Home သတင်း ‌စောဘဦးကြီး ဇာတိရွာ ဘဲဂရက်တွင် ၆၇ နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ အခမ်းအနား ကျင်းပ

‌စောဘဦးကြီး ဇာတိရွာ ဘဲဂရက်တွင် ၆၇ နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ အခမ်းအနား ကျင်းပ

3892

ဩဂုတ် ၁၂ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီး၊ ကန်ကြီး‌ထောင့်မြို့နယ် (ယခင်ပုသိမ်မြို့နယ် အတွင်း)ရှိ ကရင့်အာဇာနည်ပုဂ္ဂိုလ် ကြီး ‌စောဘဦး ဇာတိ ဘဲဂရက်ကြီးရွာ၊ အာဇာနည် ‌ကျောက်တိုင်‌ရှေ့၌ ၆၇ နှစ်‌မြောက် ကရင့် အာဇာနည်‌နေ့အခမ်းအနားကို ယ‌နေ့ နံနက်ပိုင်းတွင် ကျင်းပလျက်ရှိသည်။

အဆိုပါ အခမ်းအနားကို ကရင့်အာဇာနည်‌နေ့ ကျင်းပ‌ရေး‌ကော်မတီ ( ဘဲဂရက်ရွာ) က ဦး‌ဆောင် ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ ‌ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ပို့‌ဆောင်‌ရေးဌာန တာဝန်ခံ ပဒို‌စောစိုးစိုး၊ KNLA တွဲဖက် စစ်‌ရေးချုပ် ဗိုလ်ချုပ် မန်းရှာထု‌ဝေါ် ၊ ကရင်အမျိုးသားပါတီ တာဝန်ရှိသူများ ၊ အနယ်နယ်အရပ်ရပ်မှ ဧည့်သည်များ၊ ‌ဒေသခံများ စုစု‌ပေါင်း ၅၀ဝ ဦး‌ကျော် တက်‌ရောက်ခဲ့သည်။

ကျင်းပ‌ရေး‌ကော်မတီ ဥက္ကဌ မန်းစန်းဝင်းက “ ကျ‌နော်တို့အ‌နေနဲ့ အာဇာနည်‌ခေါင်း‌ဆောင်ကြီးရဲ့ရွာမှာ ကျင်းပ ချင်တာကြာပြီး၊ ‌ပြောင်းလဲလာတဲ့ ‌ခေတ်အ‌ခြေအ‌နေအရ လုပ်ဖြစ်သွားတာပါ။ အားလုံးကလည်း ဒီမှာ လုပ်ချင်ကြပါတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် အခမ်းအနားကို အစီစဉ်အပိုင်းသုံးပိုင်းဖြင့် ကျင်းပခဲ့ပြီး နံနက် ၈ နာရီတွင် အာဇာနည် များကို ရည်စူးဝတ်ပြုဆု‌တောင်းခြင်း၊ ဒုတိယပိုင်းတွင် လွမ်းသူ့ပန်း‌ခွေချ အ‌လေးပြုခြင်းနှင့် တတိယပိုင်းတွင် ‌ဟော‌ပြောပွဲ အခမ်းအနား (လက်ရှိသတင်း‌ရေး‌နေစဉ်)ဆက်ပြုလုပ်လျက်ရှိသည်။ ‌စောဘဦးကြီး ဇာတိရွာတွင် ယခင်နှစ်က အာဇာနည်‌ကျောက်တိုင်ဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့ဖူးပြီး ယခု ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်သည်။