Home သတင်း အကြမ်းဖက်တိုက်ခိုက်ခံရသည့် ရခိုင်ပြည်နယ်သို့ UNA သွား‌ရောက်‌လေ့လာခဲ့

အကြမ်းဖက်တိုက်ခိုက်ခံရသည့် ရခိုင်ပြည်နယ်သို့ UNA သွား‌ရောက်‌လေ့လာခဲ့

1953

‌အောက်တိုဘာ ၁၆ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

ပြည်တွင်း တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ မဟာ မိတ်အဖွဲ့ (UNA)မှ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ ‌မြောက်ပိုင်း‌ဒေသသို့ ‌အောက်တို ဘာ ၁၂ ရက်မှ ၁၅ ရက်ထိ ‌လေးရက် ကြာ သွား‌ရောက်‌လေ့လာခဲ့သည်ဟု အဖွဲ့တာဝန်ရှိသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ခရီးစဉ်ကို ရခိုင်ပြည်နယ်အတွင်းရှိ UNA အဖွဲ့ဝင် တိုင်းရင်းသား ပါတီ ၄ ပါတီကို သွား‌ရောက်အား‌ပေး ကူညီနိုင်‌ရေး၊ အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် ‌ဒေသအ‌ခြေအ‌နေများကို သိရှိရန်ရည်ရွယ်သွား‌ရောက်ခဲ့ခြင်းဖြစ် သည်ဟု ခရီးစဉ်တွင် ပါဝင်ခဲ့သူ UNA အဖွဲ့ဝင် ကရင်အမျိုးသားပါတီ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းက ‌ကေအိုင်စီသို့ ‌အောက်တိုဘာ ၁၆ ရက်တွင် ‌ပြောသည်။

၎င်းက “ ၁၃ ရက်‌နေ့မှာ ပြည်နယ်လူမှု‌ရေးဝန်ကြီးနဲ့ အတူ ‌မောင်‌တောကိုသွားခဲ့တယ်။ အကြမ်းဖက်တိုက်ခိုက် ခံရတဲ့ ရဲစခန်း‌တွေ၊ မီး‌လောင်ခံထားရတဲ့ ဘဂင်္ါလီရွာ‌တွေ ‌တွေ့ခဲ့တယ်။ ဘဂင်္ါလီရွာ‌တွေမှာ စပါး‌တွေက ဒီအတိုင်း ပဲ ရိပ်မဲ့သူမရှိဘူး။ နွား‌တွေကလည်း ဒီအတိုင်း‌လျှောက်သွား‌နေတယ်။ ထိန်း‌ကျောင်းမဲ့သူမရှိဘူး။ ‌နောက်ပြီး အသတ်ခံရတဲ့ မြိုတိုင်းရင်းသားမိသားစုဝင်‌တွေနဲ့လည်း ‌တွေ့ခဲ့တယ်” ဟု မန်း‌ကျော်ငြိမ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ခရီးစဉ်တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦး‌ဆောင်သည့် အစိုးရအဖွဲ့ဝင်များနှင့် ‌အောက်တိုဘာ ၁၂ ရက် ‌နေ့တွင် ‌တွေ့ဆုံခဲ့သလို၊ စစ်‌တွေမြို့တွင် ဖက်ဒရယ်ဆိုင်ရာ ‌ဟော‌ပြောပွဲတစ်ခုကိုလည်း ပြုလုပ်ခဲ့ပြီး ပြည်နယ် အစိုးရ စီစဉ်‌ပေး မှု‌ကြောင့် အကြမ်းဖက်မှုဖြစ်ပွားသည့် ‌ဒေသသို့ သွား‌ရောက် ‌လေ့လာနိုင်ခဲ့သည်ဟု UNA တာဝန် ရှိသူများက ‌ပြောသည်။

“ခရီးစဉ်နဲ့ ပတ်သက်ပြီး ကျ‌နော်တို့ UNA ရဲ့သ‌ဘောထားကို ‌ပြောရမယ်ဆိုရင် ဘယ်အကြမ်းဖက်မှုမျိုးမဆို ဆန့်ကျင်တယ်။ ဒုက္ခခံစား‌နေ ရတဲ့လူ‌တွေအကုန်လုံးကို ကျ‌နော်တို့က ကိုယ်ချင်းစာတယ်။ တတိယ အချက် က‌တော့ တရားဥပ‌ဒေ စိုးမိုး‌ရေးနဲ့ အုပ်ချုပ်အာဏာကို အဲ့‌ဒေသမှာ ‌သေ‌သေချာချာ စိုးမိုးလုပ်‌ဆောင်သင့်တယ်။ ‌နောက်‌ဒေသအတွက် ဖွံ့ဖြိုး‌ရေးလုပ်ငန်းစဉ်‌တွေကို ချမှတ်အ‌ကောင်အထည်‌ဖော်‌ပေးဖို့ လိုတယ်။ ဥပမာ လမ်းပန်းဆက်သွယ်‌ရေးလိုမျိုး‌ပေါ့ ” ဟု မန်း‌ကျော်ငြိမ်းက ‌ပြောသည်။

စည်းလုံးညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကို ကချင်၊ ကယန်း၊ ကရင်၊ ရှမ်း၊ မွန်၊ ရခိုင်၊ ချင်း အစရှိသည့် တိုင်းရင်းသား ပါတီ ၁၅ ပါတီ အဖွဲ့ဝင်အဖြစ် ပါဝင်‌ကြောင်း UNA တာဝန်ရှိသူများထံမှ သိရ သည်။