Home သတင်း ဂျပန်နိုင်ငံ စွမ်းအင်ဆိုင်ရာသုံးစွဲမှု အ‌ခြေအ‌နေကို အရပ်ဖက်၊ ပညာရှင်၊ လက်နက်ကိုင်အဖွဲ့‌ခေါင်း‌ဆောင်များ သွား‌ရောက် ‌လေ့လာ

ဂျပန်နိုင်ငံ စွမ်းအင်ဆိုင်ရာသုံးစွဲမှု အ‌ခြေအ‌နေကို အရပ်ဖက်၊ ပညာရှင်၊ လက်နက်ကိုင်အဖွဲ့‌ခေါင်း‌ဆောင်များ သွား‌ရောက် ‌လေ့လာ

2058

‌မေ ၈ ရက်၊၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်း၊ ပညာရှင်၊ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ‌ကျေးရွာ အုပ်ချုပ် ‌ရေးမှူး၊ စာ‌ရေးဆရာနှင့် သတင်းမီဒီယာစသည့် ကိုယ်စားလှယ်(၁၂)ဦး ပါဝင်သည့် ဂျပန်နိုင်ငံသို့ ‌ကျောက်မီး‌သွေးသုံးစွမ်း အင်ဆိုင်ရာ ‌လေ့လာ‌ရေး ခရီးစဉ်တစ်ခုကို ‌မေလ ၆ရက်‌နေ့မှစ၍ မြန်မာနိုင်ငံမှ စတင်ထွက်ခွာပြီး ယ‌နေ့(‌မေလ ၈ ရက်‌နေ့) တွင် ဂျပန်နိုင်ငံသို့ ‌ရောက်ရှိမည်ဖြစ်သည်။

အဆိုပါ ခရီးစဉ်သည် ကရင်ပြည်နယ်အတွင်း ‌ကျောက်မီး‌သွေးသုံး လျှပ်စစ်မီးထုတ်လုပ်နို်င်ရန် ပြည်နယ် အစိုးရ၏ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံ မြို့ကြီးသုံးမြို့ရှိ ‌ကျောက်မီး‌သွေးသုံး လျှပ်စစ်ထုတ်လုပ်‌နေသည့် စက်ရုံများကို သွား ‌ရောက်‌လေ့လာသည့် အစီအစဉ်ဖြစ်သည်ဟု သိရသည်။

ဂျပန်နိုင်ငံသို့ မ‌ရောက်ရှိခင် ‌မေလ ၇ ရက်‌နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့ရှိ ထိုင်း၊ ဂျပန် ပူးတွဲကုမ္ပဏီတစ်ခုဖြစ်သည့် TTCL ကုမ္ပဏီကို သွား‌ရောက်‌လေ့လာခဲ့ပြီး ယ‌နေ့တွင် ဂျပန်နိုင်သို့‌ရောက်ရှိလျှင် မြို့‌တော်တိုကျို(Tokyo) ၊ နာဂါ စကီ(Nagasaki) နှင့် ကျိုတို (Kyoto) စသည့်မြို့ကြီးများသို့ ဆက်လက် ‌လေ့လာသွားမည်ဖြစ်ကာ ခရီးစဉ်မှာ ‌မေလ ဒုတိယ အပတ်ကုန်တွင် ပြီးဆုံးမည်ဖြစ်သည်။

၎င်း‌လေ့လာ‌ရေး ခရီးစဉ်ကို ယခင်က ပြည်နယ်လွှတ်‌တော်၊ ဝန်ကြီးအဖွဲ့များ ပါဝင်သည့် ကိုယ်စားလှယ်၂၂ ဦးကို လျာ ထားသတ်မှတ်ထား‌သော်လည်း အစိုးရ ကိုယ်စားလှယ်အဖွဲ့ဝင်များမှာ ခရီးစဉ်မစတင်မီ ခွင့်ပြုချက်မရသဖြင့် ပါဝင်ခဲ့ခြင်း မရှိ‌တော့ဘဲ ယခု အရပ်ဖက်မှ ကိုယ်စားလှယ်တစ်ဦး၊ ‌ကေအဲန်ယူ၏ ဒူးပလာယာနှင့် သထုံခရိုင်မှ ကိုယ်စားလှယ်နှစ်ဦး၊ စာ‌ရေးဆရာတစ်ဦး၊ သတင်းမီဒီယာသုံးဦး၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး သုံးဦးနှင့် ပညာရှင်နှစ်ဦး စုစု‌ပေါင်း ၁၂ဦးသာ ပါဝင်‌တော့သည်ဟု သိရသည်။