Home သတင်း နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲပါ ကဏ္ဍ ၄ ခုအ‌ကြောင်း စာယဉ်မွမ်းမံသင်တန်း၌ မိတ်ဆက် အသိပညာ‌ပေးမည်

နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲပါ ကဏ္ဍ ၄ ခုအ‌ကြောင်း စာယဉ်မွမ်းမံသင်တန်း၌ မိတ်ဆက် အသိပညာ‌ပေးမည်

1625

‌ဖေ‌ဖော်ဝါရီ ၂ဝ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်ရှိ ဆင်‌ပြေး‌ကျေးရွာ၌ မတ်လပထမအပတ်တွင် ပြုလုပ်မည့် ၄ ကြိမ်‌မြောက် ဝင်း ‌ရော်‌ဒေသနယ်လုံးဆိုင်ရာ ‌နွေရာသီ ကရင်စာ‌ပေ ဆရာဖြစ် မွမ်းမံသင်တန်းတွင် လက်ရှိ ကရင်အမျိုး သားများ ကြိုးပမ်း ‌ဖော်‌ဆောင်‌နေသည့် နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး၊ ‌မြေယာနှင့် သဘာဝသယံဇာတဆိုင်ရာ နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲပါ ကဏ္ဍ ၄ ခုကို သုတဘာသာရပ်အ‌နေဖြင့် မိတ်ဆက် အသိပညာ‌ပေးသွားမည်ဟု သိရသည်။

‌ဖေ‌ဖော်ဝါရီ ၁၈ ရက်‌နေ့က ဒညင်‌ကျေးရွာဘုန်းကြီး‌ကျောင်းတွင် ပြုလုပ်သည့် ၄ ကြိမ်‌မြောက် ကရင်စာ‌ပေ ဆရာဖြစ် မွမ်းမံ သင်တန်းဖြစ်‌မြောက်‌ရေး ညှိနှိုင်းအစည်းအ‌ဝေးတွင် သင်တန်း စီမံခန့်ခွဲ‌ရေး ‌ကော်မတီမှ ထိုသို့ ဆုံးဖြတ်လိုက် ခြင်းဖြစ်သည်ဟု ဝင်း‌ရော်‌ဒေသ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုတာဝန်ခံ ‌စော‌ယောင့်သာအဲဆိုင်က ‌ဖေ‌ဖော်ဝါရီ ၁၉ရက်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “မိခင်စာ‌ပေ၊ ဘာသာစကား၊ ယဉ်‌ကျေးမှု သာမက‌ပေါ့‌နော်။ လက်ရှိ ကရင်အမျိုးသားအ‌ရေးမှာ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲက‌နေ ကရင်နိုင်ငံ‌ရေးပါတီ၊ လူမှုအဖွဲ့အစည်း၊ လက်နက်ကိုင်အဖွဲ့အစည်း အသီး သီးက‌နေပြီး‌တော့ ‌ဆွေး‌နွေးချမှတ်ခဲ့တဲ့ မူကြမ်း ၄ ‌စောင်ကို ဆရာဖြစ် မွမ်းမံသင်တန်းလာတက်မယ့် ဆရာ၊ ဆရာမ‌လေး‌တွေဟာ သိသင့်သိထိုက်တယ်ထင်လို့ သုတဘာသာရပ်အ‌နေနဲ့ အသိပညာ‌ပေးသွားမယ်” ဟု ‌ပြောသည်။

၎င်းကရင်စာ‌ပေ ဆရာဖြစ် မွမ်းမံသင်တန်းသို့ ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူနှင့် မွန်ပြည်နယ်ရှိ ကျိုက်မ‌ရော၊ သံဖြုဇရပ်၊ ‌ရေးနှင့် ဘီလူးကျွန်းစသည့် မြို့နယ်များမှ က‌ညော-ဖလုံ ကရင်စာ‌ပေ သင်တန်းဆရာ ၂ဝ ဦးနှင့် သင်တန်းသား ၃၀ဝဦး ခန့် တက်‌ရောက်မည်ဖြစ်ပြီး သင်တန်းပြီးလျှင် ၎င်းတို့ သက်ဆိုင်ရာ‌ကျေးရွာသို့ ပြန်လည်သင် ကြားပို့ချသွားရမည်ဟု ‌စော‌ယောင့်သာအဲဆိုင်က ဆက်‌ပြောသည်။

၁၃ ရက်တာ ကြာမည့် အဆိုပါ ကရင်စာ‌ပေ ဆရာဖြစ် မွမ်းမံသင်တန်းတွင် နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲပါ ကဏ္ဍ ၄ ခု အ ပါအဝင် က‌ညော ကရင်စာ‌ပေ၊ ဖလုံစာ ကရင်စာ‌ပေ သင်ကြားပို့ချ‌ပေးခြင်း၊ ကရင်ရိုးရာ ဒုံးအကနှင့် ကရင်ရိုးရာ တူရိယာ ပညာရပ်ဆိုင်ရာများကိုပါ ထည့်သွင်း သင်ကြားပို့ချ‌ပေးသွားမည်ဟု သင်တန်း တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။

ကရင်ပြည်နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု ဥက္ကဌ မန်း‌အေးမြက “ကိုယ့်ကရင်တိုင်းရင်းသားစာ‌ပေကို ကရင် လူမျိုးတိုင်းက အ‌လေးထားပြီး‌တော့ သင်ရမယ်။ ကိုယ့်မိခင်ဘာသာစကား၊ စာ‌ပေမတတ်ဘူးဆိုရင် ယဉ်‌ကျေးမှု ဓ‌လေ့ထုံတမ်း‌တွေကို ဘယ်လိုလုပ်ထိန်းသိမ်းနိုင်မလဲ အမျိုးသား‌ရေးအ‌ပေါ်မှာ အာရုံစိုက်ပြီးလုပ်ရင် အ‌ရောင်အ‌သွေး ကင်းမဲ့ဖို့လိုတယ်။ ပိုးကရင်စာ၊ စ‌ကောကရင်စာဆိုပြီး ဘာသာ‌ရေး‌တွေမ‌ရောလာဖို့လိုတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၄ ကြိမ်‌မြောက် ဝင်း‌ရော်‌ဒေသနယ်လုံးဆိုင်ရာ ကရင်စာ‌ပေဆရာဖြစ် မွမ်းမံ သင်တန်းဆင်းပွဲကို ဧပြီလတွင် ဒညင် ‌ကျေးရွာ၌ ကျင်းပမည်ဖြစ်ပြီး ယခင်နှစ်က က‌ညော-ဖလုံ ကရင်စာ‌ပေ ဆရာဖြစ် မွမ်းမံသင်တန်းကို ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဖားပြ‌ကျေးရွာတွင် ကျင်းပခဲ့သည်ဟု တာဝန်ရှိသူထံမှ သိရသည်။