Home သတင်း ကရင်လူငယ် ၂ ဦးပါဝင်သည့် နယူးဇီလန်ပိုက်‌ကျော်ခြင်းအသင်း ထိုင်းဘုရင့်ဖလားပြိုင်ပွဲတွင် တတိယဆု ရရှိ

ကရင်လူငယ် ၂ ဦးပါဝင်သည့် နယူးဇီလန်ပိုက်‌ကျော်ခြင်းအသင်း ထိုင်းဘုရင့်ဖလားပြိုင်ပွဲတွင် တတိယဆု ရရှိ

2460

ဒီဇင်ဘာ ၂ဝ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ထိုင်းနိုင်ငံတွင်ကျင်းပသည့် ၃၂ ကြိမ်‌မြောက် ထိုင်းဘုရင့်ဖလား နိုင်ငံတကာပိုက်‌ကျော်ခြင်းပြိုင်ပွဲတွင် ကရင် လူငယ်များဖြင့်ဖွဲ့စည်းထားသည့် နယူးဇီလန်နိုင်ငံ လက်‌ရွေးစင် ပိုက်‌ကျော်ခြင်းအသင်းသည် နှစ်‌ယောက်တွဲ Division 1 ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့‌ကြောင်း နယူးဇီလန်အသင်းတာဝန်ရှိသူမှ ဒီဇင်ဘာ ၂ဝ ရက်တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

နယူးဇီလန်ပိုက်‌ကျော်ခြင်းအသင်းသည် အုပ်စု A တွင် အ‌မေရိကန်၊ သီရိလကင်္ာ၊ ဘဂင်္လား‌ဒေ့ရှ်အသင်းများကို ဖြတ်‌ကျော်အနိုင်ရရှိခဲ့‌သော်လည်း ဆီမီးဖိုင်နယ်တွင် အီရန်အသင်းအား ရှုံးခဲ့‌သော‌ကြောင့် တတိယ ရရှိခဲ့ခြင်း ဖြစ်သည်ဟု နယူးဇီလန် အသင်း‌ခေါင်း‌ဆောင် ‌စောအဲ့မျိုးဦးက ‌ပြောသည်။

၎င်းက “ အီရန်နဲ့ ဘားစပ်သရီး(best of three)မှ နှစ်ပွဲကစား အပြီး တဖက်တစ်ပွဲနိုင်လို့ အဆုံးအဖြတ်ပွဲကစားရတယ်။ ‌နောက်ဆုံး ပွဲမှာ အီရန် ၂၁ မှတ်၊ ကျ‌နော်တို့က ၁၉ မှတ်နဲ့ ၂ မှတ် ကပ်ရှုံးခဲ့လို့ တတိယပဲ ရလိုက်ပါတယ်။”ဟု ‌ပြောသည်။

နှစ်‌ယောက်တွဲပြိုင်ပွဲ၏ အငယ်တန်းဖြစ်သည့် Division 1 ပြိုင်ပွဲတွင် ပထမနှင့် ဒုတိယရရှိ‌သော နှစ်သင်းကသာ ‌နောင်နှစ်တွင် ပထမတန်း(အဆင့်မြင့်တန်း)ဖြစ်သည့် Premier Division ပြိုင်ပွဲ၌ ကစားခွင့်ရရှိ‌သော‌ကြောင့် ယခုနှစ် Division 1 ၏ ချန်ပီယံ အိန္ဒိယနှင့် ဒုတိယဆုရ အီရန်အသင်းတို့မှာ တန်းတက်ပြီဖြစ်‌ကြောင်း ‌စောအဲ့မျိုးဦးမှ ဆက်‌ပြောသည်။

Division 1 ပြိုင်ပွဲတွင် အသင်း‌ပေါင်း ၁၅ သင်း ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ပြီး Premier Division ပြိုင်ပွဲတွင် အသင်း ကြီးများဖြစ်သည့် ထိုင်း၊ မြန်မာ စသည့် ခြင်းလုံးအသင်းများယှဉ်ပြိုင်ခဲ့ခြင်းလည်းဖြစ်သည်။

နယူးဇီလန်နိုင်ငံ ခြင်းလုံးသမိုင်းတွင် ပထမဦးဆုံးအသင်းလည်းဖြစ်သည့် ‌စောအဲ့မျိုးဦးနှင့်‌စောချစ်မိုးတို့ ပါဝင်‌သော နယူးဇီလန်အသင်းသည် ဒီဇင်ဘာ ၁၇ ရက်‌နေ့တွင် ချီးမြှင့်‌သော ဆု‌ပေးပွဲ၌ ပူးတွဲတတိယဆုအဖြစ် ဩစ‌တေးလျအသင်းနှင့်အတူ ဆုတံဆိပ်၊ လက်မှတ်များအား လက်ခံရရှိခဲ့သည်။

ထိုင်းနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ ဦး‌ဆောင်ကျင်းပသည့် ယခုပြိုင်ပွဲအား ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ ရက်‌နေ့အထိ ဘန်‌ကောက်မြို့၊ Fashion Island Shopping Center၌ ပြုလုပ်ခဲ့ပြီး အမျိုးသား၊ အမျိုးသမီး(အသင်းလိုက်၊ Regu၊ နှစ်‌ယောက်တွဲ၊ Hoop) ပြိုင်ပွဲများ အစုံအလင် ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်သည်။

လာမည့်နှစ်တွင်လည်း ထိုင်းဘုရင့်ဖလားသို့ လာ‌ရောက်ယဉ်ပြိုင်မည်ဖြစ်ပြီး ပိုမို လူများသည့်၊ အင်အား ‌တောင့်တင်းသည့် Reguအသင်းဖြစ်ရန် နှင့် Premier Division တွင် ကစားခွင့်ရရှိရန် ဆက်လက် ကြိုးစား သွားမည်ဖြစ်‌ကြောင်းလည်း ‌စောအဲ့မျိုးဦးက ‌ပြောသည်။

‌စောအဲ့မျိုးဦးနှင့် ‌စောချစ်မိုးတို့သည် ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန်ကရင်ဒုက္ခသည်စခန်းမှတဆင့် ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR ၏အစီအစဉ်ဖြင့် နယူးဇီလန်နိုင်ငံသို့ ၂၀၁၆ ခုနှစ် အ‌စောပိုင်းတွင် ‌ပြောင်း‌ရွှေ့‌နေထိုင်သူများဖြစ်သည်။