Home သတင်း အပစ်ရပ်အဖွဲ့များ ပူး‌ပေါင်းလုပ်‌ဆောင်မှု‌ကြောင့် မူးယစ်‌ဆေးပြားဖမ်းမိမှု ယခင်ထက် နှစ်ဆ‌ကျော်တိုးလာ

အပစ်ရပ်အဖွဲ့များ ပူး‌ပေါင်းလုပ်‌ဆောင်မှု‌ကြောင့် မူးယစ်‌ဆေးပြားဖမ်းမိမှု ယခင်ထက် နှစ်ဆ‌ကျော်တိုးလာ

2697
Photo_KIC

နိုဝင်ဘာ ၁၄ရက် ၊ ၂ဝ၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်း‌ရေးရယူထားသည့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူး‌ပေါင်း လုပ်‌ဆောင်မှုများ‌ကြောင့် မူးယစ်‌ဆေးပြားဖမ်းမိမှု ယခင်နှစ်ထက် နှစ်ဆ‌ကျော်တိုးလာသည်ဟု ပြည်နယ်ရဲမှူးကြီး ကြည်လင်းက ‌ကေအိုင်စီသို့ နိုဝင်ဘာ ၁၄ ရက်‌နေ့တွင် ‌ပြောသည်။

ယခင် ၂၀၁၆ ခုနှစ်အတွင်း ကရင်ပြည်နယ်အတွင်း မူးယစ်‌ဆေးပြား (‌ဒေသအ‌ခေါ် မြင်း‌ဆေး) အလုံး‌ရေ ‌ခြောက်သိန်း‌ကျော် ဖမ်းမိခဲ့ပြီး ယခု ၂၀၁၇ ခုနှစ် နိုင်ဝင်ဘာလလယ်ပိုင်းထိ မူးယစ်‌ဆေးပြား အလုံး‌ရေ သိန်း ၂ဝ ‌ကျော် ဖမ်းမိထားပြီး ဖြစ်သည်ဟု ၎င်းက ယခုလို‌ပြောသည်။

“ဖမ်းဆီးရမိတဲ့ မူးယစ်‌ဆေးပြား အလုံး‌ရေ သိန်း ၂ဝ ‌ကျော်သွားပြီး။ ဆက်စပ်ဖမ်းမိတဲ့ လက်နက် အလက် ၄ဝ ‌ကျော်ရှိတယ်။ မူးယစ်‌ဆေးဝါးမှု ၅၅ဝ ‌ကျော်၊ လူဦး‌ရေ ၈ဝဝ အထက် ဖမ်းဆီးအ‌ရေးယူထားတယ်။ ၂ ပြား ၅ ပြား ၁ဝ ပြား ဖမ်းမိတာကျ‌တော့ သူ့ဘဝကို အ‌တော်‌လေး ဒုက္ခ‌ပေးသလို ဖြစ်‌နေတာ‌ပေါ့‌နော်။ ‌ရောင်းတဲ့သူ‌တွေကို များများ ဖမ်းမိ‌အောင် ကြိုးစားပြီး‌တော့လုပ်လာတဲ့အတွက် ‌ရောင်းသူ‌တွေကို ပိုပြီးဖမ်းဆီးနိုင်ပြီး‌တော့ ‌ဆေးပြား ဖမ်းမိတဲ့ ပမာဏများလာတယ်” ဟု ပြည်နယ်ရဲမှူးကြီး ကြည်လင်းက ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း‌ဝေလံသည့် ‌ဒေသများ၌ တရားမဝင်လက်နက်ကိုင်‌ဆောင်ထားသည့် အဖွဲ့အချို့ရှိ‌နေပြီး ပြည်သူများအ‌နေဖြင့်မူးယစ်‌ဆေးဝါးများ ‌ရောင်းဝယ်မှုကို အ‌ကြောက်တရားကင်းစွာ သတင်း‌ပေးနိုင်ရန် စိန်‌ခေါ် မှုများရှိ‌နေ‌သေးသလို ငြိမ်းချမ်း‌ရေးရယူထားသည့် အဖွဲ့များ ပူး‌ပေါင်း‌ဆောင်ရွက်မှု‌ကြောင့် ယခုလို ‌ဆေးပြားဖမ်း မိမှုတိုးလာခြင်းဖြစ်သည်ဟု ရဲမှူးကြီးက ဖြည့်စွက်‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်‌နေ ‌စောသာဖိုးက “ မူးယစ်‌ဆေး‌ရောင်းဝယ်သုံးစွဲမှုက အရင်အတိုင်းရှိတုန်းပါဘဲ။ ပညာ‌ပေး တဲ့အပိုင်း၊ ထိန်းသိမ်းအ‌ရေးယူတဲ့အပိုင်း‌တွေ‌တော့ ရှိလာတယ်။ လူငယ် ၁ဝ ‌ယောက်မှာ ၈ ‌ယောက် ‌လောက်က မူးယစ်‌ဆေးနဲ့ မကင်းကြ‌သေးဘူး။ ပညာ‌ပေးလှုပ်ရှား‌နေတဲ့အပိုင်းမှာ အချို့အာဏာရှိသူ‌တွေနဲ့ ဆက်စပ်မှုရှိတဲ့အ‌ပေါ် ‌နောက်ကွယ်မှာ အန္တရာယ်ရှိ‌နေတုန်းပါဘဲ။ အမျိုးသား‌ရေးအသိနဲ့ အားလုံးပူး‌ပေါင်း ‌ဆောင်ရွက်နိုင်မှသာ ‌ရောင်းဝယ်သုံးစွဲမှု ‌လျော့နည်းလာနိုင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း မူးယစ်‌ဆေးသုံးစွဲသူ အများစုမှာ အသက် ၂ဝ မှ ၅ဝ နှစ်အတွင်းဖြစ်ပြီး မြို့နယ် အလိုက် မူးယစ်‌ဆေး အသိပညာ‌ပေးလုပ်ငန်းများကို တိုးမြှင့်လုပ်‌ဆောင်သွားမည်ဟု ပြည်နယ်ရဲတပ်ဖွဲ့က ‌ပြောသည်။

ပြည်နယ်အတွင်း ယခင်နှစ် ၂ဝ၁၆ ခုနှစ်အတွင်း မူးယစ်‌ဆေးဝါမှု ၅၅၁ မှု၊ ‌ဆေးပြားအလုံး‌ရေ ၆ သိန်း‌ကျော်နှင့် လက်နက် ၁၃၄ လက် ဆက်စပ်ဖမ်းဆီးရမိခဲ့ပြီး ယခုနှစ် ဖားအံအကျဉ်း‌ထောင်တွင် အချုပ်သားနှင့် ‌ထောင်ကျ သူဦး‌ရေ ၁,၇ဝဝ နီးပါးရှိသည့်အနက် မူးယစ်‌ဆေးဝါးမှု ၅ဝ ရာခိုင်နှုန်း‌ကျော် ရှိသည်ဟု တာဝန်ရှိသူထံမှ သိရ သည်။