Home သတင်း အခြားအပစ်ရပ် ‌စောင့်ကြည့်‌ရေးအဖွဲ့များကို ကြပ်မတ်နိုင်‌ရေး JMC လုပ်‌ဆောင်မည်

အခြားအပစ်ရပ် ‌စောင့်ကြည့်‌ရေးအဖွဲ့များကို ကြပ်မတ်နိုင်‌ရေး JMC လုပ်‌ဆောင်မည်

1933

ဇူလိုင် ၃ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

JMC နှင့်အပြိုင် အခြားအရပ်သား‌စောင့်ကြည့်‌ရေးအဖွဲ့များကို ကြပ်မတ်နိုင်‌ရေး လုပ်‌ဆောင်သွားမည်ဟု ရန်ကုန် မြို့၊ NRPC အစည်းအ‌ဝေးခန်းမ၌ ဇူလိုင် ၃ ရက်‌နေ့တွင် စတင်ကျင်းပသည့် ၁၁ ကြိမ်‌မြောက် ပြည်‌ထောင်စု အ ဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ JMC-U အစည်းအ‌ဝေးတွင် JMC-U ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်က ‌ပြောသည်။

လက်ရှိ JMC နှင့် အပြိုင် အပစ်ရပ် အရပ်သား‌စောင့်ကြည့်‌ရေးအဖွဲ့များရှိ‌နေပြီး JMC တွင် အရပ်သား‌စောင့်ကြည့် ‌ရေးအဖွဲ့များနှင့် ပတ်သက်၍ အခန်းကဏ္ဍပါရှိသလို အရပ်သား‌စောင့်ကြည့်‌ရေး အဖွဲ့များအ‌နေဖြင့် မည်သို့ ပါဝင် ရမည်ကို တိတိကျကျသတ်မှတ်ထားသည့်အတွက် JMC အရပ်သား ကိုယ်စားလှယ်များက ကြပ်မတ်လုပ် ‌ဆောင် နိုင်‌ရေး ‌ဆောင်ရွက်သွားမည်ဟု ဒုဗိုလ်ချုပ်ကြီးရာပြည့်က အစည်းအ‌ဝေးအဖွင့်အမှာစကားတွင် ယခုလို‌ပြောသည်။

သူက “JMC မှာ အရပ်သား‌စောင့်ကြည့်‌ရေးနဲ့ ပတ်သက်ပြီး‌တော့ ဘယ်လိုပါဝင်ရမယ်။ ပါဝင်တဲ့အခါမှာလည်း ဘယ်လိုပုံစံနဲ့ ပါဝင်ရမယ်။ သူတို့ရဲ့ အရည်အချင်း သတ်မှတ်ချက်‌တွေ ဘယ်လိုရှိတယ်။ သူတို့ရဲ့ အရည်အချင်း ‌တွေ ပြည့်ဝဖို့အတွက် JMC-U က ‌ရေးဆွဲပြီး‌တော့မှ သတ်မှတ်ပါဝင်‌ပေးရမယ်ဆိုတာ ပါပြီးသားဖြစ်ပါတယ်။ ဒါကိုလည်း JMC-U၊ JMC-S မှာရှိတဲ့ အရပ်သားကိုယ်စားလှယ်‌တွေ က‌နေပြီး‌တော့မှ ဒါကိုကြပ်မတ် ‌ဆောင်ရွက် သွားဖို့ကိုလည်း အပြင်စည်းအ‌နေနဲ့ ‌ဆောင်ရွက်သွားမည်ဖြစ်ပါတယ်” ဟု ‌ပြောသည်။

ဇူလိုင် ၃ ရက်မှ ၅ ရက်‌နေ့ထိ ပြုလုပ်သွားမည် ၁၁ ကြိမ်‌မြောက် JMC-U အစည်းအ‌ဝေးသို့ JMC-U ဥက္ကဌ တပ်မ‌တော်မှ ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုဥက္ကဌ ဗို်လ်ချုပ်‌စောအိုင်းဇက်ဖိုး၊ ဒုဥက္ကဌ-၂ အရပ်သား ကိုယ်စားလှယ် Rv.ဆရာ‌တော်မက်သရူး‌အေးနှင့် အတွင်း‌ရေးမှူး ‌ဒေါက်‌တော‌ရွှေခါး အပါအဝင် ‌ကော်မတီ တာဝန် ရှိသူများတက်‌ရောက်ခဲ့သည်။

JMC-U ဒုဥက္ကဌ ဗိုလ်ချုပ် ‌စောအိုင်းဇက်ဖိုးက “ JMC ကို လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်မှာ ဒုက္ခ‌တွေခံစားခဲ့ရတဲ့ ပြည်သူလူထု ကိုယ်တိုင်က‌နေ ယုံကြည်ကိုးစားပြီး‌တော့ ‌ထောက်ခံလာ ဖို့လိုအပ်ပါတယ်။ JMC အ‌နေနဲ ့ တစ်ဦး တစ်ဖွဲ့ အတွက်မကြည့်ဘဲ၊ မြန်မာပြည် ငြိမ်းချမ်း‌ရေးရရှိဖို့အတွက် ‌ရေရှည်အကျိုးကို ကြည့်ပြီး‌တော့ ကျ‌နော်တို့ ဆက်လက် အ‌ကောင်အထည် ‌ဖော်သွားရမှာဖြစ်ပါတယ်” အစည်းအ‌ဝေး အဖွင့် အမှာစကားတွင် ထည့်သွင်း ‌ပြောဆိုသည်။

၁၁ ကြိမ်‌မြောက် JMC အစည်းအ‌ဝေးတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး လုပ်ငန်းစဉ် အ‌ခြေအ‌နေ၊ ‌စောင့်ကြည့် ‌ရေးနှင့် စိစစ်အတည်ပြု‌ရေး လုပ်ငန်းများ ‌ဆောင်ရွက်မှု၊ ပစ်ခတ်တိုက်ခိုက်မှု ‌စောင့်ကြည့်‌ရေး လုပ်ငန်းစဉ်တွင် ‌ဒေသခံ အရပ်သားများ ပါဝင်ခွင့် ရရှိ‌ရေး၊ လုပ်ထုံးလုပ်နည်း ပြုစု‌ရေးဆွဲ‌ရေးအစသည့် ကိစ္စရပ်များကို ‌ဆွေး‌နွေး သွားမည်ဖြစ်ကာ အစည်းအ‌ဝေး‌နောက်ဆုံး‌နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်‌ကြောင်း JMC တာဝန်ရှိသူများထံမှ သိရသည်။