Home သတင်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ကရင်ပြည်နယ်ရှိ စာသင်‌ကျောင်း ၂၁၇ ‌ကျောင်း အဆင့်တိုးမြှင့်သတ်မှတ်

၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ကရင်ပြည်နယ်ရှိ စာသင်‌ကျောင်း ၂၁၇ ‌ကျောင်း အဆင့်တိုးမြှင့်သတ်မှတ်

2697

ဇွန် ၁၃ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ယခုနှစ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ကရင်ပြည်နယ်ရှိ စာသင်‌ကျောင်း ၂၁၇ ‌ကျောင်းကို ပညာ‌ရေးဝန်ကြီးဌာနမှ အ ဆင့်တိုးမြှင့် သတ်မှတ်လိုက်‌ကြောင်း ပြည်နယ်ပညာ‌ရေးမှူး ဦးမြင့်စိုးက ဇွန်လ ၁၂ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြော သည်။

“အမက ခွဲက‌နေ အမက‌ပေးတယ်။ ကိုယ့်အားကိုယ်ကိုးက‌နေ အမကခွဲ‌ပေးလိုက်တယ်။ အလယ်တန်း ‌ကျောင်း‌တွေ အ ထက်တန်း‌ကျောင်းခွဲ‌ပေးတယ်။ က‌လေး‌တွေ ပညာသင်ယူဖို့ အခွင့်အလမ်း‌တွေ ပိုရဖို့အတွက် လုပ်‌ပေးတာပါ။ အခြား တစ် ‌နေရာမှာ ‌ကျောင်းသွားတက်‌နေရတာထက်စာရင် ကိုယ့်ရပ်ကိုယ့်ရွာမှာပဲ မိဘ‌တွေနဲ့အတူ‌နေရ‌တော့ လုံခြုံစိတ်ချမ်းသာစွာ ပညာသင်ကြားနိုင်တာ‌ပေါ့” ဟု ပြည်နယ်ပညာ‌ရေးမှူး ဦးမြင့်စိုးက ‌ပြောသည်။

‌မေလ ၂၃ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ပညာ‌ရေးဝန်ကြီးဌာန၏ ထုတ်ပြန်‌ကြေညာချက်အရ ယခုနှစ် ပညာသင်နှစ်တွင် တိုင်း‌ဒေသကြီး၊ ပြည်နယ်အလိုက် အ‌ခြေခံ ‌ကျောင်း‌ပေါင်း ၅,ဝ၉၉ ‌ကျောင်းကို အဆင့်တိုးမြှင့်သတ်မှတ်‌ပေးခဲ့ရာတွင် က ရင် ပြည်နယ်ရှိ အ.ထ.က ၁၃ ‌ကျောင်း၊ အ.လ.က ၄၃ ‌ကျောင်း၊ အ.မ.က ၆၆ ‌ကျောင်းနှင့် သက်ဆိုင်ရာ ခွဲ‌ကျောင်းများကို အဆင့်လိုက်တိုးမြှင့် သတ်မှတ်‌ပေးခဲ့ခြင်းဖြစ်သည်ဟု ‌ဖော်ပြထားသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် အ.ထ.က ကြခတ်‌ချောင်းမှ ‌ကျောင်းအုပ်ဆရာမကြီး ‌ဒေါ်‌မော်‌မော်လွင်က “ အထက ခွဲအ‌နေနဲ့ ဝန် ထမ်း ၇ ‌ယောက်ပဲ‌လေ။ အခု အထက ဖြစ်လာ‌တော့ ဆရာ ၁၂ ‌ယောက်ရမယ်။ ၉ တန်း‌မေးခွန်း‌တွေဆို ကိုယ့်‌ကျောင်းနဲ့ ကိုယ်‌ဖြေရမယ်‌ပေါ့‌နော်။ သိပ္ပံခန်း‌တွေ၊ သင်‌ထောက်ကူပစ္စည်း‌တွေ အထက်တန်း ‌ကျောင်းနဲ့အညီရမယ်ဆို‌တော့ က‌လေး ‌တွေလည်း အ‌ဝေးကြီး‌ကျောင်းသွားတက်စရာ မလို‌တော့ဘူး ။ အဆင်‌ပြေတယ်။ ပြည်နယ်အ‌နေနဲ့ တက္ကသိုလ်ဝင်တန်း ‌အောင်ချက်အ‌ကောင်းဆုံး ‌မျှော်လင့်ထားတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်တွင် စာသင်‌ကျောင်း စုစု‌ပေါင်း ၁,၇၃၄ ‌ကျောင်းရှိပြီး ကရင်ပြည်နယ်အ‌နေဖြင့် ယခင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဝင်‌ရောက်‌ဖြေဆိုသူ ၁၃,၆၃၇ ဦးမှ ၃,၇၀၃ ဦး‌အောင်မြင်ခဲ့ရာ လှိုင်းဘွဲမြို့နယ်မှ ပထမ၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဒုတိယ၊ ဖားအံမြို့နယ် တတိယတို့ဖြင့် ‌အောင်ချက်အသီးသီး ရပ်တည်လျှက်ရှိသည်။