Home သတင်း KNPP တပ်ဖွဲ့ဝင်နှင့်အရပ်သား သတ်ဖြတ်ခံရမှုအ‌ပေါ် အမြန်ဆုံး‌ဖော်‌ဆောင်ရန် UNFC ‌တောင်းဆို

KNPP တပ်ဖွဲ့ဝင်နှင့်အရပ်သား သတ်ဖြတ်ခံရမှုအ‌ပေါ် အမြန်ဆုံး‌ဖော်‌ဆောင်ရန် UNFC ‌တောင်းဆို

2443

ဒီဇင်ဘာ ၂၆ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

ယခုလ ၂ဝရက်‌နေ့က အစိုးရစစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသည့် ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ-KNPP တပ်ဖွဲ့ဝင် ၃ဦးနှင့် အရပ်သားတစ်ဦး၏ အမှုကိစ္စကို ပွင့်လင်းမြင်သာမှုရှိ‌သော စုံစမ်းစစ်‌ဆေး‌ရေးနှင့် တရားမျှတမှု‌ပေါ်‌ပေါက်‌ရေးအတွက် အစိုးရတပ်မ‌တော်မှ အမြန်ဆုံး‌ဖော်‌ဆောင်‌ပေးရန် ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်‌ကောင်စီ-UNFC မှ ယ‌နေ့ (ဒီဇင်ဘာ ၂၆)တွင် သ‌ဘောထားထုတ်ပြန်၍ ‌တောင်းဆိုလိုက်သည်။

အဆိုပါဖြစ်ရပ်သည် လက်ရှိ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်‌နေသည့် ပြည်တွင်းငြိမ်းချမ်း‌ရေးတည်‌ဆောက်မှု လုပ်ငန်းစဉ်ကို ‌နှောင့်‌နှေးကြန့်ကြာ‌စေနိုင်ပြီး နှစ်ဖက်‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးမှတစ်ဆင့် ရရှိထား‌သော ယုံကြည်မှုကို ထိခိုက်‌စေနိုင်‌သော‌ကြောင့် ယခုလို ‌တောင်းဆိုရခြင်းဖြစ်သည်ဟု UNFC ၏ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် ဦးထွန်း‌ဇော်က ယခုလို ‌ပြောသည်။

၎င်းက “KNPP က ၂၂ရက်‌နေ့က ထုတ်ပြန်‌ကြေညာချက်ထုတ်တယ်။ အဲ့ဒီဖြစ်ရပ်အ‌ပေါ်မှာ ရှုတ်ချတယ်‌ပေါ့ဗျာ။ ‌နောက်ပြီး လွိုင် ‌ကော်(ဒကစ)ကလည်း တန်ပြန်ထုတ်ပြန်မှု‌တွေလုပ်တယ်။ အပြန်အလှန် တစ်ဖက်ကိုတစ်ဖက် စွပ်စွဲမယ်။ ပြစ်တင်မယ်။ ခုခံ‌ချေပ ကြမယ်။ လိုင်း‌ပေါ်မှာ‌တွေ့ရတယ်။ ဒါ‌တွေကို လိုင်း‌ပေါ်မှာ ‌ပြော‌နေမဲ့အစား ခံခဲ့ရတဲ့ရဲ‌ဘော်၊ အရပ်သားကိစ္စကို ကျ‌နော်တို့က တရားမျှတမှုကို ဖြစ်‌စေချင်တယ်။ ဒါ‌ကြောင့် ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်‌ဆေးမှုကို လုပ်ဖို့လိုအပ်တယ်။ အဲ့ဒါကိုလုပ်တဲ့အခါ ကျူးလွန်တဲ့ဘက်က အစိုးရတပ်မ‌တော်ဘက်က ပိုပြီးတာဝန်ရှိတယ်လို့ ကျ‌နော်တို့မြင်တယ်။ အစိုးရ တပ်မ‌တော်ဘက်က ဒါကို အမြန်ဆုံး‌ဆောင်ရွက်‌ပေးဖို့လိုတယ်လို့ ကျ‌နော်တို့က ‌တောင်းဆိုတာဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုကဲ့သို့ ပွင့်လင်းမြင်သာမှုရှိသည့် စုံစမ်းစစ်‌ဆေးမှုဖြင့် တရားမျှတမှု‌ပေါ်‌ပေါက်‌ရေးမလုပ်‌ဆောင်လျှင် အတိတ်ဖြစ်ရပ်၏ ဆိုးကျိုး သံသရာထဲ ပြန်လည်‌ရောက်ရှိလာနိုင်‌ကြောင်းနှင့် လွတ်လပ်၍ ဘက်မလိုက်‌သော မှန်ကန်သည့် ကြား‌နေအပစ်အခတ်ရပ်စဲ‌ရေး ‌စောင့်ကြည့်‌ရေးယန္တရားမရှိခြင်း‌ကြောင့် ထိုကဲ့သို့ အငြင်းပွား‌နေရ‌ကြောင်းလည်း ဦးထွန်း‌ဇော်က ဆက်‌ပြောသည်။

ယခုလ ၁၉ရက်‌နေ့က ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်‌ကော်မြို့နယ်၊ ပါ‌လောင်း‌ကျေးရွာနှင့် ‌ဒေါတခြား‌ကျေးရွာအကြား (၇)မိုင် ရှိ KNPP ၏ ယာယီစစ်‌ဆေး‌ရေးဂိတ်က နယ်စပ်တပ်စခန်းများသို့ ရိက္ခာပို့ပြန်လာသည့် တပ်မ‌တော်ယာဉ်တန်းကို ည‌နေပိုင်း၌ ရပ်တန့်စစ်‌ဆေးမှုပြုလုပ်ခဲ့သည့်အ‌ပေါ် လွိုင်‌ကော်‌ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လက်‌အောက်ခံတပ် ‌ခြေလျင်တပ်ရင်း (ခလရ-၅၄)တပ်ရင်းမှ ညပိုင်းတွင် ဝင်‌ရောက်စီးနင်းပြီး ဂိတ်‌စောင့်တာဝန်ကျသည့် KNPP ရဲ‌ဘော်များကို ဖမ်းဆီးသတ်ဖြတ်ခဲ့ ‌ကြောင်း KNPP က ဒီဇင်ဘာ ၂၂ရက် ‌နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

၎င်းအ‌ပေါ် ‌ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်‌ကော်)မှ ယခုလ ၁၉ရက်‌နေ့က နယ်စပ်စစ်ဆင်‌ရေး ‌ခြေကုပ်စခန်းများသို့ ရိက္ခာပို့ပြန် လာသည့် စစ်ယာဉ်တန်းများကို အဖွဲ့အစည်းတံဆိပ်တပ်ဆင်ထားခြင်းမရှိ‌သော ‌ပြောက်ကျားယူနီ‌ဖောင်း ဝတ်ဆင်ထားသည့် လက်နက်ကိုင် ၁၅ဦးမှ တားဆီးစစ်‌ဆေးပြီး ခြိမ်း‌ခြောက်‌ပြောဆိုမှုများ ရှိခြင်း‌ကြောင့် ၎င်းတို့၏ နယ်‌မြေစိုးမိုး‌ရေးစစ်‌ကြောင်းနှင့် ‌တွေ့ဆုံတိုက်ပွဲဖြစ်၍ ၎င်းလက်နက်ကိုင် (၄)ဦးမှာ တိုက်ပွဲတွင် ထိမှန်‌သေဆုံးခြင်းဖြစ်သည်ဟု ဒီဇင်ဘာ ၂၃ရက်‌နေ့စွဲဖြင့် KNPP ၏ ထုတ်ပြန်ချက်အ‌ပေါ် တန်ပြန်ထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နယ်‌မြေခံ ကရင်နီအရပ်ဖက်အဖွဲ့အစည်များကလည်း ဒီဇင်ဘာလ ၂၂ရက်‌နေ့က လွိုင်‌ကော်မြို့၌ တပ်မ‌တော်ကို ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သလို ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် အ‌ကောင်အထည်‌ဖော်မှုများအ‌ပေါ် ထိခိုက်သွား မည်ကို စိုးရိမ်‌ကြောင်းလည်း ကရင်နီအရပ်ဖက်အဖွဲ့အစည်းများ စု‌ပေါင်းကာ ‌ကြေညာချက်များ ထုတ်ပြန်ထား‌သေးသည်။

လွိုင်‌ကော်မြို့ KNPP ဆက်ဆံ‌ရေးရုံး တာဝန်ခံ ခူး‌ညေးရယ်က “KNPP ရဲ‌ဘော်‌လေး‌ယောက်နဲ့ ရွာသားတစ်‌ယောက် ‌ပျောက်ဆုံး ‌နေတယ်လို့ ကနဦးသတင်း‌တွေထွက်ထားတယ်။ အမှန်က အဲ့ဒီထဲမှာ ကျ‌နော်တို့ ရဲ‌ဘော်တစ်‌ယောက်က ထွက်‌ပြေးလွတ် ‌မြောက်လာပြီး‌တော့ ကျ‌နော်တို့ဆီ ပြန်‌ရောက်လာတယ်။ အဖြစ်မှန်အားလုံး ကျ‌နော်တို့က သိပြီး‌ပေါ့။ အဲ့ ရဲ‌ဘော်‌ပြောပြချက်အရ ယူနီ‌ဖောင်းဝတ်ခိုင်းတယ်။ ပြီးရင် ဓါတ်ပုံရိုက်မယ်ဆိုပြီး ‌သေနတ်ကို ‌အော်တိုခလုတ်ချပြီး‌တော့ ပစ်သတ်မယ်လုပ်‌တော့ အဲ့မှာ သူက လွတ်သွားတယ်။ အဲ့မှာ‌သေသွားတဲ့ထဲမှာ ရွာသားတစ်‌ယောက်ပါသွားတယ်။ ဒီကိစ္စကို တရားဥပ‌ဒေ‌ကြောင်းအရ ‌ဖြေရှင်း ‌ပေးဖို့ ကယားပြည်နယ်ဝန်ကြီးချုပ်ကို ကျ‌နော်တို့ ဒီ‌နေ့မနက်မှာပဲ စာ‌ရေးတင်ပြထားတယ်”ဟု ‌ကေအိုင်စီသို့ ယ‌နေ့‌ပြောဆိုသည်။

KNPP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးသ‌ဘောတူစာချုပ်(NCA)ကို လက်မှတ်‌ရေးထိုးနိုင်‌ရေး ညှိနှိုင်း‌နေဆဲအဖွဲ့ ဖြစ်ပြီး ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်‌ကောင်စီ(UNFC)၏ တပ်‌ပေါင်းစုအဖွဲ့ဝင်လည်း ဖြစ်သည်။