Home သတင်း ‌မြေယာကိစ္စကို ကန့်ကွက်ခြင်းထက် ညှိနှိုင်းအ‌ဖြေရှာမှုမျိုး လုပ်‌ဆောင်သင့်ဟု အစိုးရအား KNU ‌မြေယာဌာနအကြံပြု

‌မြေယာကိစ္စကို ကန့်ကွက်ခြင်းထက် ညှိနှိုင်းအ‌ဖြေရှာမှုမျိုး လုပ်‌ဆောင်သင့်ဟု အစိုးရအား KNU ‌မြေယာဌာနအကြံပြု

3042
‌ကေအဲန်ယူ ဗဟို‌မြေယာ‌ကော်မတီဝင် ပဒိုမန်းမန်းမန်း (Photo_KIC)

နိုဝင်ဘာ ၁၄ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

‌ကော်သူး‌လေ‌မြေယာနှီး‌နှောဖလှယ်ပွဲမှ ‌ကြေညာချက်အား ကရင်ပြည်နယ်အစိုးရမှ နိုဝင်ဘာ ၁ဝ ရက် ‌နေ့စွဲဖြင့် ကန့် ကွက်စာ ထုတ်ပြန်သည့်အ‌ပေါ်တွင် KNU-ကရင်အမျိုးသားအစည်းအရုံး ဗဟို ‌မြေယာဌာန ‌ကော်မတီဝင် ပဒိုမန်းမန်းမန်းက ကန့်ကွက်ခြင်းထက် ‌ဆွေး‌နွေးအ‌ဖြေရှာမှုမျိုး လုပ်‌ဆောင်သင့်သည်ဟု အကြံပြု‌ပြောသည်။

‌ကော်သူး‌လေ‌မြေယာနှီး‌နှောဖလှယ်ပွဲအပြီး နိုဝင်ဘာ ၄ ရက်‌နေ့ ‌ကြေညာချက်ထဲတွင် မြန်မာအစိုးရ၏ ‌မြေလွတ်၊ ‌မြေလပ်နှင့် ‌မြေရိုင်းများစီမံခန့်ခွဲ‌ရေးဥပ‌ဒေအား ဖျက်သိမ်းရမည် ဟူ‌သောအချက်များအ‌ပေါ် အ‌ခြေခံ၍ ကရင်ပြည်နယ် အစိုးရမှ လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်း‌နောင် လက်မှတ်‌ရေးထိုးကာ KNU ဗဟိုနှင့် တပ်မဟာများ ဆက်ဆံ‌ရေးရုံးဆီသို့ ကန့်ကွက်စာ ‌ပေးပို့ခဲ့ခြင်းဖြစ်သည်။

KNU ၏ဗဟို ‌မြေယာဌာန ‌ကော်မတီဝင် ပဒိုမန်းမန်းမန်းက “တုံ့ပြန်ကန့်ကွက်တာထက် စာရင်လူထုကို ဦး‌ဆောင် ကွပ်ကဲ တဲ့ နိုင်ငံ‌တော်အစိုးရတစ်ရပ်အ‌နေနဲ့က ပြည်သူ‌တွေ ဘယ်အ‌ခြေခံ‌အောက်မှာ ‌တောင်းဆိုတာလဲဆိုတာ ပြန်သုံးသပ်ဖို့လို တယ်။ ဒါကို အစိုးရက ထည့်သွင်းစဉ်းစား‌ပေးပြီး လိုအပ်ရင်‌တောင်းဆိုတဲ့ အဖွဲ့နဲ့ ‌တွေ့ဆုံညှိနှိုင်းဖို့လိုတယ်။” ဟု နိုဝင်ဘာ ၁၃ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်သူအတွက် အကျိုးမဖြစ်ထွန်း‌သော ‌မြေလွတ်၊ ‌မြေလပ်၊ ‌မြေရိုင်း ဥပ‌ဒေအား ဖျက်သိမ်းရမည်ဆိုသည်မှာ ပြည်သူလူ ထုမှ ၎င်းတို့အစိုးရကို ‌တောင်းဆိုပိုင်ခွင့်ရှိ‌ကြောင်းနှင့် အစိုးရ ဘက်မှ မကြိုက်၍ ကန့်ကွက်‌သော်လည်း ညှိနှိုင်းမှု လုပ်ရမည်ဖြစ်‌ကြောင်း ပဒိုမန်းမန်းမန်းက ဆက်‌ပြောသည်။

ယခုလိုကန့်ကွက်စာပို့ခြင်းသည် ‌မြေယာမူဝါဒနှင့်ပတ်သက်၍ ပြည်နယ်အစိုးရနှင့် KNU ကြားတွင် ‌တွေ့ဆုံ ‌ဆွေး‌နွေးရန် အတွက် လမ်းစတစ်စ ပွင့်သွားသည်ဟု မြင်မိ‌ကြောင်းနှင့် ထိုမှ တစ်ဆင့် KNU ၏ ‌မြေယာ မူဝါဒ၊ အုပ်ချုပ်‌ရေး ဆိုင်ရာ ယန္တရားမှအစ အစိုးရ၊ ပြည်နယ်တွင်ရှိ‌သော ‌မြေယာမူဝါဒနှင့်ပတ်သက်ပြီး မည်သို့ ‌တွေ့ဆုံ ညှိနှိုင်းမည်ကို သိရှိ၊ စဉ်းစားလာသည်ဟု ယူဆ‌ကြောင်း KNU ဗဟို ‌မြေယာဌာန တာဝန်ရှိသူမှ ဆိုသည်။

ကန့်ကွက်စာ

ထို့အပြင် ပြည်နယ်အစိုးရ၏ ကန့်ကွက်စာအရ KNU အဖွဲ့အ‌နေဖြင့် ငြိမ်းချမ်း‌ရေး‌ဆောင်ရွက်‌နေစဉ်အတွင်း NCA (တစ် နိုင်ငံလုံးအပစ်ရပ်) စာချုပ် အခန်း(၃)၊ စာပိုဒ်(၅)၊ စာပိုဒ်ခွဲ(စ)ပါ “အဖွဲ့အစည်းများအကြား ရန်လို‌သော ဝါဒ ဖြန့်ချိမှုများ၊ မမှန်မကန်‌သော(သို့)ဂုဏ်သိက္ခာ ညှိုးနွမ်း‌စေ‌သော ‌ပြောဆိုမှုများ၊ အသ‌ရေဖျက်သည့် ထုတ်ပြန် မှုများကို မပြုလုပ်ဘဲ ‌ရှောင်ကြဉ်ရန်” ဟူ‌သော သ‌ဘောတူညီချက်အား ‌ဖောက်ဖျက်ရာ‌ရောက်ခြင်း‌ကြောင့် ပြည်နယ်အစိုးရမှကန့်ကွက်‌ကြောင်း ဟု ပါရှိသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍လည်း ပဒိုမန်းမန်းမန်းက “NCAနဲ့ ပတ်သက်ပြီး သ‌ဘောတူညီချက်‌တွေက ပြည့်စုံလုံ‌လောက်မှု မရှိဘူး။ အဲဒီ ဟာ‌နေတဲ့ အချက်အ‌ပေါ်မှာ အ‌ကြောင်းပြအ‌ခြေခံပြီး‌တော့ ‌ထောက်ပြ ကန့်ကွက်တာ‌တွေ ဖြစ်လာနိုင်တယ်။ အစိုးရဘက်ချည်းပဲမဟုတ်ဘူး၊ ‌ကေအဲန်ယူဘက်ကလည်း ‌ပြောမယ်၊ ‌ထောက်ပြ၊ ကန့်ကွက်မယ်ဆိုရင် ကန့်ကွက်စရာ အများကြိီးရှိတယ်။ ဒါ‌ပေမယ့် KNU ဘက်မှာ‌တော့ ကန့်ကွက် တာထက်စာရင် တစ်ခုနဲ့တစ်ခုဖြစ်‌နေတဲ့ Policy (မှုဝါဒ) ပိုင်းဆိုင်ရာ Clash(ပွတ်တိုက်မှု)ဖြစ်တဲ့ ကိစ္စမှာ ဘယ်လို ညှိနှိုင်း‌ဆောင်ရွက်မလဲဆိုတာပဲ အဓိက ကြိုးစား‌ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။” ဟု ‌ပြောလိုက်သည်။

၎င်းကန့်ကွက်စာကို လက်မှတ်‌ရေးထိုးထားသူ လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်း‌နောင်အား ‌ကေအိုင်စီ-ကရင်သတင်းဌာနမှ ဆက်သွယ်‌မေးမြန်းရာတွင် ပြန်လည်‌ဖြေကြားရန် အချိန်မ‌ပေးနိုင်ခဲ့‌ပေ။

ဖားအံခရိုင်၊ ‌လော်ခီးလာ(‌လေးဝါးစခန်း)၌ နိုဝင်ဘာ ၂ ရက်မှ ၄ ရက်‌နေ့အထိ ကျင်းပသည့် ‌ကော်သူး‌လေ ‌မြေယာနှီး‌နှော ဖလှယ်ပွဲတွင် KNU အပါအဝင် ‌ဒေသခံပြည်သူလူထုနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း‌ပေါင်း ၅၃ဖွဲ့မှ ကိုယ်စားလှယ် ၃၇၃ ဦး တက်‌ရောက်‌ဆွေး‌နွေးခဲ့ပြီး နိုဝင်ဘာလ ၄ ‌နေ့တွင် ‌ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။