Home သတင်း ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်း၏ မီး‌ဘေးသင့်‌နေအိမ်များကို ပြန်‌ဆောက်မည်

ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်း၏ မီး‌ဘေးသင့်‌နေအိမ်များကို ပြန်‌ဆောက်မည်

2010

ဇူလိုင် ၁၈ ရက်၊ ၂ဝ၁၇ ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ် မယ်‌ဟောင်‌ဆောင်ခရိုင်ရှိ ကရင်နီ အမှတ်(၁) ဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ရက်ပိုင်း က မီး‌လောင်ကျွမ်းမှု‌ကြောင့် မီး‌ဘေးသင့်ခံရသည့် ဒုက္ခသည်‌နေအိမ်များ ပြန်လည်တည်‌ဆောက်‌ရေး လုပ်ငန်းများကို နံနက်ဖြန် (ဇူလိုင် ၁၉ ရက်)တွင် စတင်လုပ်‌ဆောင်မည်ဟု စခန်း‌ကော်မတီ ဒုဥက္ကဌ ‌နော်ခူ‌ဖောက ယ‌နေ့ (ဇူလိုင် ၁၈)ရက်တွင် ‌ပြောသည်။

သူမက “အိမ်ပြန်‌ဆောက်ဖို့က အခု သစ်၊ ဝါး‌တွေနဲ့ အမိုးအကာ ‌တော်‌တော်များများ‌တော့ ရှိ‌နေပါပြီ။ မနက် ဖြန်ဆို လူ‌နေအိမ် ၅ လုံးကို စံပြအ‌နေနဲ့ အရင်လုပ်‌ဆောင်မယ်။ ကျန်တဲ့ အိမ်‌တွေကိုလည်း အမြန်ဆုံး ပြန် လည် တည်‌ဆောက်‌ပေးဖို့ ကျမတို့ လုပ်‌ဆောင်‌နေပါတယ်။ မိုးတွင်းမှာဆို‌တော့ မြန်မြန်ပြီးစီးမှဖြစ်မယ်။ ဖက်မိုးမ‌လောက်ရင် တာလပတ်အမိုး‌တွေနဲ့ အရင်လုပ်သွားမယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု ပြန်လည် ထူ‌ထောင်‌ရေး လုပ်ငန်း စတင်ရန် စီစဉ်‌နေသည့် ကရင်နီ အမှတ်(၁) ဒုက္ခသည်စခန်း၊ အမှတ် (၅)ရပ်ကွက်၌် ယခုလ ဇူလိုင် ၅ ရက်‌နေ့၊ ည ၁ဝ နာရီအချိန်တွင် မီး‌လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူ‌နေအိမ် ၇၁ လုံးပျက်စီးခဲ့ပြီး ဒုက္ခသည် ၃၂၁ ဦး အိုးအိမ်မဲ့ ဖြစ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အစိုးရ မဟုတ်‌သောအဖွဲ့အစည်း (NGOs)များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ မီး‌လောင် ပျက်စီးသွားသည့် ‌နေအိမ်ပြန်များကို ပြန်‌ဆောက်ရန် သစ်၊ ဝါးများနှင့် အခြားလိုအပ်သည့် ပစ္စည်းများကို အကူအညီများ‌ပေး‌နေ‌သော်လည်း မီးဖို‌ချောင်သုံး အိုးခွက်၊ ပန်းကန်များနှင့် အဝတ်အစားများလိုအပ်ချက်ရှိ ‌နေ‌သေး‌ကြောင်း သိရသည်။

အဆိုပါ မီး‌ဘေးသင့် ဒုက္ခသည်များသည် လတ်တ‌လောတွင် ၎င်းတို့ အသိမိတ်‌ဆွေနှင့် ‌ဆွေမျိုးတို့ ‌နေအိမ် များတွင် ခိုလှုံခဲ့ကြပြီး အချို့‌သော မီး‌ဘေးသင့် ဒုက္ခသည်များမှာ မီး‌လောင်ကျွမ်းခဲ့စဉ် ၎င်းတို့ ပိုင်ဆိုင်သည့် ပစ္စည်းအားလုံး မီးထဲပါသွားသဖြင့် စိတ်ပိုင်းစိတ်ရာ ထိခိုက်မှုများရှိသည်ဟု စခန်း‌ကော်မတီ ဒုဥက္ကဌဖြစ်သူ ‌နော်ခူ‌ဖောက ဆက်‌ပြောသည်။

ကရင်နီအမှတ် (၁) ဒုက္ခသည်စခန်း၌ လက်ရှိ လူဦး‌ရေ ၁၇,ဝ၄၅ ဦး ခိုလှုံလျက်ရှိပြီး ၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၇ ရက်‌နေ့ကလည်း ‌ပေါ့ဆမီး‌ကြောင့် အလားတူ မီး‌လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူ‌နေအိမ် ၁၀ဝ ‌ကျော် မီး‌လောင်ကျွမ်းပြီး ဒုက္ခသည် ၇၀ဝ ‌ကျော် အိမ်ရာမဲ့ဖြစ်ခဲ့ရသည်။

ထို့အတူ ကရင်နီ အမှတ်(၁) ဒုက္ခသည်စခန်းအနီးရှိ ကရင်နီအမှတ် (၂) ဒုက္ခသည်စခန်းတွင်လည်း ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်‌နေ့က အိမ်‌ခြေ ၄၀ဝ ‌ကျော် မီး‌လောင်ပျက်စီးပြီး ဒုက္ခသည် ၃၀‌ကျော် ‌သေဆုံးမှုများ ဖြစ်ပွားခဲ့ဖူးသည်။