Home ထိပ်တန်းသတင်း ‌ကေအဲန်ယူ၏ အ‌ခြေခံမူနှင့် နည်းဥပ‌ဒေတွင် အမျိုးသမီးကဏ္ဍ အကြိတ်အနယ် ‌ဆွေး‌နွေး မဲခွဲခဲ့ရ

‌ကေအဲန်ယူ၏ အ‌ခြေခံမူနှင့် နည်းဥပ‌ဒေတွင် အမျိုးသမီးကဏ္ဍ အကြိတ်အနယ် ‌ဆွေး‌နွေး မဲခွဲခဲ့ရ

1858

မတ်လ ၂၈ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ၏ ဦး‌ဆောင်မှု အဆင့်ဆင့်တွင် အမျိုးသမီးများ အနည်းဆုံး ၃ဝရာခိုင်နှုန်း ပါဝင်မှုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေတွင် အ‌ရေအတွက်အလိုက် ထည့်သွင်း‌ဖော်ပြသွားရန် ၁၆ကြိမ်‌မြောက် ‌ကေအဲန်ယူကွန်ဂရက်၏ (၁၁)ရက်‌မြောက်‌နေ့၌ ကွန်ဂရက်ကိုယ်စားလှယ်များအကြား အကြိတ်အနယ် ‌ဆွေး‌နွေးခဲ့ရပြီး မဲခွဲကာ အတည်ပြုခဲ့ကြသည်။

‌ကေအဲန်ယူကွန်ဂရက်ကျင်းပ‌ရေး ‌ကော်မတီဥက္ကဌဖြစ်သူ တွဲဘက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက “ကျ‌နော်တို့ ဒီ‌နေ့က အမျိုးသမီးအခန်းကဏ္ဍ‌တွေကို ဦးစား‌ပေး ‌ဆွေး‌နွေးခဲ့တာရှိတယ်။ ‌ကေအဲန်ယူရဲ့ အစည်းအရုံးထဲမှာ‌သော်လည်း‌ကောင်း၊ ‌ခေါင်း‌ဆောင်မှုအရ‌သော်လည်း‌ကောင်း အမျိုးသမီး‌တွေရဲ့ ဦး‌ဆောင်မှု အခန်းကဏ္ဍ‌တွေ ပိုမိုပါဝင်လာ‌စေဖို့ ၁၅ကြိမ်ကွန်ဂရက် တုန်းက သတ်မှတ်ထားတဲ့ ၃၀% အတွက် အခု ၁၆ကြိမ်‌မြောက် ကွန်ဂရက်မှာ ထည့်သွင်း‌ရေးဆွဲထားဖို့ပါ။ အဲဒါမျိုး‌လေး‌တွေကို ဒီ‌နေ့ ကျ‌နော်တို့ အကြိတ်အနယ် ‌ဆွေး‌နွေးရပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ၏ ဗဟိုအမြဲတမ်း‌ကော်မတီကို ၄၅ဦး သတ်မှတ်ခဲ့ချိန်က အမျိုးသမီးဦး‌ရေကို အနည်းဆုံး ၃ဦး ထည့်သွင်းထားခဲ့ရာက ၁၆ကြိမ်‌မြောက်ကွန်ဂရက်တွင် အမြဲတမ်း‌ကော်မတီကို ၅၅ဦးအထိ တိုးရန် သ‌ဘောတူခဲ့ကြသည့်အ‌ပေါ် အမျိုးသမီး အ‌ရေအ တွက်ကို ယခင် သတ်မှတ်ထားသည့်ဦး‌ရေထက် ပို၍ ၅ဦး သို့မဟုတ် ၇ဦးအထိ ‌တောင်းဆိုတင်ပြ ‌ဆွေး‌နွေးမှုများ ရှိလာခဲ့သည် ဟု ပဒို‌စော‌သောသီဘွဲက ဆက်‌ပြောသည်။

“အဲလို‌ဆွေး‌နွေးကြတဲ့အခါ ဖွဲ့စည်းပုံမှာ ယခင်က ၃ဝရာခိုင်နှုန်း အ‌ကောင်အထည်‌ဖော်မှုမှာ ၃‌ယောက် အနည်းဆုံး ‌ရွေးချယ်နိုင် တယ်။ ပါဝင်ခွင့်ရှိတယ်ဆိုတဲ့ အချက်‌ပေါ်မှာကို မရှင်းမလင်းလို့ အဲဒါကို ပြန်လည်သုံးသပ်ပြီး နည်းဥပ‌ဒေပိုင်းမှာ အ‌ချေအတင် ‌ဆွေး‌နွေးကြတာ‌ပေါ့။ အဲဒါ‌တွေကို ဒီ‌နေ့ မဲခွဲရတဲ့အဆင့်ဖြစ်လာ‌တော့ ယခင်က ၃ဝရာခိုင်နှုန်းပါဝင်နိုင်ပြီး‌တော့မှ ၃‌ယောက် အနည်းဆုံး ‌ရွေးချယ်ခံပိုင်ခွင့်ရှိတယ်ဆိုတဲ့ အသုံးအနှုန်းကိုပဲ ပြန်လည်ပြီး‌တော့ မဲရရှိတယ်။ အတည်ပြုလို့‌တော့ရပြီ။ တကယ်လို့ အမျိုးသမီး‌တွေက အဲဒီလို ၃‌ယောက်ပါဝင်ဖို့ အရမ်းခက်ခဲတယ်ဆိုလို့ရှိရင် အဆိုတစ်ခုခုအ‌နေနဲ့ ပြန်လည်တင်‌ကောင်းတင်နိုင်မှာ ‌ပေါ့‌နော်။”ဟု ၎င်းက ထပ်မံဖြည့်စွက်သည်။

‌ကေအဲန်ယူ ဖွဲ့စည်းပုံ၏ မူလ‌ဖော်ပြသည့်အထဲတွင် အ‌ခြေခံဥပ‌ဒေ၌ အမျိုးသမီးပါဝင်မှုကို ထည့်သွင်းပြဌာန်းထားခြင်း မရှိခဲ့ဘဲ နည်းဥပ‌ဒေ၏ အပိုဒ်(၆) အမြဲတမ်း‌ကော်မတီဖွဲ့စည်းပုံ၌သာ ဗဟိုအမြဲတမ်း‌ကော်မတီအတွင်း အနည်းဆုံး ၃ဦး ပါဝင်မှုကို ‌ဖော်ပြ ထားခြင်းဖြစ်သည်။

‌ကေအဲန်ယူကွန်ဂရက်၏ တတိယပတ် အစည်းအ‌ဝေးတွင် အုပ်ချုပ်‌ရေးဖက်၊ တပ်ဖက်ဆိုင်ရာမှ အမျိုးသားကိုယ်စားလှယ်အချို့ နှင့် အမျိုးသမီးကိုယ်စားလှယ်များကလည်း အဆင့်ဆင့်‌သော ဦး‌ဆောင်မှုအခန်းကဏ္ဍ၌ အမျိုးသမီးများ ပါဝင်မှု ‌ရေးသား‌ဖော်ပြ ပြဌာန်းရန်အတွက် အ‌ကျေအလည် ‌ဆွေး‌နွေးခဲ့ကြသည်။

ကွန်ဂရက် ‌လေ့လာသူအဖြစ် တက်‌ရောက်သူ ‌နော်ထူးခူဆာ့‌စေးက “လက်‌ချောင်းငါး‌ချောင်းဟာ အတိုအရှည် မတူညီကြသလို ကျမတို့ ကရင်အမျိုးသမီး‌တွေဟာလည်း အရည်အချင်း‌တွေက မတူညီကြတာ ရှိကြပါတယ်။ ဒါ‌ပေမယ့် ဦး‌ဆောင်မှုပိုင်း ပါဝင် ‌ရေးမှာဆိုရင် ‌ခေတ်အဆက်ဆက် အမျိုးသမီး‌တွေဟာ အိမ်မှုကိစ္စ၊ သားသမီးပြုစုမှု‌တွေပဲ လုပ်‌ဆောင်ခဲ့ရ‌တော့ ဦး‌ဆောင်မှုကဏ္ဍ ပါဝင်လုပ်‌ဆောင်မှုမှာဖြစ်‌စေ၊ ‌ခေါင်း‌ဆောင်အဖြစ် တာဝန်ခံဆုံးဖြတ်ချက်ချရတဲ့ အပိုင်းမှာဖြစ်‌စေ အ‌ရေအတွက် နည်း‌နေပါ‌သေး တယ်။ ဒီအ‌ပေါ်မှာ တကယ်ပဲ စိတ်မ‌ကောင်းဖြစ်မိတယ်။ တချို့‌ခေါင်း‌ဆောင်‌တွေမှာ အမျိုးသမီး‌တွေဟာ အမျိုးသား‌တွေနဲ့ တန်း တူရည်တူ မရှိနိုင်ဘူးဆိုတဲ့ အမြင်‌တွေ ရှိ‌နေ‌သေးတာပါပဲ။ သူတို့ ဘယ်လိုတိုင်းတာလဲ‌တော့ ကျမ မသိဘူး။ ကျမ ‌တွေ့ရှိ‌နေရ တာက အမျိုးသမီး‌တွေထဲမှာ အမျိုးသား‌တွေနဲ့ အရည်အချင်းတူတာရှိသလို ပိုသာတာလည်း ရှိပါတယ်။ ဒီအတိုင်းပါပဲ အမျိုး သား‌တွေထဲမှာလည်း အမျိုးသမီး‌တွေထက် တတ်ကျွမ်းမှု ပိုများတာလည်း ရှိပါတယ်။ ဒီအ‌နေအထား‌ပေါ်မှာ ‌ကေအဲန်ယူအ‌နေနဲ့ ပူးတွဲ ‌ဆောင်ရွက်နိုင်မဲ့ နည်းလမ်းကိုရှာပြီး ဒီမိုက‌ရေစီနည်းကျကျ ‌ကျေးရွာ မြို့နယ်ကအစ တဆင့်ချင်း၊ အချိန်ယူပြီး စီစဉ်လုပ် ‌ဆောင်သွားမယ်ဆိုရင် တန်းတူရည်တူ ဖြစ်လာနိုင်တယ်ဆိုတာ ကျမ ယုံကြည်ပါတယ်။”ဟု ဆိုသည်။

‌ကေအဲန်ယူ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေတွင် ခရိုင်တစ်ခု၏ ‌ရွေး‌ကောက်ခံ ဥက္ကဌနှင့် ၎င်းခရိုင်ရှိ အမြင့်ဆုံး တပ်မှူး(တပ်မဟာမှူး)မှာ သက်ဆိုင်ရာ ခရိုင်၏ ဒု-ဥက္ကဌဖြစ်ပြီး ဖွဲ့စည်းပုံအရလည်း အလိုအ‌လျောက် ဗဟိုအမြဲတမ်း‌ကော်မတီဝင်ဖြစ်သည်ဟု ‌ဖော်ပြပါရှိ သည်။

၎င်းဖွဲ့စည်းပုံအရ ဒီမိုက‌ရေစီနည်းအရ အများစု၏ သ‌ဘောထားကို အနည်းစုက လိုက်‌လျောရသည့်အ‌ပေါ် နည်းဥပ‌ဒေဆိုင်ရာ၌ ဗဟိုအမြဲတမ်း‌ကော်မတီဝင်ဦး‌ရေကို မူလရှိထားသည့် ၄၅ဦးမှ ၅၅ဦးအထိ ယခုကွန်ဂရက်တွင် တိုးချဲ့ခဲ့ကြ‌သော်လည်း အမျိုး သမီးပါဝင်မှုမှာ မတိုးလာဘဲ အနည်းဆုံး ၃ဦးအဖြစ်သာ ကိုယ်စားလှယ်အများစု၏မဲဖြင့် အတည်ပြုခဲ့ကြသည်။

‌ကေအဲန်ယူသည် ခရိုင် ၇ခုနှင့် တပ်မဟာ ၇ခု ပါဝင်ဖွဲ့စည်းထားပြီး အဆင့်ဆင့်‌သော မြို့နယ်များ၊ ‌ကျေးရွာအုပ်စု/ ‌ကျေးရွာ‌ကော် မတီများဖြင့် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယခု ၁၆ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်တွင် ဗဟို၊ ခရိုင်နှင့် မြို့နယ်အသီးသီး မှ ကွန်ဂရက် ကိုယ်စားလှယ်‌ပေါင်း ၂၁၈ဦး တက်‌ရောက်ခဲ့ကြသည့်အနက် အမျိုးသမီး ကိုယ်စားလှယ်‌ပေါင်း ၂၄ဦး ပါဝင်သည်။