Home သတင်း မွန်ပြည်နယ်အတွင်း ပြုလုပ်မည့် လက်ချည်ပွဲများအတွက် ကျပ် ၁၆ဝ သိန်း မွန်အစိုးရ ‌ထောက်ပံ့မည်

မွန်ပြည်နယ်အတွင်း ပြုလုပ်မည့် လက်ချည်ပွဲများအတွက် ကျပ် ၁၆ဝ သိန်း မွန်အစိုးရ ‌ထောက်ပံ့မည်

2160

ဇူလိုင် ၂၈ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

မွန်ပြည်နယ်အတွင်း ပြုလုပ်မည့် ကရင့်ရိုးရာချည်ဖြူဖွဲ့ မဂင်္လာ အခမ်းအနားများအတွက် မွန်ပြည်နယ် အစိုးရ အဖွဲ့က ကျပ် ၁၆ဝ သိန်း ‌ထောက်ပံ့‌ပေးသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုး ‌ရေးရာ ဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က ‌ကေအိုင်စီသို့ ဇူလိုင် ၂၈ ရက်(ယ‌နေ့)တွင် ‌ပြောသည်။

ထိုသို့ ချည်ဖြူဖွဲ့ မဂင်္လာအခမ်းအနားများသို့ ပြည်နယ်အစိုးရ ဘတ်ဂျက်ချထား‌ပေးရခြင်းနှင့် ပတ်သက်၍ ဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က “‌ထောက်ပံ့‌ငွေ အနည်းအများထက် အသိအမှတ်ပြုမှုကို ပိုအ‌လေးထားတဲ့ အ‌နေ ထားမျိုး ဖြစ်‌စေချင်တယ်။ အခုက ဖွံ့ဖြိုး‌ရေး‌တွေဖြစ်လာဖို့အတွက်ကိုလည်း အ‌လေးထားလုပ်‌ဆောင်‌နေတယ်။ ဓ‌လေ့ ထုံးတမ်းအစဉ်အလာ ယဉ်‌ကျေးမှုအပိုင်းကိုလည်း အတတ်နိုင်ဆုံးဖြည့်ဆည်းခြင်းဖြစ်ပါတယ်” ဟု ‌ပြောသည်။

အဆိုပါ မွန်ပြည်နယ် အစိုးရက ‌ထောက်ပံ့‌ပေးမည့် ဘတ်ဂျက်‌ငွေ ကျပ်သိန်း ၁၆ဝ ကို ပြည်နယ်အတွင်း ချည်ဖြူဖွဲ့ မဂင်္လာအခမ်းအနား စု‌ပေါင်းပြုလုပ်မည့် ‌နေရာ ၁၈ ‌နေရာအတွက် လူဦး‌ရေ အနည်းအများအ‌ပေါ် မူတည်ပြီး ခွဲ‌ဝေ ‌ပေးသွားရန် စီစဉ်ထားသည်ဟု ဝန်ကြီးက ဖြည့်စွက်‌ပြောသည်။

ယခုကဲ့သို့ ‌ထောက်ပံ့‌ငွေ‌ပေးမည့်အ‌ပေါ် ‌မော်လမြိုင်မြို့နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေး မှူး ‌စောတာ‌ပေါင်းက “
‌မော်လမြိုင်မြို့နယ်လုံးဆိုင်ရာ လက်ချည်ပွဲကို လာမဲ့ ဩဂုတ် ၇ ရက်‌နေ့မှာ ‌တောင်ရိုး တန်းက အတိဓ္ဓာရုံ ဘုန်းကြီး‌ကျောင်းမှာ ပြုလုပ်သွားမယ်။ အစိုးရအဖွဲ့က‌နေ ဘတ်ဂျက်ချထား‌ပေးမယ်လို့ ‌ပြော တယ်။ ဒါက ပထမဆုံးအကြိမ်‌ပေးတာဖြစ်တဲ့အတွက် ‌ကောင်းပါတယ်။ အရင်နှစ်လုပ်တုန်းက‌တော့ ကျပ် သိန်း ၂ဝ ‌လောက်ကုန်တယ်။ စာယဉ်အစီအစဉ်နဲ့ဘဲ အကုန်အကျခံလုပ်ခဲ့တာပါ” ဟု ‌ကေအိုင်စိသို့ ‌ပြောသည်။

မွန်ပြည်နယ်အစိုးရအ‌နေဖြင့် သက်တမ်း နှစ်နှစ်အတွင်း ပြည်နယ်အတွင်းပြုလုပ်သည့် ကရင်နှစ်သစ်ကူးပွဲ‌တော် အခမ်းအနား၊ စု‌ပေါင်းစာ‌ပေသင်တန်းဆင်းပွဲ အခမ်းအနားများသို့ အသုံးစရိတ် ဘတ်ဂျက်ချ‌ပေး ‌ထောက်ပံ့ခဲ့ဖူး သလို ယခုလို ချည်ဖြူဖွဲ့ မဂင်္လာ အခမ်းအနားတွက် ပထမဆုံးအကြိမ် ဘတ်ဂျက် သိန်း ၁၆ဝ ‌ထောက်ပံ့‌ပေးခြင်း ဖြစ်‌ကြောင်း သိရသည်။