Home သတင်း ဒုက္ခသည်စခန်းရှိ လူထုအ‌ခြေပြုအဖွဲ့ လုပ်သား အ‌ရေအတွက် သို့မဟုတ် လစာ ‌လျှော့ချရန်စီစဉ်‌နေ

ဒုက္ခသည်စခန်းရှိ လူထုအ‌ခြေပြုအဖွဲ့ လုပ်သား အ‌ရေအတွက် သို့မဟုတ် လစာ ‌လျှော့ချရန်စီစဉ်‌နေ

1828

‌မေ ၁ဝ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း ၉ ခု အား အကူအညီ‌ပေး‌နေသည့် အကူအညီများ ‌လျော့ကျ လာသည့်အတွက် စခန်းအတွင်းရှိ အလုပ်လုပ်‌နေကြသည့် လူထုအ‌ခြေပြုအဖွဲ့ လုပ်သားများ အ‌ရေ အတွက် (သို့မဟုတ်) လုပ်အားလစာ တစ်ခုခုကို လာမည့် ဇူလိုင်လမှ စတင်ကာ ‌လျှော့ချသွားရန် စီစဉ်‌နေသည်ဟု ဒုက္ခသည်အ‌ရေးကို ကူညီ‌ဆောင်ရွက်သူများက ‌ပြောသည်။

နယ်စပ်တစ်‌လျှောက် ဒုက္ခသည်များကို အဓိက အကူအညီ‌ပေး‌နေသည့် The Border Consortium (TBC) နှင့် ဒုက္ခသည်တာဝန်ရှိသူတို့သည် ပြီးခဲ့သည့် ဧပြီ ‌နောက်ဆုံးအပတ်က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့ တစ်‌နေရာ၌ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ရာတွင် ယင်းသို့ အကူအညီများ ‌လျော့နည်းလာသည့်အတွက် စခန်းတွင်း ‌ထောက်ပံ့မှုအစီအစဉ် အချို့ကို ‌လျှော့ချသွားရန် TBCဘက်က အသိ‌ပေး‌ပြောဆိုလာခြင်းဖြစ်သည်ဟု ကရင် ဒုက္ခသည်‌ကော်မတီ-KRCက ‌ပြောသည်။

KRC ‌ပြောခွင့်ရသူ ‌နော်ဘလူးမင်းနိုက်ဇန်က“ ဒိုနာ‌တွေက အလှူ‌ငွေ ‌လျှော့ချသွားတဲ့အတွက် အဆင်‌ပြေ ‌အောင် ဒုက္ခသည်စခန်းကို ‌ပေးတဲ့ အကူညီ‌တွေကို ‌လျှော့ချတဲ့ လမ်း‌ကြောင်း တစ်ခုရှိတယ်။ ဥပမာ- Stipend (လစာ) ရတဲ့သူ‌တွေကို ၄ဝ ရာခိုင်နှုန်း ‌လျှော့ချမယ်။ ဒါမှမဟုတ် လုပ်သားအ‌ရေအတွက် ‌လျှော့ရမယ်။ Stipend ကို ၄ဝ ရာခိုင်နှုန်း ‌လျှော့ချမယ်ဆိုရင် ၁၀ဝ ဆိုရင် ၆ဝ ရာခိုင်နှုန်းပဲရ‌တော့မယ်။ အားလုံးက အဲလို လက်ခံတယ်ဆိုရင် လစာက နည်းလာ‌ပေမယ့် လုပ်သားဦး‌ရေက‌တော့ မ‌လျော့ဘူး‌ပေါ့။ Stipend မ‌လျော့ချင်ရင် လုပ်သားဦး‌ရေကို‌တော့ ‌လျှော့ချရမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းကိစ္စကို မကြာခင်တွင် လူထုအ‌ခြေပြု လုပ်သားများကို အသိ‌ပေး အ‌ကြောင်းကြားသွားရန်ရှိ ‌သော်လည်း KRC အ‌နေဖြင့် ဆုံးဖြတ်ချက် တစုံတရာ လုပ်‌ဆောင်သွားမည်မဟုတ်ဘဲ ၎င်းတို့ ကိုယ်တိုင် ဆုံးဖြတ်ရမည် ဖြစ်‌ကြောင်း၊ စခန်းတွင်း လုပ်သားအ‌ရေအတွက် ‌လျှော့ချသွားမည်ဆိုပါက ယခင်အလုပ်လုပ်ချိန်ထက် ပိုမို အလုပ်လုပ်ရမည်ဖြစ်၍ အချိန်‌နှောင့်‌နှေးမှုများဖြစ်‌ပေါ်လာနိုင်သည်ဟု ‌နော်ဘလူးမင်းနိုက်ဇန်က ဖြည့် စွက်‌ပြောဆိုသည်။

ဒုက္ခသည်စခန်းရှိ လူထုအ‌ခြေပြုအဖွဲ့ လုပ်သားဆိုသည်မှာ စခန်းကို ဦး‌ဆောင်သူ စခန်း‌ကော်မတီ ‌ခေါင်း ‌ဆောင်များ အပါအဝင် ၊ ကျန်းမာ‌ရေးလုပ်သား၊ ပညာ‌ရေးလုပ်သား ၊ ရိက္ခာဂို‌ဒေါင်တာဝန်ခံနှင့် လုံခြုံ‌ရေး အဖွဲ့ဝင်များပါဝင်သည်ဟု သိရသည်။

၎င်းကိစ္စအ‌ပေါ် မဲ‌ဆောက်မြို့၊ ‌မြောက်ဘက် ကီလိုမီတာ ၆ဝ အကွာရှိ မယ်လဒုက္ခသည်စခန်း၏ ဥက္ကဌဖြစ်သူ ‌စော‌အောနက်က “ ဒီလို အကူအညီ‌တွေကို ‌လျှော့ချသွားမယ်ဆိုလို့ရှိရင် အဘက်ဘက်က ထိခိုက်မှု‌တွေရှိလာနိုင်ပါတယ်။ လူထုအ‌ခြေပြုအဖွဲ့ လုပ်သား‌တွေရဲ့ အခန်းကဏ္ဍဘက်ကလည်း ထိခိုက်မှု ရှိမှာဖြစ်ပါတယ်။ စခန်းထဲ ဒုက္ခသည်‌တွေအတွက်က‌တော့ ဒီ ၂၀၁၇ခုနှစ်အတွင်းမှာ ရိက္ခာပိုင်းမှာ‌တော့ ထိခိုက်မှုမရှိပါဘူး။”ဟု ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ ဒုက္ခသည်များအတွက် အကူအညီ ‌ထောက်ပံ့မှု ‌လျော့ကျလာမှုမှာ အ‌ရေး‌ပေါ် အကူအညီလိုအပ်‌နေသည့် အခြား ‌နေရာ‌ဒေသများသို့ သွား‌ရောက် ကူညီ‌ထောက်ပံ့ ‌ပေး‌နေရခြင်းဖြစ်သည်ဟု ဒုက္ခသည်များကို ကူညီ‌ပေး‌နေသည့် အစိုးရမဟုတ်‌သော အဖွဲ့အစည်း -NGOsများဘက်က ‌ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်တွင် အမှတ် ၁ ကရင်နီဒုက္ခသည်စခန်းနှင့် အမှတ် ၂ ကရင်နီ ဒုက္ခသည်စ ခန်း နှစ်ခုအပါအဝင် ဒုက္ခသည်စခန်း ၉ ခုတွင် လူထုအ‌ခြေပြုအဖွဲ့ လုပ်သား စုစု‌ပေါင်း ၁၀,၀၀ဝ ( ၁‌သောင်း) ‌ကျော်ရှိသည့်အနက် KRC လမ်းညွှန်မှု‌အောက်ရှိ ဒုက္ခသည်စခန်း ၇ခုမှ လူထုအ‌ခြေပြုအဖွဲ့ လုပ်သား ၂,၈၀ဝ ‌ကျော်ရှိသည်ဟု KRCက ‌ပြောသည်။

TBC ၏ ထုတ်ပြန်ထားသည့် စာရင်းအရ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ဘန့်ဒုံယန်း၊ ထမ့်ဟင်နှင့် အမှတ်(၁)၊ (၂) ကရင်နီဒုက္ခသည်စခန်း စသည့် စခန်း ၉ ခုတွင် လက်ရှိ မြန်မာ ဒုက္ခသည်ဦး‌ရေ ၁၂၀,၀၀ဝ ‌ကျော် ခိုလှုံလျှက်ရှိပြီး အ‌ခြေခံ စားနပ်ရိက္ခာနှင့် ‌နေရာထိုင်ခင်းတို့ကို TBCအဖွဲ့မှ ‌ထောက်ပံ့ ‌ပေးထားသည်ဟု သိရသည်။