Home သတင်း ဧရာဝတီတိုင်း ၈မြို့နယ် ကရင်စာသင် ဆရာ၊ ဆရာမမွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ

ဧရာဝတီတိုင်း ၈မြို့နယ် ကရင်စာသင် ဆရာ၊ ဆရာမမွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ

2060

‌မေ ၂ဝရက်၊ ၂၀၁၇ခုနှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီး၊ ၈မြို့နယ်တွင် ကရင်စာသင်ကြားမည့် ဆရာ၊ ဆရာမများ ၁၁ကြိမ်‌မြောက် မွမ်းမံသင်တန်းဆင်းပွဲကို ‌မေလ ၁၉ရက်‌နေ့တွင်၊ ‌မြောင်းမြမြို့၊ မုဆိုးကွင်းရပ်ရှိ သတ္တမ‌နေ့ ဥပုသ်အသင်း ကျမ်းစာ‌ကျောင်းဝင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းသို့ ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ ‌မြောင်းမြ၊ အိမ်မဲ၊ လပွတ္တာ၊ ‌ကျောင်းကုန်း၊ ကန်ကြီး‌ထောင့်၊ ငပု‌တော၊ ဘိုက‌လေးနှင့် ဝါးခယ်မမြို့နယ်တို့မှ အ‌ခြေခံပညာ စာသင်‌ကျောင်းများတွင် ကရင်စာ သင်ကြား‌ပေးမည့် ဆရာ၊ ဆရာမ ၃၉၁ဦး တက်‌ရောက်ခဲ့ပြီး သင်တန်းကို ‌မေ ၁၄ရက် မှ ၁၉ရက်‌နေ့ထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု ‌မြောင်းမြမြို့နယ် ကရင်စာ‌ပေနှင့် ယဉ် ‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး မန်းထွန်းလင်းက ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

“အခု မွမ်းမံသင်တန်းကို အစိုးရ‌ကျောင်း ဆရာ၊ ဆရာမ‌တွေနဲ့ ကရင်စာသင်ပြင်ပ ဆရာ၊ ဆရာမ‌တွေပါ တက်‌ရောက်ခဲ့တယ်။ သင်တန်း အဓိက ရည်ရွယ်ချက်က‌တော့ လာမဲ့ပညာသင်နှစ်မှာ ကရင်စာသင်ကြား‌ပေးမဲ့ ဆရာ၊ ဆရာမ‌တွေကို သင်ကြားနည်း စနစ်ပိုင်း၊ သင်ရိုး‌တွေကို ပိုမို အ‌ထောက်အကူဖြစ်‌အောင်၊ ‌နောက်ဆရာမ‌တွေ ကိုယ်တိုင် ဘာသာစကားကျွမ်းကျင်မှု တိုးတက် လာ‌အောင် ဖွင့်လှစ်‌ပေးခဲ့တာပါ”ဟု မန်းထွန်းလင်းက ‌ပြောသည်။

မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားသို့ ‌မြောင်းမြ စာယဉ် နာယက ဘုန်း‌တော်ကြီး၊ ‌ဂျော့‌စောအယ်ဒို၊ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ ဧရာဝတီတိုင်း‌ဒေသကြီး စာယဉ် ဥက္ကဌ ‌စောဖရန်စစ်ခိုင်၊ တိုင်း‌ဒေသကြီး အ‌ခြေခံပညာဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးချုပ် နန့်မြင့်မြင့်သန်း၊ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ သင်တန်းဆင်း ဆရာ၊ ဆရာမများ အပါအဝင် စုစု‌ပေါင်း ၅၀ဝဦးခန့် တက်‌ရောက်ခဲ့သည်။

အခမ်းအနား တက်‌ရောက်လာသူ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက “ဆရာ၊ဆရာမ‌တွေအ‌နေနဲ့ အသံထွက် မှန်‌အောင် သင်‌ပေးဖို့ တိုက်တွန်းချင်ပါတယ်။ ‌နောက်ပြီး ‌ကျောင်းမှာ ဖွံ့ဖြိုး‌ရေး အချိန်ဆိုရင် ဘာသာစကားသင်ဖို့ ပညာ‌ရေးဌာန ကို အကြံပြု ‌ပြောထားပါတယ်။ အခု ၄တန်း၊ ၈တန်းကို အစိုးရစစ်လုပ်‌တော့ ဒီစာ‌မေးပွဲ‌တွေ ‌အောင်ဖို့ကို အဓိကထားပြီး တချို ့ မိဘ‌တွေက ကရင်စာသင်လည်း ဘာထူးမှာလဲဆိုပြီး ‌ပြောကြတာရှိပါတယ်။ ကိုယ့်စာ‌ပေ၊ စကားကို မတတ်ရင် လူမျိုး‌ပျောက် သွားမယ်ဆိုတာ သတိပြု‌စေချင်တယ်”ဟု အခမ်းအနား အမှာစကားတွင် ထည့်သွင်း‌ပြောဆိုခဲ့သည်။

၆ရက်ကြာ ပြုလုပ်သည့် အဆိုပါသင်တန်းအတွက် စုစု‌ပေါင်း ကုန်ကျစရိတ် ကျပ်သိန်း ၇၀‌ကျော်ရှိပြီး ကျပ်သိန်း ၆ဝကို ‌မြောင်းမြ မြို့နယ် စာယဉ်က အကုန်အကျခံခဲ့သလို ကျန်‌ငွေများအတွက် တသီးပုဂ္ဂလနှင့် ရန်ကုန်နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော် မတီ၊ ကရင်ဝန်ထမ်း‌ဟောင်းများ လူမှု‌ရေးအသင်း စသည်တို့က အသီးသီး ပါဝင်လှူဒါန်းခဲ့‌ကြောင်း သင်တန်းတာဝန်ခံများထံမှ သိ ရသည်။

‌မြောင်းမြမြို့နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီအ‌နေဖြင့် ‌နွေရာသီ ကရင်စာသင်တန်းဆင်းပွဲကို ၁၁ကြိမ်‌မြောက် ပြုလုပ် ခြင်းဖြစ်ပြီး ၂၀၁၃ခုနှစ်မှ စတင်ကာ ကရင်စာသင်ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းများ ဖွင့်လှစ်ခဲ့ရာ လက်ရှိအချိန်ထိ ၅ကြိမ် ‌မြောက်ဖွင့်လှစ်ပြီးဖြစ်‌ကြောင်း မြို့နယ်စာယဉ်တာဝန်ရှိသူများက ‌ပြောသည်။