Home သတင်း ‌ကောလဟလ သတင်းများ‌ကြောင့် မြဝတီမြို့၊ လုံခြုံ‌ရေးတိုးမြှင့်ချထား‌နေ

‌ကောလဟလ သတင်းများ‌ကြောင့် မြဝတီမြို့၊ လုံခြုံ‌ရေးတိုးမြှင့်ချထား‌နေ

2611

စက်တင်ဘာ ၁၁ရက်၊ ၂၀၁၇ခုနှစ်။ ‌စောရှား

Social Media (Facebook) များတွင် ထွက်‌ပေါ်‌နေ‌သော ပြည်သူများအ‌ပေါ် အကြမ်းဖက် တိုက်ခိုက်မည်ဆိုသည့် ‌ကောလ ဟလ သတင်းများ‌ကြောင့် ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့တွင် စက်တင်ဘာလ ၉ရက်‌နေ့မှ စတင်ကာ ယ‌နေ့ အထိ လုံခြုံ‌ရေးများ တိုးမြှင့်ချထားလျှက်ရှိပြီး လုံခြုံ‌ရေးကင်း လှည့်လည်မှုများ လုပ်‌ဆောင်လျက်ရှိသည်ဟု သိရသည်။

အဆုိုပါ လုံခြုံ‌ရေးတိုးမြှင့်ချထားမှုနှင့် ကင်းလှည့်လည်မှုနှင့်ပတ်သက်၍ ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ်(BGF) ဗဟို အကြံ ‌ပေးနှင့် ကွပ်ကဲ‌ရေးအဖွဲ့ အတွင်း‌ရေးမှူး၏ ကိုယ်‌ရေးအရာရှိ ဗိုလ်မှူးနိုင်‌မောင်‌ဇော်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

၎င်းက “ဝါဒဖြန့်မှု‌တွေ၊ မှိုင်းတိုက်မှု‌တွေက‌နေတဆင့် လူထု‌တွေရဲ့ စိုးရိမ်‌ကြောင့်ကြမှု‌လေး‌တွေ များလာပြီး မလိုလားအပ်တဲ့ ပြဿနာ‌တွေ မဖြစ်‌အောင် လုံခြုံ‌ရေး‌စောင့်‌ပေး‌နေတာပါ။ ထင်သာမြင်သာတဲ့ လုံခြုံ‌ရေး‌ဆောင်ရွက်မှု‌တွေ‌ကြောင့် လူထုလည်း စိတ်ချမ်းသာတာ‌ပေါ့။”ဟု စက်တင်ဘာလ ၁၁ရက်(ယ‌နေ့) တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

မလိုလားအပ်‌သော ပြဿနာများ ဆက်လက် မဖြစ်‌ပေါ်‌စေရန်အတွက် ဝါဒဖြန့်မှုများ မပြုလုပ်ကြရန်၊ ဝါဒဖြန့်မှုများတွင် နားမ ‌ယောင်ရန်၊ လိုအပ်သည်များကို အချိန်မီ ဆက်သွယ် အကူအညီ‌တောင်းကြရန် နှင့် မသကင်္ာစရာများ ‌တွေ့ရှိပါက သက်ဆိုင်ရာ သို့ အ‌ကြောင်းကြားခြင်းဖြင့် ပူး‌ပေါင်း‌ဆောင်ရွက်နိုင်‌ကြောင်းလည်း သူက ဆက်‌ပြောသည်။

မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး‌အောင်နိုင်ထွန်း၊ မြဝတီ‌ရှေ့တန်းမှူး ဗိုလ်မှူးသန်းထွန်း‌အောင်၊ နယ်ခြား‌စောင့်တပ်နယ် ၃မှ ဗိုလ်မှူး နိုင်‌မောင်‌ဇော်နှင့် ဗိုလ်မှူးခင်‌မောင်ဝင်းတို့၏ ဦး‌ဆောင်မှုဖြင့် တပ်မ‌တော်၊ နယ်ခြား‌စောင့်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ ဘာသာ‌ရေး‌ခေါင်း ‌ဆောင်၊ ပြည်သူနှင့် သက်ဆိုင်ရာ အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ ၁၀ဝဦးခန့် ပူး‌ပေါင်းကာ မြို့တွင်း၊ မြို့ပြင်များတွင် ကားများ၊ ဆိုင် ကယ်များဖြင့် လှည့်လည်ကာ လုံခြုံ‌ရေး‌ဆောင်ရွက်‌နေခြင်းဖြစ်သည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အမည်မ‌ဖော်လိုသူ မြဝတီမြို့ခံတစ်ဦးက “Online Media (အွန်လိုင်း မီဒီယာ) ‌တွေမှာ ထွက်‌ပေါ်‌နေ တဲ့ သတင်း‌တွေ‌ကြောင့် လုံခြုံ‌ရေးကို တိုးမြှင့်‌ဆောင်ရွက်‌နေ‌တော့ အခု ပြည်သူ‌တွေက သိပ်ပြီး စိုးရိမ်တာ မ‌တွေ့ရ‌ပေမယ့် သတိ၊ ဝီရိယ‌တော့ ရှိကြတာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၅ရက်‌နေ့တွင် ရခိုင်ပြည်နယ်ရှိ အစိုးရရဲစခန်းများ၊ ဌာနများအား အကြမ်းဖက် တိုက်ခိုက်မှုခံရအပြီး နိုင်ငံ အနှံ့အပြားရှိ ပြည်သူများ၏ စိုးရိမ်‌ကြောင့်ကြမှု မြှင့်တက်လာချိန်တွင် ယခုကဲ့သို့ Social Media များ၌ စက်တင်ဘာလ ၁၁ရက် ‌နေ့တွင် အကြမ်းဖက်အဖွဲ့အစည်းများမှ တိုက်ခိုက်မှုများ ပြုလုပ်ကြမည်ဆိုသည့် သတင်းများ ထွက်‌ပေါ်ခဲ့ခြင်း‌ကြောင့် နယ်စပ်ဖြစ် သည့် မြဝတီမြို့တွင်လည်း ယခုလို လုံခြုံ‌ရေးတိုးမြှင့် ‌ဆောင်ရွက်လာခြင်းဖြစ်သည်။

စက်တင်ဘာလ ၇ရက်ညပိုင်းကလည်း မြဝတီမြို့တွင် လုံခြုံ‌ရေးတိုးမြှင့်‌ဆောင်ရွက်‌နေစဉ် မ‌လေးရှားနိုင်ငံမှ ပြန်လာပြီး ‌သောင် ရင်းမြစ်ကို တရားမဝင် ခိုးကူးလာသူ သုံးဦးနှင့် လက်ခံထားသူ အိမ်ရှင်တစ်ဦးတို့အား လဝက ဥပ‌ဒေ ၁၃ (၅)ဖြင့် အ‌ရေးယူ ‌ဆောင်ရွက်ကာ စက်တင်ဘာလ ၈ရက်‌နေ့တွင် မြို့နယ်တရားရုံးသို့ တရားစွဲတင်ခဲ့‌သေး‌ကြောင်း တာဝန်ရှိသူများ၏ ‌ပြောပြချက် အရ သိရသည်။