Home သတင်း ‌လေး‌ကေ့‌ကော်မြို့သစ်တွင် ‌ကျောင်းဆရာ၊ ဆရာမများအတွက် လစာ အခက်အခဲရှိ‌နေ

‌လေး‌ကေ့‌ကော်မြို့သစ်တွင် ‌ကျောင်းဆရာ၊ ဆရာမများအတွက် လစာ အခက်အခဲရှိ‌နေ

1807

‌ဖေ‌ဖော်ဝါရီ ၂၁ ရက်၊ ၂၀၁၇ ခုနှစ် ။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ‌လေး‌ကေ့‌ကော်မြို့သစ်တွင် စာသင်ကြားပို့ချ‌ပေး‌နေသည့် ‌ကျောင်းဆရာ၊ ဆရာမများမှာ ‌စေတနာ့ဝန်ထမ်း အဖြစ်သာ တာဝန်ထမ်း‌ဆောင်‌နေရပြီး ‌ရေရှည်အတွက် အခက်အခဲရှိ‌နေသည်ဟု အဆိုပါ ‌ဒေသရှိ ‌ကျောင်းဆရာ၊ ဆရာမများထံမှ သိရသည်။

‌လေး‌ကေ့‌ကော်မြို့သစ်စီမံကိန်းကို ၂၀၁၅ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၂ ရက်‌နေ့တွင် စတင်အ‌ကောင်အထည်‌ဖော်ခဲ့ပြီး ‌နောက် ပြည်နယ်အစိုးရက ‌ကျောင်းဆရာ၊ ဆရာမများကို သုံးလစာသာ ကူညီ‌ထောက်ပံ့ခဲ့ပြီး ‌နောက်ပိုင်းတွင် ‌ထောက်ပံ့မှုများမရှိ‌တော့‌ကြောင်း ‌လေး‌ကေ့‌ကော်မြို့သစ် ပညာ‌ရေးတာဝန်ခံ ဆရာမ နန့်‌ဘေဘီအဲနာက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ ‌ကျောင်းသားမိဘ‌တွေလည်း ပါဝင်ပူး‌ပေါင်းဖို့နဲ့ အစိုးရဘက်‌တွေမှာလည်း နိုင်တဲ့ဘက်က‌နေပြီး ပြန်လည် ကြည့်‌ပေးမယ်ဆိုရင် ဒီ‌ဒေသမှာ ပညာ‌ရေးကဏ္ဍအတွက် အခက်အခဲမရှိ‌လောက်‌တော့ဘူးလု့ိ မြင်ပါတယ်” ဟု ၎င်းက ‌ပြောသည်။

အဆိုပါ ‌ကျောင်းတွင် ‌ကျောင်းသား‌ကျောင်းသူဦး‌ရေမှာ တနှစ်ထက်တနှစ် ပိုတိုးလာပြီး လာမည့်နှစ်တွင်လည်း တိုးလာရန်ရှိ‌ကြောင်း၊ ‌ကျောင်းဆရာ၊ ဆရာမ ဦး‌ရေမှာ အလွန်နည်းပါးသဖြင့် ထပ်မံတိုးခန့်ထားရန်လည်း လိုအပ်‌နေ‌သေး‌ကြောင်း ဆရာမ နန့်‌ဘေဘီအဲနာက ဖြည့်စွက်‌ပြောသည်။

“လာမယ့်နှစ်ဘတ်ဂျက်မှာ ပြည်နယ်အစိုးရကို တင်ပြရမယ်။ အစိုးရရဲ့ ဆုံးဖြတ်ချက်‌တွေနဲ့ လုပ်‌ဆောင်ရမယ်။ ပြီးရင် ပြည်‌ထောင်စုအစိုးရကို တင်ပြရမယ်။ ပြည်‌ထောင်စု အစိုးရရဲ့ဆုံးဖြတ်ကိုပဲ ‌စောင့်‌နေရမှာဖြစ်တယ်။ ကျ‌နော်တို့က‌တော့ ဘယ်အချိန်၊ ဘယ်အခါ လုပ်‌ပေးနိုင်မလဲဆိုတာ‌တော့ မဆုံးဖြတ်‌ပေးနိုင်‌သေးဘူး” ဟု ကရင်ပြည်နယ် လူမှု‌ရေးဝန်ကြီး ‌ဒေါက်တာတင်ဝင်း‌ကျော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌လေး‌ကေ့‌ကော်မြို့သစ် စာသင်‌ကျောင်းရှိ ဆရာ၊ ဆရာမ၏ လိုအပ်ချက်များကို ပြည်နယ်အစိုးရက ‌ဖြေရှင်း‌ပေး သင့်ပြီး ဆရာ၊ ဆရာမအား တရားဝင်သတ်မှတ်ခန့်အပ်ရန်နှင့် ဆရာ၊ ဆရာမ၏ လစာကိုလည်း စီစဉ် ‌ပေးသင့် သည်ဟု ကရင်ပြည်နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုအသင်း ဥက္ကဌ ‌စောမြ‌အေးက အကြံပြု‌ပြောသည်။

‌လေး‌ကေ့‌ကော်မြို့သစ်တွင် အထက်တန်း‌ကျောင်း တစ်‌ကျောင်းရှိပြီး ‌ကျောင်းသူ‌ကျောင်းသား စုစု ‌ပေါင်း ၃ ရာ‌ကျော် ရှိ‌သော်လည်း စာသင်ကြား‌ပေး‌နေသည့် ဆရာ၊ ဆရာမများက စုစု‌ပေါင်း ၁၄ ဦးသာရှိသည်။ ယင်းဆရာဆရာမများအား အစိုးရခန့်အပ်ထားခြင်းမဟုတ်ဘဲ ‌ဒေသခံများက ခန့်ထားခြင်း ဖြစ်သည်။

‌လေး‌ကေ့‌ကော်မြို့သစ်စီမံကိန်းသည် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မိသားစုနှင့် စစ်‌ဘေး‌ရှောင် ဒုက္ခသည်များအတွက် ပြန်လည် ‌နေရာချထား‌ပေးသည့် စီမံကိန်းဖြစ်ပြီး ‌မြေဧက‌ပေါင်း ၁,၈၀ဝ လျာထားကာ ၇၅၅ ဧကတို့ကို အရစ်ကျ အ‌ကောင်အထည်‌ဖော်မည်ဖြစ်ပြီး တန်ဖိုးနည်းအိမ် အလုံး ၁၅၀ဝ ‌ဆောက်လုပ်ရန် လျာထားလျက်ရှိသည်။