်သမားသံအရာရှိ(၂) ဦးဦးခင်‌မောင်က ‌ကေအိုင်စီသို့ ယ‌နေ့‌ပြောသည်။

၎င်းက “ကျ‌နော်တို့နဲ့ချိတ်ဆက်ပြီး ‌ဆောင်ရွက်ရတဲ့အခါမှာ အဖမ်းအဆီးမရှိပါဘူး။ ဒါ‌ပေမဲ့ ဒီအဖမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သံအရာရှိရုံးကို‌တော့ အဲ့လိုဖမ်းလိုက်လု့ိ အကူအညီ‌တောင်းတာတို့ ဘာမှတက်မလာ‌သေးဘူး”ဟု ‌ပြောသည်။

အဆိုပါ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၃၇ ဦးသည် ထိုင်းစစ်ဘက်၊ ရဲဘက်ပူး‌ပေါင်းအင်အား ၃၀‌ကျော်မှ စက်ရုံအ တွင်းဝင်‌ရောက်စစ်‌ဆေးရာမှ အလုပ်သမား၊ အလုပ်ရှင်၊ လုပ်ငန်း‌နေရာ လွှဲမှား‌နေခြင်း‌ကြောင့် အဖမ်းအဆီး ခံလိုက်ရခြင်းဖြစ်‌ကြောင်း အလုပ်သမားအ‌ရေးကူညီ‌ဆောင်ရွက်‌နေသူ မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု ‌ကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ လက်ရှိအ‌ခြေအ‌နေရ အဖမ်းခံထားရတယ်‌လေ။ သူတို့ကိုသက်ဆိုင်ရာ ဥပ‌ဒေအရ အလုပ်သမားဆိုလည်း အ လုပ်သမား‌ပေါ့။ ရာဇဝတ်မှုဆိုလည်း ရာဇဝတ်မှု‌ပေါ့။ စာရွက်စာတမ်းနဲ့ပတ်သက်ရင် အလုပ်သမား‌ပေါ့။ မူးယစ် ‌ဆေးဝါးတို့၊ လက်လုပ်‌ဘောက်ချာ‌တွေ မိရင်‌တော့ ရာဇဝတ်မှု‌ပေါ့။ ဒါ‌ကြောင့် အလုပ်သမားဥပ‌ဒေ၊ ရာဇဝတ်ဥပ‌ဒေ သက်ဆိုင်ရာဥပ‌ဒေနဲ့အ‌ရေးယူဖို့ ပြင်ဆင်‌နေတယ်လို့ သတင်းထုတ်ပြန်ထားတယ် ”ဟု ‌ပြောသည်။

ယခင် ဒီဇင်ဘာလက ထိုင်းနိုင်ငံအတွင်းရှိ ‌ရွှေ့‌ပြောင်းအလုပ်သမား နိုင်ငံခြားသားများကို စာရွက်စာတမ်းမပြည့် စုံခြင်း၊ အလုပ်ရှင်၊ အလုပ်သမားနာမည်မတူညီခြင်း၊ လုပ်ငန်း‌နေရာ မကိုက်ညီခြင်း စသည့်တို့ကို ပြင်ဆင်ရန် ယခုနှစ် ဇွန်လ ၃ဝ ရက်‌နေ့အထိ အချိန်‌ပေးထား‌ကြောင်း ထိုင်းအစိုးရမှ တရားဝင် ထုတ်ပြန်ထားချက်ရှိသည့် အ‌ပေါ် ယခုလို ဖမ်းဆီးလိုက်ခြင်းသည် အ‌ပြောနှင့်အလုပ်မကိုက်ညီ‌ကြောင်းလည်း ဦးမိုးကြိုးက ဆက်‌ပြောသည်။

၂၀၁၇ ခုနှစ်က ပြဌာန်းလိုက်သည့် ထိုင်းနိုင်ငံ၏ ဥပ‌ဒေသစ်အရ တရားမဝင် အလုပ်သမား တစ်ဦးလျှင် ‌ငွေဒဏ် ဘတ်‌ငွေ ၂ ‌သောင်းမှ ၂သိန်းအထိ‌ပေး‌ဆောင်ရမည်ဖြစ်သလို လက်ခံထားသည့် အလုပ်ရှင်အ‌နေဖြင့်လည်း ‌ငွေဒဏ် ဘတ်‌ငွေ ၄သိန်းမှ ၈သိန်း အထိ ‌ပေး‌ဆောင်ရမည်ဖြစ်ပြီး ‌ငွေဒဏ် မ‌ဆောင်နိုင်လျှင် အလုပ်သမားတစ်ဦးလျှင် ‌ထောင်ဒဏ်တစ်နှစ်နှင့် အလုပ်ရှင်မှာ ‌ထောင် ဒဏ် ၅နှစ်အထိချမှတ်နိုင်‌ကြောင်း ပြဌာန်းသတ်မှတ်ထားသည်။

ယခုကဲ့သို့ ထိုင်းနိုင်ငံအတွင်း မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား အဖမ်းအဆီးခံရမှုမှာ ယခုနှစ် ၂၀၁၈ ခုနှစ်စ အတွင်း၌ ပထမဦး ဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။