Home သတင်း ကရင်အမျိုးသား လူထု‌တွေ့ဆုံပွဲ ရန်ကုန်တွင် ကျင်းပ ပြီးစီး

ကရင်အမျိုးသား လူထု‌တွေ့ဆုံပွဲ ရန်ကုန်တွင် ကျင်းပ ပြီးစီး

2553

ဇန်နဝါရီ ၂ဝရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ ကရင်အမျိုးသားများ လူထု‌တွေ့ဆုံပွဲ တစ်ရပ်ကို ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ဘူတာရုံလမ်းရှိ၊ စိန်ပီတာ၊ စိန်‌ပေါလ် ဖားစည်းခန်းမ၌ ဇန်နဝါရီ ၁၈ ရက်‌နေ့တွင် ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ‌တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ ခရိုင်အလိုက် ကိုယ်စားလှယ်များ၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီဝင်များ၊ ကရင်နိုင်ငံ‌ရေးပါတီများနှင့် ကရင်လူငယ်များစုစု‌ပေါင်း ၁၅ဝ ဦးခန့်တက်‌ရောက် ခဲ့သည်။

အခမ်းအနားတွင် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တွဲဖက်အတွင်း‌ရေးမှူး (၂) ပဒို‌စောလှထွန်းက လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ် အ‌ခြေအ‌နေများကို တက်‌ရောက်လာသူများသို့ ရှင်းလင်း ‌ပြောကြားခဲ့သလို အခမ်းအနားတက်‌ရောက်လာသူများကလည်း သိလိုသည်များကို ပြန်လည် ‌မြေးမြန်းခဲ့ကြသည်။

ကရင်အမျိုးသားနိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲကျင်းပနိုင်‌ရေးအတွက် အပစ်ရပ်စာချုပ်(NCA) လက်မှတ်ထိုးထားသည့် ကရင်လက် နက်ကိုင် ၃ဖွဲ့၏ ဦး‌ဆောင်မှုဖြင့် ဇန်နဝါရီလ တတိယပတ်မှ စတင်ကာ ကရင်လူမျိုးများ ‌နေထိုင် ရာ ‌ဒေသများတွင် အုပ်စုခွဲပြီး လူထု‌တွေ့ဆုံပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်‌ကြောင်း ဇန်နဝါရီလ ၅ရက်မှ ၆ ရက်‌နေ့ အထိ ဖားအံမြို့ ခွယ်က‌ဘောင်ဟိုတယ်တွင် ကျင်းပသည့် ကရင်အမျိုးသားနိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲ ကျင်းပ‌ရေး ‌ကော်မတီ (KNDCC)၏ အကြိုညှိနှိုင်းအစည်းအ‌ဝေးတွင် ဆုံးဖြတ်ထားသည်ဟု အဆိုပါ အစည်းအ‌ဝေးအပြီး တွင် တာဝန်ရှိသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။