Home သတင်း ကရင့်လက်နက်ကိုင်များ ထိန်းချုပ်‌ဒေသတွင် ‌ကော်သူး‌လေကျန်းမာ‌ရေးဌာန ဦး‌ဆောင်မူအတိုင်း ကျန်းမာ‌ရေးဝန်‌ဆောင်‌ပေး‌နေ

ကရင့်လက်နက်ကိုင်များ ထိန်းချုပ်‌ဒေသတွင် ‌ကော်သူး‌လေကျန်းမာ‌ရေးဌာန ဦး‌ဆောင်မူအတိုင်း ကျန်းမာ‌ရေးဝန်‌ဆောင်‌ပေး‌နေ

2201

ဩဂုတ် ၂၃ရက်၊ ၂၀၁၇ခုနှစ်။ ‌စောရှား

ကရင့်လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာ‌ဒေသတွင် ‌ကေအဲန်ယူ-ကရင်မျိုးသားအစည်းအရုံး၏ ဌာနတစ်ခုဖြစ်‌သော ‌ကော်သူး ‌လေကျန်းမာ‌ရေးနှင့်ကယ်ဆယ်‌ရေးဌာန-(Kaw Thoo Lei Department of Health and Welfare – KDHW)၏ ကျန်းမာ‌ရေး ဦး‌ဆောင်မူအတိုင်း ကျန်းမာ‌ရေးဝန်‌ဆောင်မှုကို ပူး‌ပေါင်းလုပ်‌ဆောင်လျက်ရှိ‌ကြောင်း KDHW ၏ ဌာန တာဝန်ခံ ပဒို‌စောအဲ့ကလူ ‌ရွှေဦးက ဩဂုတ်လ ၂၁ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်-DKBA၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ-KNU/KNLA (PC)အပြင် ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ်ဖွဲ့(BGF)များ၏ ထိန်းချုပ်ရာ‌ဒေသများတွင် KDHW ၏ ဦး‌ဆောင်မှုအတိုင်း ကျန်း မာ‌ရေးဝန်‌ဆောင်မှုလုပ်ငန်းများ ပူး‌ပေါင်းလုပ်‌ဆောင်‌နေမှုနှင့်ပတ်သက်၍ ၎င်းက ယခုလို ‌ပြောသည်။

“ကရင်အမျိုးသားပါတီ၊ နိုင်ငံ‌ရေး၊ စစ်‌ရေး‌တွေမှာ ကွဲကွဲပြားပြား သွားတာထက် တစ်စုတစ်စည်းတည်းသွားခြင်းက အမျိုးသား ရည်မှန်းချက်ပန်းတိုင်‌ရောက်ဖို့ ပိုပြီး ခိုင်မာအား‌ကောင်း‌စေတယ်လို့ အမြင်ရှိတဲ့အတွက် ကျန်းမာ‌ရေးကဏ္ဍမှာလည်း ၂၀၁၃ခုနှစ် က‌နေ KDHW နဲ့ စပြီး ပူး‌ပေါင်းလုပ်‌ဆောင်‌နေတာ ခုဆို ၇၅ရာခိုင်နှုန်း‌လောက် ‌အောင်မြင်‌နေပါပြီ”ဟု ပဒို‌စောအဲ့ကလူ‌ရွှေဦးက ‌ပြောသည်။

၎င်းအပြင် KDHW အ‌နေဖြင့် ဗဟိုချုပ်ကိုင်မှုမရှိဘဲ ကရင်အမျိုးသားနှင့်တကွ ပြည်နယ်ရှိ ပြည်သူလူထုများအား ကိုယ်စားပြုကာ အကျိုးရှိ‌သော ကျန်းမာ‌ရေးမူဝါဒများရှိ‌နေခြင်း၊ အဆိုပါ မူဝါဒအတိုင်း ‌ဆောင်ရွက်‌နေခြင်းများ‌ကြောင့် ယခုကဲ့သို့ ပူး‌ပေါင်းလုပ် ‌ဆောင်ရခြင်းဖြစ်‌ကြောင်း ‌စောအယ်ကလူ‌ရွှေဦးက ဆက်‌ပြောသည်။

KDHW သည် ကျန်းမာ‌ရေးအခွင့်အ‌ရေးဖြစ်‌သော လူမျိုး၊ ဘာသာ၊ ကျား/မ၊ အသက်အရွယ်၊ နိုင်ငံ‌ရေးခံယူချက်တို့အ‌ပေါ်တွင် ခွဲခြားမှုမရှိဘဲ အားလုံးရပိုင်ခွင့်ရှိခြင်း၊ ‌ရောဂါ ကာကွယ်ထိန်းချုပ်‌ရေး၊ ကျန်းမာ‌ရေးဝန်‌ဆောင်မှု ဖွံဖြိုးတိုးတက်‌ရေး၊ စိတ်ပိုင်းဆိုင် ရာ ကျန်းမာ‌ရေး အစရှိသည့် ကျန်းမာ‌ရေးမူဝါဒ ၁၅ချက်ရှိပြီး ‌ရေးဆွဲပြဌာန်းထား‌သော ကျန်းမာ‌ရေးဝန်‌ဆောင်မှုလုပ်ငန်းကို လုပ် ‌ဆောင်လျက်ရှိသည်ဟု ဆိုသည်။

ကရင်လက်နက်ကိုင်တပ်ဖွဲ့တို့ ထိန်းချုပ်နယ်‌မြေအတွင်း KDHW ၏ ကျန်းမာ‌ရေးဦး‌ဆောင်မှုနှင့်ပတ်သက်၍ KNU/KNLA (PC) ၏ ဗျူဟာမှူး ဗိုလ်မှူးကြီး‌စောဩဘာက “ပြည်သူလူထုအတွက်‌ရော၊ အဖွဲ့အစည်းအတွက်‌ရော အကျိုးပြု‌နေတဲ့ ကဏ္ဍဖြစ်‌နေတဲ့အ တွက် ကျန်းမာ‌ရေးကိစ္စက‌တော့ ဘာမှပြဿနာမရှိဘူး။ KNU နဲ့ ပူး‌ပေါင်း‌ဆောင်ရွက်မူမှာ ၁၀ဝ ရာခိုင်နှုန်း ‌ထောက်ခံပါတယ်။ ဝမ်းသာစွာနဲ့ လက်ခံကြိုဆိုပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ၏ ဌာန ၁၄ခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် KDHW သည် ‌ကေအဲန်ယူ ထိန်းချုပ်ရာ‌ဒေသအတွင်းရှိ ပြည်သူလူထု ၏ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုနှင့် ကယ်ဆယ်‌ရေးတွင် အထူးသဖြင့် မိခင်နှင့် က‌လေး၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများအ တွက် ကယ်ဆယ်‌ရေးလုပ်ငန်းများကို လုပ်‌ဆောင်ရန် ရည်ရွယ်ပြီး ၁၉၅၆ခုနှစ်တွင် ကျင်းပသည့် ‌ကော်သူး‌လေနိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ် ‌မောကိုကွန်ဂရက်၌ ‌ကေအဲန်ယူ၏ ကျန်းမာ‌ရေးဌာနတစ်ခုအ‌နေဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

လက်ရှိအချိန်တွင် ကရင်ပြည်တွင်းရှိ ပြည်သူလူထု‌ပေါင်း ၃သိန်း‌ကျော်နှင့် ဒုက္ခသည်စခန်း အပါအဝင် ထိုင်း-မြန်မာနယ်စပ်ရှိ လူထု ၁သိန်း‌ကျော်၊ စုစု‌ပေါင်း လူဦး‌ရေ ၅သိန်းခန့်အား လွှမ်းခြုံကာ ကျန်းမာ‌ရေး ဝန်‌ဆောင်မှု‌ပေး‌နေသည်ဟု KDHW က ထုတ် ပြန်ထားသည့်မှတ်တမ်းအရ သိရသည်။