Home သတင်း သန်း‌ခေါင် စာရင်းဆိုင်ရာအချက်အလက်များကို ဖားအံမြို့နယ်တွင် မြို့နယ်အဆင့်အ‌နေဖြင့် ချပြ‌ဆွေး‌နွေး

သန်း‌ခေါင် စာရင်းဆိုင်ရာအချက်အလက်များကို ဖားအံမြို့နယ်တွင် မြို့နယ်အဆင့်အ‌နေဖြင့် ချပြ‌ဆွေး‌နွေး

2344

စက်တင်ဘာ ၂ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

‌ရွေး‌ကောက်ပွဲမတိုင်ခင် ၂၀၁၄ ခုနှစ် ကရင်ပြည်နယ် ဖားအံမြို့တွင်‌ကောက်ယူထားသည့် သန်း‌ခေါင်စာရင်း ဆိုင်ရာ အချက်အလက်များကို ကရင်ပြည်နယ် ဖားအံမြို့၊ ကန်သာဦးခန်းမတွင် ဖားအံမြို့နယ်အဆင့်အတွက် ဩဂုတ်လ ၃၁ ရက်‌နေ့မှ စက်တင်ဘာ ၁ ရက်‌နေ့အထိ ၂ ရက်တာ ချပြ‌ဆွေး‌နွေးခဲ့သည်။

ကရင်ပြည်နယ်အတွင်းရှိ ဖားအံမြို့နယ်တွင် ‌ကောက်ယူထားသည့် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦး‌ရေနှင့် အိမ် အ‌ကြောင်းအရာ သန်း‌ခေါင်စာရင်းအချက်များထဲမှ ပြည်သူများ‌ဖြေဆိုထားသည့် ဝန်ကြီးဌာန ‌မေးခွန်း ၄၁ ချက်ကို ယခုမြို့နယ်အဆင့်အ‌နေဖြင့် ပထမဆုံးအကြိမ် ချပြ‌ဆွေး‌နွေးခြင်းဖြစ်သည်ဟု သိရသည်။

သန်း‌ခေါင်စာရင်းဆိုင်ရာ အချက်အလက်များကို နှစ်‌ပေါင်း ၃ဝ ‌ကျော်ကြာမှ တစ်‌ခေါက်ပြန်လည်‌ကောက်ယူခြင်း ဖြစ်ပြီး ပြည်သူများသိထားသင့်သည့် အ‌ဖြေရလဒ်များဖြစ်သည့်အတွက် ပြန်လည်ချပြ‌ဆွေး‌နွေးခြင်းဖြစ်သည်ဟု လူဝင်မှုကြီး ကြပ်‌ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရင်‌ထွေးက ယခုလို ‌ပြောသည်။

“ဒီပွဲမှာ တက်‌ရောက်တဲ့ကိုယ်စားလှယ်‌တွေက မိမိတို့ရဲ့ သက်ဆိုင်ရာမြို့ ၊ ‌ကျေးရွာအုပ်စု‌တွေထဲမှာ လူဦး‌ရေ ဘယ် ‌လောက်ရှိလဲ၊ ဘာ‌တွေအများဆုံးလုပ်လဲ၊ ပညာတတ်ဘယ်‌လောက်ရှိလဲ အဲဒါ‌တွေသိရမယ်၊ သိလည်း သိသင့်တယ်။ အဲဒီအတွက် ‌ကောက်နိုင်တဲ့အချက်‌တွေကို ရှင်းပြတယ်။ ပြီး‌တော့ လူထု‌တွေရဲ့သ‌ဘော ထား‌တွေ ပြန်‌ဆွေး‌နွေးခြင်းဖြစ်တယ်” ဟု ပြည်နယ် လဝကဦးစီးမှူး ဦးရင်‌ထွေးက ‌ကေအိုင်စီသို့‌ပြောသည်။

နှစ်ရက်တာပြုလုပ်ခဲ့သည့် သန်း‌ခေါင်စာရင်းဆိုင်ရာ အချက်အလက်များ ချပြရှင်းလင်းပွဲတွင် ဖားအံမြို့နယ် ဌာန ဆိုင်ရာ ကိုယ်စားလှယ် အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့်အတူ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး နှင့်လူထု တစ်ရာခန့်တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

၂၀၁၄ ခုနှစ် ‌ကောက်ယူသည့်သန်း‌ခေါင်စာရင်းအရ ဖားအံမြို့နယ်တွင် လူဦး‌ရေ ၄၂၁,၅၇၅ ဦး ရှိပြီး အဆိုပါ အထဲရှိ အသက် ၁၅ နှစ်မှ ၆၄ အထိ အလုပ်လုပ်နိုင်သည့် လူဦး‌ရေသည် ပြည်‌ထောင်စုနှင့် နှှိုင်းယှဉ်လျှင် သိသာစွာ ‌လျော့နည်း သည်ဟု ဖားအံမြို့နယ် အစီရင်ခံစာအရ သိရသည်။

ထို့အပြင် ကရင်ပြည်နယ်အတွင်း အချို့‌သော ‌နေရာ‌ဒေသများတွင် သန်း‌ခေါင်စာရင်း မ‌ကောက်ယူနိုင်သည့် အ‌ခြေအ ‌နေများရှိခဲ့သည့်အတွက် ယခုထွက်‌ပေါ်လာသည့် သန်း‌ခေါင်စာရင်း ဆိုင်ရာအချက်အလက်များ နှင့်ပတ်သက်၍ ‌ဆွေး‌နွေးပွဲတက်‌ရောက်လာသည့် ဖားအံမြို့ခံတစ်ဦးဖြစ်သူ နန်းမြင့်တင်က ယခုလို‌ပြောသည်

၎င်းက“ပညာ‌ရေး၊ ကျန်းမာ‌ရေး ‌တွေကျ‌တော့ ကိုက်ညီမှု‌တော့ရှိပါတယ် ။ ဒါ‌ပေမယ့် လူဦး‌ရေစာရင်းကျ‌တော့ သူတို့ မ‌ကောက်နိုင်တာရှိတယ် ။ ကျမတို့ ကရင်ပြည်နယ်လူဦး‌ရေစာရင်းက အမှန်တိုင်းမရလိုက်ရဘူး ပြီး‌တော့ အလုပ်လက်မဲ့ စာရင်း၊ ကျမတို့က သိပ်မလက်ခံချင်ဘူး ။ တချို့‌တွေက ဝင်‌ငွေရတယ်။ နိုင်ငံခြားမှာ အလုပ်သွားလုပ်‌တော့ သူတို့မိဘ ‌တွေမ‌ပြောရဲဘူး ။ အလုပ်မရှိဘူးလို့ဘဲ‌ဖြေလိုက်တာရှိတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုပြုလုပ်သည့် သန်း‌ခေါင်းစာရင်းဆိုင်ရာ အချက်အလက်များချပြရှင်းလင်းမှုကို နယ်‌မြေအ‌ခြေအ‌နေအရ ဖာပွန်မြို့နယ်မှလွဲပြီး ကရင်ပြည်နယ်အတွင်း အခြားကျန်ရှိသည့် မြို့နယ်များတွင် ဆက်လက်ပြုလုပ်သွား မည် ဖြစ်‌ကြောင်းလည်း ပြည်နယ် လဝက တာဝန်ရှိသူများထံမှ သိရသည်။

မြန်မာနိုင်ငံ အိမ်အ‌ကြောင်းအရာ နှင့်သန်း‌ခေါင်စာရင်းဆိုင်ရာ ‌ကောက်ယူမှုများကို မြင်မာနိုင်ငံ လွတ်လပ်‌ရေးရပြီး ‌နောက်ပိုင်း ၁၉၇၃ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ခုနှစ်တွင် တစ်ကြိမ်‌ကောက်ယူခဲ့ပြီး‌နောက် ၂၀၁၄ခုနှစ် ဧပြီလတွင် တစ်ကြိမ် ထပ်မံပြန်‌ကောက်ယူခဲ့ခြင်းဖြစ်သည်။