Home သတင်း ပထမဦးဆုံးအကြိမ် ကရင်အမျိုးသားရဲတပ်ဖွဲ့‌နေ့ကို ကျင်းပသွားမည်

ပထမဦးဆုံးအကြိမ် ကရင်အမျိုးသားရဲတပ်ဖွဲ့‌နေ့ကို ကျင်းပသွားမည်

1957

ဇူလိုင် ၃ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး လက်‌အောက်ခံ ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF‌နေ့ကို ပထမဦး ဆုံးအကြိမ်အဖြစ် လာမည့် စက်တင်ဘာလ ၉ ရက်‌နေ့တွင် ဗဟိုအဆင့်အ‌နေဖြင့် ကျင်းပသွားမည်ဟု ‌ကေအဲန်ယူ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာနတာဝန်ခံ ပဒို‌စောအားတိုးက ယ‌နေ့ (ဇူလိုင် ၃ ရက်)တွင် ‌ပြောသည်။

‌ကေအဲန်ယူ ဖားအံခရိုင်၊ ‌လေးဝါးစခန်း၌ ဇွန်လ ၂၈ ရက်မှ ၃ဝရက်‌နေ့အထိ ပြုလုပ်ကျင်းပခဲ့သည့် ‌ကေအဲန်ယူ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာန၏ ပထမအကြိမ် ဗဟိုအဆင့် အစည်းအ‌ဝေးတွင် KNPF ‌နေ့ကို ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပဒို‌စောအားတိုးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ အမျိုးသားရဲတပ်ဖွဲ့က အနှစ် ၂ဝ ‌လောက် လှုပ်ရှား‌ဆောင်ရွက်လာ‌ပေမယ့် လူ‌တွေ သိပ်မသိဘူး။ အခုဆို တဖြည်းဖြည်းနဲ့‌ပေါ်လွင်လာပြီဖြစ်တယ်။ ဒါ‌ကြောင့် ရဲတပ်ဖွဲ့‌နေ့ကို ကွန်ဂရက်မှာ သတ်မှတ် ထားပြီးဖြစ်တဲ့အတွက် ကျ‌နော်တို့ ရဲတပ်ဖွဲ့ရဲ့ ကိုယ်ကျင့်သိက္ခာ‌တွေ၊ ‌ရှေ့လုပ်ငန်းစဉ်‌တွေကို သိရှိနိုင်ဖို့ကို ကျင်းပသွားဖို့ စီစဉ် ‌နေခြင်းဖြစ်တယ်။ ကျင်းပမယ့်‌နေရာက‌တော့ မသတ်မှတ်ရ‌သေးဘူး။”ဟု ‌ပြောသည်။

နှစ်ရက်တာပြုလုပ်ခဲ့သည့် ၎င်းအစည်းအ‌ဝေးတွင် ၁၅ ကြိမ်‌မြောက်ကွန်ဂရက်အပြီး ချမှတ်ခဲ့သည့် KNPF ၏လုပ်ငန်းစဉ်အ ‌ကောင်အထည်‌ဖော်မှုများ၏ လုပ်‌ဆောင်ချက်များ၊ အားနည်းချက်၊ အားသာချက်များ ပြန်လည်သုံးသပ်‌ဆွေး‌နွေးခဲ့ကြပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့‌နေ့ကို ကျင်းပသွားရန် အပါအဝင် အရည်အ‌သွေးပြည့်မီသည့် အမျိုးသားရဲတပ်ဖွဲ့ဖြစ်လာရန် ဗဟို အဆင့်၊ ခရိုင် အဆင့် ရဲလုပ်ငန်းစဉ်သင်တန်းများ၊ ဥပ‌ဒေပိုင်း ဆိုင်ရာတတ်ကျွမ်းနားလည်မှုသင်တန်များပြုလုပ်သွားရန် စသည့် ‌ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်ဟု KNPFက ဆိုသည်။

အဆိုပါ အစည်းအ‌ဝေးသို့ ‌ကေအဲန်ယူ ခရိုင် ၇ခုမှ ဗဟိုအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ရဲမှူးများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ‌ကေအဲန်ယူ ဗဟို‌ကော်မတီ ဝင်အချို့ အပါအဝင် စုစု‌ပေါင်း ကိုယ်စားလှယ် ၆ဝ ‌ကျော် တက်‌ရောက်‌ဆွေး‌နွေးခဲ့သည်။

ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPFကို ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်‌နေ့တွင် ယခင် ‌ကေအဲန်ယူ ဌာနချုပ် ‌ဟောင်း မာနယ်ပ‌လော၌ ပြုလုပ်သည့် (၁၀) ကြိမ်‌မြောက် ကွန်ဂရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ KNPF ဖွဲ့စည်းခဲ့သည့် စက်တင်ဘာလ ၉ ရက်‌နေ့ကိုအစွဲပြု၍ ကရင်အမျိုးသားရဲတပ်ဖွဲ့‌နေ့အဖြစ် ယခုနှစ် ဧပြီလဆန်းပိုင်းက ကျင်းပပြီးစီးသည့် (၁၆) ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်တွင် အတည်ပြု သတ်မှတ်ခဲ့သည်ဟု သိရသည်။