Home သတင်း ဖားအံမြို့နယ် ဝတ်ကြီး‌ကျေးရွာအုပ်စုအတွင်း ခွင့်ပြုမိန့်ပါမှ စည်း‌ဝေး‌ဟော‌ပြောမှုများပြုလုပ်ရန် အုပ်ချုပ်‌ရေးမှူး စာထုတ်

ဖားအံမြို့နယ် ဝတ်ကြီး‌ကျေးရွာအုပ်စုအတွင်း ခွင့်ပြုမိန့်ပါမှ စည်း‌ဝေး‌ဟော‌ပြောမှုများပြုလုပ်ရန် အုပ်ချုပ်‌ရေးမှူး စာထုတ်

1842

ဒီဇင်ဘာလ ၂၁ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

နိုင်ငံတကာ NGO ၊ INGO နှင့်အခြားအဖွဲ့များအ‌နေဖြင့် ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ဝတ်ကြီး‌ကျေးရွာအုပ်စုအတွင်း စည်း ‌ဝေး‌ဟော‌ပြောခြင်း အခမ်းအနားများပြုလုပ်ရာတွင် မြို့နယ်အုပ်ချုပ်‌ရေးမှူးရုံး၏ ခွင့်ပြုမိန့်ပါရှိမှသာ ပြုလုပ်ကြရန် ဝတ်ကြီး‌ကျေးရွာအုပ်ချုပ်‌ရေးမှူးမှ ဒီဇင်ဘာလ ၁၇ ရက်‌နေ့က စာထုတ်ပြန်ထားသည်ဟု သိရသည်။

ဝတ်ကြီး‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ဦး‌နွေဦးက“ဘယ်အဖွဲ့ကပဲဖြစ်ဖြစ်‌ပေါ့။ တစ်ခုခုလုပ်မယ်ဆိုရင် ဒီ‌နေ့ဒီရက်မှာ ဒါ‌လေး လုပ်ချင်တယ်။ မြို့နယ်က ခွင့်ပြုမိန့်‌လေး ‌တောင်းလာမယ်။ အုပ်ချုပ်‌ရေးမှူး‌ရေ ကျ‌နော်တို့ဒါ‌လေး လုပ်ချင်ပါတယ်။ အဲ ဒီ‌လောက်သိရရင် ‌ကျေနပ်ပါပြီ။ အ‌ပေါ်က‌မေးတဲ့ အခါကျ‌တော့ ကျ‌နော်ဘာမှမသိပဲ “ငအ”ကြီးလိုဖြစ်‌နေ‌တော့ အဲဒါပါပဲ ရည်ရွယ်ချက်က‌တော့၊ အဲဒီ လိုဖြစ်‌တော့ ကျ‌နော်လည်း လုပ်ကိုင်ရ အခက်အခဲ ‌တွေရှိတယ်”ဟု ‌ပြောသည်။

အဆိုပါ ‌ကျေးရွာအုပ်စုများမှာ ကရင်ပြည်နယ်အတွင်း ‌ကျောက်မီး‌သွေးဓာတ်အား‌ပေးစက်ရုံစီမံကိန်းပြုလုပ်ရန် လျာထား သည့် ‌နေရာများထဲတွင် ပါဝင်‌နေပြီး မကြာ‌သေးမီရက်ပိုင်းက ဝတ်ကြီး‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ထုတ်ပြန်လိုက် သည့်စာ ထွက်‌ပေါ်လာခြင်းနှင့်ပတ်သက်၍ ‌ဒေသခံအချို့နှင့် သဘာဝပတ်ဝန်းကျင်အ‌ရေးလှုပ်ရှား‌နေသူများက ‌ဝေဖန်‌ပြောဆိုမှုများ လည်းရှိ‌နေသည်။

ယခုထွက်‌ပေါ်လာသည့် စာထုတ်ပြန်မှုမှာ ‌ကျောက်မီး‌သွေးကိစ္စနှင့်သက်ဆိုင်ခြင်းမရှိပဲ နိုင်ငံတကာ NGO၊ INGO များသာမက မည့်သည့်အဖွဲ့အစည်းမဆို မြို့နယ်အတွင်း လုပ်ငန်းတစ်ခုခုလုပ်‌ဆောင်မည်ဆိုပါက သက်ဆိုင်ရာ အုပ်ချုပ် ‌ရေးအဖွဲ့အစည်းများထံ အသိ‌ပေးလုပ်‌ဆောင်ရခြင်းမှာ လုပ်ထုံးလုပ်နည်းအတိုင်းသာဖြစ်‌ကြောင်း မြို့ နယ်အုပ်ချုပ်‌ရေးအဖွဲ့ များဘက်မှ ပြန်လည်‌ထောက်ပြ‌ပြောဆိုမှုများလည်းရှိသည်။

ဖားအံမြို့နယ် အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးမှူး ဦးမျိုးမင်းထွန်းက “ ဒီစာကိစ္စကလည်း ‌ကျောက်မီး‌သွေးနဲ့မဆိုင်ပါဘူး။ ‌ကျောက်မီး ‌သွေး ဆန့်ကျင်တာ၊ ‌ထောက်ခံတာ၊ သူတို့တစ်ဦးချင်းရဲ့ ဆန္ဒ၊ ဘာမှ မ‌ပြောလိုပါဘူး။ အများနဲ့ဆိုင်တာ လုပ်မည့်ကိစ္စက ‌တော့ ဘာပဲလုပ်လုပ် ရွာအုပ်ချုပ်‌ရေးမှူးမှာ တာဝန်ရှိပါတယ်။ သူ့ကို‌ပြောဆိုလုပ်ကိုင်ရမှာပါ။ အချို့‌သော အလုပ်‌တွေက ခွင့်ပြုချက်ယူရမှာပါ။ အချို့‌သောအလုပ်‌တွေက အဆင့်ဆင့်တင်ပြ ခွင့်ပြုချက်ယူရပါတယ်။ အစိုးရဌာန ‌တွေ‌တောင် ဘယ် ဌာနမဆို ရွာအုပ်ချုပ်‌ရေးမှူးမ‌ပြောပဲ မလုပ်ကြပါဘူး။ လာ‌ရောက်လုပ်ကိုင်တဲ့ အလုပ်ကိစ္စ‌ပေါ်မူတည်ပြီး အများပြည်သူ အတွက် အကျိုးအပြစ်ဖြစ်တာရှိတယ်။ ‌ဒေသအ‌ခြေအ‌နေရှိတယ်။ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက် ‌တွေရှိတယ်။ INGO, NGO ‌တွေ အ‌နေနဲ့ ဒါ‌တွေကို သိရှိပြီး ပူး‌ပေါင်းညှိနှိုင်း‌ဆောင်ရွက်ဖို့လိုပါတယ်” ဟု ‌ပြောဆိုသည်။

ထို့အပြင် ဖားအံမြို့နယ်အတွင်း လုပ်‌ဆောင်‌နေသည့် INGO များ MOU ထိုးထားသည့် NGO၊ INGO ၊ LNGO များစွာရှိ‌နေပြီး ‌တော်‌တော်များများမှာ အစိုးရအဖွဲ့၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်‌ရေးအဖွဲ့ထံ တင်ပြကာ ပူး‌ပေါင်းညှိနှိုင်း ‌ဆောင်ရွက်မှုများပြုလုပ်‌သော်လည်း အချို့မှာ သက်ဆိုင်ရာ အုပ်ချုပ်‌ရေးအာဏာပိုင်များထံ အသိ‌ပေးခြင်း မရှိပဲ ပြုလုပ်မှုများရှိ‌ကြောင်းလည်း ဖားအံမြို့နယ် အုပ်ချုပ်‌ရေးမှူးမှဖြည့်စွက်‌ပြောဆိုသည်။

၎င်းစာထုတ်ပြန်ချက်အ‌ပေါ် ကရင်မြစ်‌ချောင်း‌စောင့်ကြည့်‌ရေး တာဝန်ခံ ‌စောသာဘိုးက“ တကယ်‌တော့ ဒီမိုက‌ရေစီ အား‌ကောင်းတယ် ဆိုတာ အရပ်ဖက်‌တွေရဲ့ လွတ်လပ်စွာ လုပ်‌ဆောင်မှု၊ ‌ထောက်ပြ မှုပံ့ပိုးမှု‌တွေအများကြီးလိုပါတယ်။ ဒီလိုကန့်သတ်ခြင်းက ဒီမိုက‌ရေစီအားနည်းတာကို ပြတာပါ။ ဖြစ်သင့်တာက လက်ရှိ သယံဇာတဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုမှာ ပွင့်လင်းမြင်သာမှုက အ‌ရေးကြီးဆုံးပါ။ ‌ဒေသခံ‌တွေရဲ့ မူလအခွင့်အ‌ရေးကိုက သတင်းအချက်အလက် ရရှိရမှာဖြစ်ပါတယ်။ ခုက ကျ‌နော်တို့ အရပ်ဖက်က ပြည်သူ‌တွေသတင်း အချက်အလက် အခွင့်အ‌ရေး‌တွေသိ‌အောင် ပညာ‌ပေးတာပါ။ ဒါကို ခွင့်ပြုချက် ‌တောင်းရမယ်လို့ ဘယ်ဥပ‌ဒေမှာမှ မ‌ဖော်ပြပါဘူး။”ဟု ‌ပြောသည်။

ကရင်ပြည်နယ် ဖားအံမြို့နယ် အတွင်းရှိ ဝတ်ကြီး‌ကျေးရွာအုပ်စုတွင် ‌ရေ‌ပေါ်‌သောင်၊ ထုံး‌တောင်၊ သုံးအိမ်၊ ဝတ်ကြီး၊ ‌ကော့ဖျံစသည့် ‌ကျေးရွာများပါဝင်ပြီး ‌ကျောက်မီး‌သွေးဓာတ်အား‌ပေးစက်ရုံ စီမံကိန်းတည်‌ဆောက်‌ရေး နှင့်ပတ်သက်ပြီး ‌ဒေသခံအချို့တို့ ကန့်ကွက်မှုများရှိ‌နေဆဲပင်ဖြစ်သည်။