Home သတင်း ပစ်ခတ်မှု‌ကြောင့် ‌ဒေသခံ ၃ဝဝခန့် တိမ်း‌ရှောင်ထွက်‌ပြေး‌နေရပြီး သုံးဦးဖမ်းဆီးခံခဲ့ရဟု သျှမ်း(ရှမ်း)လူ့အခွင့်အ‌ရေးမဏ္ဍိုင် သတင်းထုတ်ပြန်

ပစ်ခတ်မှု‌ကြောင့် ‌ဒေသခံ ၃ဝဝခန့် တိမ်း‌ရှောင်ထွက်‌ပြေး‌နေရပြီး သုံးဦးဖမ်းဆီးခံခဲ့ရဟု သျှမ်း(ရှမ်း)လူ့အခွင့်အ‌ရေးမဏ္ဍိုင် သတင်းထုတ်ပြန်

2078

စက်တင်ဘာ ၁၅ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

သျှမ်း(ရှမ်း)ပြည်နယ်‌မြောက်ပိုင်း၊ မိုင်းရယ်မြို့အနီးဝန်းကျင်တွင် မြန်မာ့တပ်မ‌တော်၏ ပစ်ခတ်မှုများ‌ကြောင့် ‌ကျေးရွာအချို့မှ ‌ဒေသခံ ၃၀ဝခန့်မှာ နီးစပ်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ကြရပြီး ‌ဒေသခံရွာသား ၃ဦးမှာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်ဟု သျှမ်း(ရှမ်း)လူ့အခွင့်အ‌ရေးမဏ္ဍိုင်(SHRF)က ယမန်‌နေ့(စက်တင်ဘာ ၁၄ရက်စွဲ)ဖြင့် သတင်းထုတ်ပြန်‌ကြေညာလိုက်သည်။

စက်တင်ဘာလ ၁ဝရက်‌နေ့က မိုင်းရယ်မြို့အ‌နောက်‌တောင်ဖက်၊ ပါကန်း‌ကျေးရွာအုပ်စု၊ လွိုင်ယွဲ‌ကျေးရွာတွင် မိုင်းရယ်အ‌ခြေ စိုက်သည့် မြန်မာ့တပ်မ‌တော် ‌ခြေမြန်တပ်ရင်း(ခမရ-၃၂၅)မှအင်အား ၆ဝနှင့် နမ့်ပွန်ပြည်သူ့စစ်တို့ ပူး‌ပေါင်းကင်းလှည့်‌နေချိန် ‌မြေမြုပ်မိုင်း‌ပေါက်ကွဲမှုနှင့် ကြုံ‌တွေ့ခဲ့ရပြီး အနီးဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်မှု‌ကြောင့် လွိုင်ယွဲ‌ကျေးရွာမှ ရာနှင့်ချီသည့် အဆိုပါ ‌ဒေသခံရွာသူရွာသားများမှာ နီးစပ်ရာ‌ကျေးရွာများနှင့် ‌တောထဲရှိ လယ်တဲများထဲသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရသည်ဟု သျှမ်းလူ့အ ခွင့်အ‌ရေးမဏ္ဍိုင်(SHRF)က ဆိုသည်။

SHRF ၏ ‌ပြောခွင့်ရ စိုင်းကွန်း‌လျောင်းက “အခု အဲ့ မိုင်းရယ်‌ဒေသမှာ မြန်မာစစ်တပ်က နယ်‌မြေရှာ ရှင်းလင်းရင်းနဲ့ ရွာသူရွာသား ‌တွေကို လူ့အခွင့်အ‌ရေးချိုး‌ဖောက်တာ‌ပေါ့။ အခု လက်ရှိ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရတဲ့ ‌ဒေသခံ‌တွေက သူတို့‌ကျေးရွာ‌တွေကို မပြန်ရဲကြ‌သေးဘူးဗျ။ ဖြစ်တာလည်း မကြာ‌သေးဘူးဆို‌တော့ သူတို့ စိုးရိမ်တဲ့ အ‌ခြေအ‌နေမှာပဲရှိ‌သေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းပစ်ခတ်မှုဖြစ်ပွားရာ‌ဒေသသည်သျှမ်းပြည်တိုးတက်‌ရေးပါတီ/သျှမ်းပြည်တပ်မ‌တော်(‌မြောက်ပိုင်း)(SSPP/SSA)နယ်‌မြေထဲ တွင်ဖြစ်ပြီး ၎င်းလက်နက်ကိုင်နှစ်ဖွဲ့အကြား ပစ်ခတ်တိုက်ခိုက်မှုမျိုးမဟုတ်ဘဲ မြန်မာ့တပ်မ‌တော်မှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ရမ်းသမ်းပစ်ခတ်မှုသာဖြစ်သည်ဟု စိုင်းကွန်း‌လျောင်းက ဆက်‌ပြောသည်။

သျှမ်းပြည်နယ်အတွင်း လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများမှာ ‌လျော့နည်းသွားခြင်းမရှိဘဲ ၎င်းပစ်ခတ်မှုဖြစ်စဉ်၌ ပါကန်း‌ကျေးရွာအုပ် စု၊ လွယ်ယွဲနှင့် နားလန်‌ကျေးရွာတို့မှ ‌ဒေသခံရွာသားများဖြစ်သည့် စိုင်းစံလှ၊ စိုင်းစံ‌ကျော်နှင့် စိုင်းစံကွန်တို့ကို စက်တင်ဘာလ ၁ဝ ရက်‌နေ့တွင်မြန်မာ့တပ်မ‌တော်မှ ဖမ်းဆီး‌ခေါ်‌ဆောင်ပြီး ‌ပေါ်တာထမ်းခိုင်းသည့်အပြင် အဆိုပါ‌ဒေသခံသုံးဦးထဲမှ စိုင်းစံ‌ကျော်ကို ထိုးကြိတ်ကန်‌ကျောက်ခဲ့ပြီး‌နောက် စက်တင်ဘာလ ၁၁ရက်‌နေ့တွင် နမ့်ပုတ်‌ဒေသခံ လူကြီးသူမတစ်ဦး၏ အာမခံ‌ပေးမှုဖြင့် ပြန် လွှတ်‌ပေးခဲ့ခြင်းဖြစ်‌ကြောင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၁၁ရက်‌နေ့က သီ‌ပေါမြို့နယ်၊ စိန်‌ကျော့အုပ်စု ‌တောင်ဘက် ၇မိုင်ခန့်အကွာ သျှမ်းပြည်တပ်မ ‌တော် SSPP/SSA ၏ နမ့်‌တွေးတပ်စခန်းအား မြန်မာ့တပ်မ‌တော် ‌ခြေလျင်တပ်ရင်း ခလရ(၁၄၇)က သွား‌ရောက်တိုက်ခိုက်ခဲ့ပြီး ထိုပစ်ခတ်တိုက်ခိုက်မှုများ‌ကြောင့် ‌ဒေသအတွင်း ရွာသူရွာသားများ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ‌ကြောင်း သျှမ်း‌ဒေသတွင်း မီဒီယာ များက ‌ဖော်ပြ‌နေကြသည်။

သျှမ်းပြည်နယ်အတွင်း လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို ‌စောင့်ကြည့်‌လေ့လာရန်နှင့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံရသူများကို တရားမျှတခွင့် ပြန်လည်ရရှိ‌ရေး၊ ဒီမိုက‌ရေစီ‌ဖော်‌ဆောင်‌ရေး၊ သဟဇာတရှိ‌ရေး၊ တန်းတူညီမျှရှိ‌ရေးတို့အတွက် လှုပ်ရှား‌ဆောင် ရွက်ရန် ရည်ရွယ်ပြီး သျှမ်းလူ့အခွင့်အ‌ရေးမဏ္ဍိုင်ကို ၁၉၉ဝခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့သည်။