Home သတင်း ‌ကေအဲန်ယူမှ ‌ကျေးရွာသူကြီးများအား တရား‌ရေးဆိုင်ရာ သင်တန်းများပြုလုပ်‌ပေး

‌ကေအဲန်ယူမှ ‌ကျေးရွာသူကြီးများအား တရား‌ရေးဆိုင်ရာ သင်တန်းများပြုလုပ်‌ပေး

1767

‌ဖေ‌ဖော်ဝါရီ ၃ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး -KNU တရား‌ရေးဌာန၏ ဦး‌ဆောင်မှုဖြင့် ၎င်းတို့နယ်‌မြေအတွင်းရှိ ‌ကျေးရွာသူကြီး များအား‌ခေါ်ယူကာ တရား‌ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့်ပတ်သက်သည့် legal Capacity Building Training to Community leaders သင်တန်းကို ဇန်နဝါရီလ ၃ဝ ရက်‌နေ့မှ စတင်ကာ ပို့ချ‌ပေး လျှက်ရှိ‌ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို KNU နယ်‌မြေဖြစ်သည့် ဖားအံခရိုင် ‌သေ့‌ဘေ့ထာ့‌နေရာတွင် ‌ဖေ‌ဖော်ဝါရီ ၄ ရက်‌နေ့အထိ ပြုလုပ်‌ပေးသွားမည်ဖြစ်ပြီး တရား‌ရေးဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ ပိုမို ဆက်စပ်‌ဆောင်ရွက်နိုင်မှု အား ‌ကောင်းလာ‌စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်‌ကြောင်း KNU ဗဟိုတရား‌ရေးဌာန တာဝန်ခံ ပဒို ‌စော အယ်က လူ‌စေးက ‌ပြောသည်။

၎င်းက “အမှုအခင်း‌တွေဆိုတာ အများအားဖြင့် ‌အောက်‌ခြေလူမှုအဖွဲ့အစည်း‌တွေက‌နေ ဖြစ်လာတာများတယ်။ အဲဒီ‌တော့ ‌အောက်‌ခြေအဆင့် ‌ကျေးရွာက‌နေစပြီး ဥပ‌ဒေ‌တွေ၊ လုပ်ထုံးလုပ်နည်း‌တွေ၊ အဆင့်ဆင့် လုပ်‌ဆောင် ရမယ့် ကိစ္စ‌တွေကို ပိုသိ‌စေဖို့အပြင် အမှုအခင်း‌ဖြေရှင်း‌ရေးကိစ္စ‌တွေမှာ ဆက်စပ်ပြီး အကူအညီ‌တွေအကြံ ဉာဏ် ‌တွေရယူနိုင်ဖို့အတွက် ပထမဆင့်အ‌နေနဲ့ အ‌ကောင်အထည်‌ဖော်ခြင်းဖြစ်ပါတယ်”ဟု ‌ပြောသည်။

သင်တန်းတွင် KNU ခရိုင် ၇ ခုမှ ‌ကျေးရွာအဆင့် ရွာသူကြီး ၃၅ ဦးတက်‌ရောက်ခဲ့ပြီး ကရင်ဥပ‌ဒေပိုင်းဆိုင်ရာ အ‌ထောက်အကူပြုအဖွဲ့ – KLACမှ ဆရာ၊ ဆရာမများက အ‌ခြေခံလူ့အခွင့်အ‌ရေး၊ တရား ဥပ‌ဒေဆိုင်ရာ အ‌ထွေ ‌ထွေအ‌ခြေခံမူ၊ ‌ကော်သူး‌လေ တရားမမှုနှင့် ရာဇဝတ်မှု ဥပ‌ဒေတိုင်တန်းခြင်းနှင့်တင်ပြခြင်း ယန္တရား၊ သမရိုး ကျမဟုတ်‌သော အငြင်းပွားမှု‌ဖြေရှင်းခြင်း နည်းလမ်းများကို သင်ကြားပို့ချ‌ပေး‌ကြောင်း သိရသည်။

KNU ဒူးပလာယာခရိုင်၊ ‌ကော့ကရိတ်မြို့နယ်မှ သင်တန်းတက်‌ရောက်လာသူ မန်းထွန်းလွင်က “အရင်က‌တော့
ဒီ‌ကော်သူး‌လေဥပ‌ဒေ‌တွေကို ‌အောက်‌ခြေလူထု‌တွေက သိပ်နားမလည်ကြဘူး။ ဥပမာ – အမှုအခင်း‌တွေဖြစ်ရင် လုပ်ရမယ့် တာဝန်ဝတ္တရား‌တွေကို အဆင့်ဆင့်နားလည်တဲ့အခါ အလုပ်လုပ်ရတာ ပိုပြီးလွယ်ကူတာ‌ပေါ့။ ဒီ ကရ လာတဲ့အသိ‌တွေဟာ ‌တော်‌တော်အကျိုးရှိပါတယ်။ အဆင့်ဆင့်ပြန်ပြီးဖလှယ်ကြဖို့‌တော့ရှိတာ‌ပေါ့” ဟု ‌ပြောသည်။

ကရင် ဥပ‌ဒေဆိုင်ရာအ‌ထောက်အကူအပြုအဖွဲ့(Karen Legal Assistance Center)ကို ‌ကေအဲန်ယူ၏ စည်းရုံး‌ရေးဌာန၊ တရား‌ရေးဌာန၊ တရားစီရင်‌ရေးဌာန၊ လယ်ယာစိုက်ပျိုး‌ရေးဌာန၊ ပြည်ထဲ‌ရေးဌာနနှင့် ကရင် အမျိုးသမီးအစည်းအရုံး-KWO စသည့်ဌာန၊ အဖွဲ့အစည်းများဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယခုပြုလုပ်သည့် သင်တန်းမှာ KNU တရား‌ရေးဌာန၏ ‌အောက်‌ခြေ‌ကျေးရွာအဆင့်အ‌နေဖြင့် ပထမဆုံးပြု လုပ်‌ပေးသည့် သင်တန်းဖြစ်ပြီး လာမည့် ‌ဖေ‌ဖော်ဝါရီ ၁၃ ရက်မှ ၂၄ ရက်‌နေ့အထိ ဥပ‌ဒေအကျိုး ‌ဆောင်များ အတွက် တရားဥပ‌ဒေ‌ရေးဆိုင်ရာ သင်တန်းများကို ‌သေ့‌ဘေ့ထာ့‌နေရာတွင် ထပ်မံပြုလုပ်သွား မည်ဖြစ်‌ကြောင်း သိရသည်။