Home သတင်း CI စာအုပ်‌လျှောက်ထားရာတွင် သတ်မှတ်ချက်အချို့‌ကြောင့် အခက်အခဲ ကြုံ‌တွေ့‌နေရ

CI စာအုပ်‌လျှောက်ထားရာတွင် သတ်မှတ်ချက်အချို့‌ကြောင့် အခက်အခဲ ကြုံ‌တွေ့‌နေရ

3268

‌မေ ၁ဝ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာနှစ်နိုင်ငံ အစိုးရ၏ အစီအစဉ်ဖြင့် မတ်လ ၃ ရက်မှ စတင်ကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်‌နေကြသည့် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်‌ကြောင်း သက်‌သေခံလက်မှတ် (Certificate Of Identity-CI )ကို ပြုလုပ်ရာ၌ ထိုင်းနိုင်ငံဖက်ခြမ်းတွင် သတ်မှတ်ချက်အချို့‌ကြောင့် အခက်အခဲ ကြုံ‌တွေ့‌နေရသည်ဟု အလုပ်သမားအ‌ရေး ‌ဆောင်ရွက်‌နေသူများက ‌ပြောသည်။

CI လက်မှတ်ပြုလုပ်ရာ၌ မြန်မာဖက်ခြမ်းရှိ CI စခန်းတွင် အခက်အခဲမရှိ‌သော်လည်း ထိုင်းဖက်ခြမ်းတွင် ပြုလုပ် ‌လျှောက်ထားရာ၌ ဘာသာစကားအခက်အခဲအပြင် ထိုင်းနိုင်ငံ၏ သတ်မှတ်ချက်များနှင့် ပွဲစားငှားရမ်း လုပ်‌ဆောင်ရသည့် အ‌ခြေအ‌နေများ‌ကြောင့် သတ်မှတ်ထားသည့် ကုန်ကျစရိတ်ထက် ပိုမိုကုန်ကျသည်ဟု မြန်မာပြည်သားများအ‌ရေး ပူးတွဲ လှုပ်ရှားမှု‌ကော်မတီ -JACBA ဥက္ကဌ ဦးမိုးကြိုးက ယခုလို ‌ပြောသည်။

၎င်းက “ ထိုင်းဖက်ခြမ်းကို ‌ရောက်ရင်ရလာတဲ့ စာအုပ်အစိမ်းကို ထိုင်းလဝကရုံးမှာ ဗီဇာတိုးရမယ်။ အဲ့မှာ ‌လျှောက်လွှာ ဖြည့်ရမယ်။ ‌လျှောက်လွှာက
အဂင်္လိပ်နဲ့ထိုင်းလိုနှစ်မျိုး‌ရေးထားတယ်။ အလုပ်သမား‌တွေ မဖြည့်နိုင်ဘူး။ ပြီးရင် အဲ့ကတစ်ဆင့် ဒုတိယရုံးဖြစ်တဲ့ အလုပ်အကိုင်နဲ့အလုပ်သမား‌နေရာချထား‌ရေးရုံးမှာ ‌လျှောက်လွှာ ယူပြီး ကာယကံရှင်ရဲ့ သူ‌ဌေးဖြစ်‌စေ၊ သူ‌ဌေးရဲ့ကိုယ်စားလှယ်ဖြစ်‌စေဖြည့်‌ပေးရမယ်။ အချို့က ပွဲစားငှားရမ်းရတာ‌ကြောင့်လည်း သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်ထက် ကျခံနိုင်မှ CI စာအုပ်ကို ရရှိနိုင်မယ့် အခက်အခဲရှိတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ CI လက်မှတ်ကို ပြုလုပ်ရာတွင် ဆဲဗင်းအီလ်ဗင်း (7 Eleven) စတိုးဆိုင်များတွင် ထိုင်းဘတ်‌ငွေ ၃၁ဝ ‌ပေးသွင်း ပြီး ‌ပြေစာရယူကာ ထိုင်းလဝကရုံးတွင် ဗီဇာသက်တမ်းတိုးခ ထိုင်းဘတ် ၅၀၀၊ ‌ဆေးစစ်ရန်ဘတ် ၅၀၀၊ အလုပ်အကိုင်နှင့် အလုပ် သမား‌နေရာချထား‌ရေးရုံးတွင်ဘတ် ၁၀ဝ စုစု‌ပေါင်း ဘတ် ၁၄၁ဝ ကုန်ကျမည်ဖြစ်ပြီး သက်တမ်း မကုန်‌သေးသည့် ယာယီ ‌နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ပန်း‌ရောင်ကတ်)ကိုင်‌ဆောင်သူ အလုပ်သမားများသာ လုပ်‌ဆောင်နိုင်မည် ဖြစ်သည်ဟု သိရသည်။

မဲ‌ဆောက်မြို့ရှိ CI လက်မှတ်ထုတ်‌ပေးသည့်စခန်း၏ ဒုတိယတာဝန်ခံ ဦး‌ဇော်မျိုး‌ထွေးက “ကျ‌နော်တို့ဆီကို ပန်း‌ရောင် ကတ် ‌လေးနဲ့ ‌ပြေစာ‌လေးယူလာပြီး အချက် ၉ ချက်ပါတဲ့ ‌လျှောက်လွှာကို ဖြည့်‌ပေးရမယ်။ ဒါ‌လေးကို လုပ်‌ပေးလိုက်ရင် နာရီ ပိုင်း ပဲကြာမယ်။ အလုပ်သမား‌တွေ ဘာအခက်အခဲရှိသလဲဆို‌တော့ ဒီက‌နေတစ်ဆင့် ထိုင်းလဝက ကိုသွားပြီး‌တော့ သက်တမ်းတိုးတယ်။ Work permit ထုတ်မယ်။ အဲ့မှာက အလုပ်ရှင်ပါလာရမယ်။ ဒါမှမဟုတ် အလုပ်ရှင် ကိုယ်စားလှယ် လွှဲစာ‌တွေပါလာရမယ်ဆိုတဲ့ကန့်သတ်ချက်‌တွေရှိတယ်။ အဲ့ဒါကို ကျ‌နော်တို့အဆင့် အ‌နေနဲ့က ဝင်ပြီး‌ဖြေရှင်း ‌ပေးလို့မရဘူး‌လေ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မတ်လ ၃ ရက်‌နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည့် မဲ‌ဆောက်စခန်း၌ ယမန်‌နေ့ (‌မေ ၉ ရက်) ၅၇ ရက်ကြာသည်အထိ လာ ‌ရောက် ‌လျှောက်သူ အလုပ်သမား ၃,၉၅၁ ဦးရှိ‌နေပြီး ထိုသို့ လက်မှတ်လာ‌ရောက်‌လျှောက်ယူရာ၌ ပွဲစားများမှ တစ်ဆင့် လာ‌ရောက်ပြုလုပ်ခြင်းမှာ မသင့်‌တော်ဘဲ ကိုယ်တိုင်လာ‌ရောက် ‌လျှောက်ယူလျှင်ပိုမိုသင့်‌တော်မည်ဟု လည်း ဦး‌ဇော်မျိုး ‌ထွေးက အကြံပြု‌ပြောဆိုသည်။

ထိုင်းနိုင်ငံ အလုပ်သမား ရှာ‌ဖွေ‌ရေးရုံး၏ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ် ကိုင်‌နေကြသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား စုစု‌ပေါင်း ၁,၇၉၅,၀၆၆ဦး ရှိ‌နေပြီး တရားဝင်ပန်း ‌ရောင်ကတ် ကိုင်‌ဆောင် သူ ၃ သိန်း‌ကျော်ရှိသည့်အနက် တာ့ခ်ခရိုင်အတွင်းရှိ မြို့နယ် ၉ မြို့နယ်တွင် အလုပ်သမား‌ပေါင်း ၄ သိန်း‌ကျော်တွင် တရားဝင်ပန်း‌ရောင်ကတ် ကိုင်‌ဆောင်သည့် အလုပ်သမား ၈ ‌သောင်းခန့်ရှိသည်ဟု သိရသည်။

မဲ‌ဆောက်မြို့တွင် ကျဘမ်းလုပ်ကိုင်‌နေသူ ကိုအစိုးက “ CI ကတ် လုပ်လို့ရတယ်လို့‌တော့ ကြားမိတာပဲ။ အဓိကCI ကတ် လုပ်တဲ့သူ‌တွေက ဘန်‌ကောက်တို့၊ ဘာတို့သွားတဲ့သူ‌တွေပဲလုပ်တာ‌တွေ့တယ်။ ကျ‌နော့်အ‌နေနဲ့ ပန်း‌ရောင် ကတ်နဲ့က ဒီ မဲ‌ဆောက်မှာ‌တော့ သွားလာလို့ရတယ်။ ကျ‌နော်က‌တော့ လုပ်ဖို့ အစီအစဉ် မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆို‌တော့ ကျ‌နော်က‌တော့ ဒီမဲ‌ဆောက်မှာပဲရှိ‌နေမှာမိုလို့ပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းသက်‌သေခံ လက်မှတ်ကို ထိုင်း-မြန်မာနှစ်နိုင်ငံ အစိုးရတာဝန်ရှိသူများမှ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ပြုလုပ်‌ပေးရန် သ‌ဘောတူညီမှုများရှိခဲ့‌သော်လည်း အ‌ကောင်အထည် ‌ဖော်နိုင်ခြင်းမရှိတဲ့အတွက် ပြီးခဲ့သည့် မတ်လ ၃ရက်‌နေ့မှစ၍ ပြန်လည်အ‌ကောင်အထည်‌ဖော်လိုက်ခြင်းဖြစ်ပြီး လက်မှတ်၏ သက်တမ်းမှာ ၄နှစ်သက်တမ်းဖြစ်သည်ဟု အလုပ်သမားအ‌ရေး ‌ဆောင်ရွက်‌နေသည့် အဖွဲ့အစည်းများက ‌ပြောဆိုသည်။

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် CI သက်‌သေခံလက်မှတ်ကို ထိုင်းနိုင်ငံရှိ စမုစခွန်(မဟာချိုင်)တွင် ၂ ‌နေရာ၊ စမုပရာကန်မြို့၊ မယ်ဆိုင်မြို့၊ မဲ‌ဆောက်မြို့နှင့် ရ‌နောင်းစသည့်မြို့များတွင် လက်ရှိ ထုတ်‌ပေးလျှက်ရှိသည်။