Home သတင်း စစ်မက် ဖြစ်ပွားခဲ့ရာ မဲ့သ‌ဝေါ‌ဒေသအတွင်း ရွာသားတစ်ဦး မိုင်းနင်းမိ၍ အပြင်းအထန် ဒဏ်ရာရရှိ

စစ်မက် ဖြစ်ပွားခဲ့ရာ မဲ့သ‌ဝေါ‌ဒေသအတွင်း ရွာသားတစ်ဦး မိုင်းနင်းမိ၍ အပြင်းအထန် ဒဏ်ရာရရှိ

2109

‌ဖေ‌ဖော်ဝါရီ ၁ ရက်၊ ၂၀၁၇ ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲ့သ‌ဝေါ‌ဒေသ တိုက်ပွဲများဖြစ်ပွားခဲ့သည့်‌နေရာ ‌ဒေသတွင်းရှိ ထီးနို့ထ‌ကျေးရွာ တွင် ဇန်နဝါရီ ၃၁ ရက်‌နေ့က ရွာသားတစ်ဦး ‌မြေမြှုပ်မိုင်း နင်းမိ‌ပေါက်ကွဲမှု‌ကြောင့် ပြင်းထန်သည့် ဒဏ်ရာများ ဖြင့် မြိုင်ကြီးငူ‌ဆေးရုံမှတစ်ဆင့် ဖားအံပြည်သူ့‌ဆေးရုံကြီးသို့ တင်ပို့ ကုသ‌ပေးထား‌ကြောင်း သိရှိရသည်။

မြိုင်ကြီးငူ‌ကျောက်စာကွင်း ယာယီစစ်‌ရှောင်စခန်းတွင် ‌နေထိုင်သူ ‌စောအိုဖငါ့နှင့် ရွာသားတစ်ချို့ သည် ၃၁ ရက်‌နေ့ မနက်ပိုင်းက ၎င်းတို့‌နေထိုင်သည့် ထီးနို့ထ‌ကျေးရွာရှိ ရာဘာခြံများသို့ သွား‌ရောက်ကြည့်ရှုကြပြီး စစ်‌ဘေး‌ရှောင်စခန်းသို့ ပြန်လာစဉ် ယခင်နှစ် စက်တင်ဘာလဆန်းပိုင်းက တိုက်ပွဲဖြစ်စဉ် ရာဘာခြံတွင်း ‌ထောင်ထားခဲ့သည့် မိုင်းကို နင်းမိခဲ့ရာမှ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

‌စောအိုဖငါ့ အား‌ဆေးရုံသို့ လိုက်ပါ ‌စောင့်‌ရှောက်‌ပေး‌နေသူ ‌စောဝင်းညိုက “ကျ‌နော်တို့ တစ်မနက်လုံးခြံထဲ အ တူရှိ‌နေတာ အတူသွား‌နေတာ မနင်းမိဘူး ။ ပြန်ကြ‌တော့မယ်ဆိုပြီး ခြံလာပြန်ကြည့်သူ‌တွေ အကုန်ပြန်ထွက် လာ‌နေပြီ။ သူကအဲကျမှ ‌နောက်မှာ မိုင်းနင်းမိသွားတာ။ စိတ်မ‌ကောင်းဘူး။ မ‌သေတာ ‌တော်‌သေးတာ‌ပေါ။့ ဒီ လိုသာ ဖြစ်‌နေရင် ရွာပြန်ဖို့ မရဲ‌တော့ဘူး။ ဘယ်နားသူတို့ ‌ထောင်ခဲ့တာ‌တွေ ရှိ‌နေမှန်း ကိုယ်‌တွေ မသိ‌တော့ဘူး ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် လူနာအတွက် ကုသ‌ရေးပိုင်းတွင် အဆင်‌ပြေမှုများရှိ‌နေ‌သော်လည်း လူနာနှင့် လူနာအားပြုစု‌ပေးမည့် သူများအ‌နေဖြင့် ‌ဆေးရုံတွင် ‌နေ့စဉ်စား‌သောက်‌နေထိုင်ရန် ‌ငွေ‌ကြေးအခက်အခဲများရှိ‌နေသဖြင့် ကူညီ‌ပေးနိုင်မည့်သူများမှ အကူအညီ‌ပေး‌စေချင်‌ကြောင်းလည်း ၎င်းက ဖြည့်စွက်‌ပြောဆိုသည်။

မိုင်းနင်းမိသူ ‌စောအိုဖငါ့ အသက် ၃၆ နှစ်မှာ ထီးနို့ထရွာသားတစ်ဦးဖြစ်ပြီး မိုင်းစများထိမှန်ခဲ့မှု‌ကြောင့် ညာ‌ခြေ ‌ထောက်‌ခြေကျင်းဝတ်မှ ပြတ်ထွက်ဒဏ်ရာ၊ ဘယ်‌ခြေ‌ထောက်၊ ‌ပေါင်နှင့် ခန္ဓာကိုယ်တွင် မိုင်းစအချို့ ထိမှန် ဒဏ် ရာရခဲ့ခြင်း ဖြစ်သည်။

မိုင်းနင်းမိသည့် လူနာအား မြိုင်ကြီးငူတိုက်နယ်‌ဆေးရုံမှ ကနဦး ကုသမှုများပြုလုပ်ကာ ဖားအံ ပြည်သူ့‌ဆေးရုံ သို့ ည‌နေ ၃ နာရီ ၃ဝ မိနစ်တွင် လွှဲ‌ပြောင်း‌ပေးခဲ့ပြီး ‌ဆေးရုံကြီးမှ လူနာအား ညာဘက်‌ခြေ‌ထောက် ဒူး‌ခေါင်းရင်းမှ ဖြတ်‌တောက် ခွဲစိတ်ကုသခြင်း၊ ဘယ်ဘက်‌ခြေ‌ထောက် မိုင်းစထိမှန် ဒဏ်ရာများ ကုသ‌ပေးခြင်းများ ပြုလုပ်ကာ လိုအပ်သည့် ‌ဆေးဝါးနှင့် ပြုစုပံ့ပိုး‌စောင့်‌ရှောက်မှုများ ပြုလုပ်‌ပေး‌နေ‌ကြောင်း ဖားအံ ပြည်သူ့‌ဆေးရုံ အရိုးအ‌ကြောနှင့် ထိခိုက်ဒဏ်ရာ ကုသမှုဌာနမှ သိရှိရသည်။

ဖားအံ ပြည်သူ့‌ဆေးရုံကြီး အရိုးဌာန အထူးကုဆရာဝန်ကြီး ‌ဒေါက်တာ ရဲ‌ကျော်သူက “ကျ‌နော်တို့ ‌ဆေးရုံကို လူနာ‌ရောက်လာချင်းပဲ ခွဲစိတ်ကုသမှုပြု‌ပေးခဲ့တယ်။ ည ၇ နာရီ ၃ဝ မှာ ပြီးတယ်။ လူနာလိုအပ်တဲ့ ‌ဆေးကု သမှု ဆက်‌ပေးထားတယ်။ တစ်ပတ်ကြာ လူနာအ‌ခြေအ‌နေ ‌ကောင်းရင် ‌ဆေးရုံဆင်းခွင့်ရမယ်။ ပြီးရင်‌တော့ ‌တောင်က‌လေး ‌ခြေတု၊ လက်တု ‌ဆေးရုံကို ဆက်လွှဲကုသ‌ပေးမယ်။ ‌ခြေတု တပ်ဆင်ပြီး သွားနိုင် လာနိုင်တဲ့အထိ ကျ‌နော်တို့ ပြုစုကုသ‌ပေးဖို့ စီစဉ်ထားပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ မဲ့သ‌ဝေါ‌ဒေသ တိုက်ပွဲများဖြစ်ပွားပြီး‌နောက် ‌ဒေသခံ စစ်‌ဘေး‌ရှောင်များအ‌နေဖြင့် ‌နေရပ်ပြန်လည် အ‌ခြေချနိုင်ရန် မိမိတို့‌နေထိုင်ရာ ‌ကျေးရွာများရှိ သီးပင်စားပင်နှင့် လယ်ယာ၊ ကျွဲနွားတို့အား အ‌ခြေအ‌နေ ပြန် လည် ကြည့်ရှုရာမှ ‌မြေမြှုပ်မိုင်း နင်းမိကာ ထိခိုက်ဒဏ်ရာနှင့် ‌သေဆုံးမှု ဖြစ်စဉ်များ မကြာခဏဖြစ်‌ပေါ် ‌လေ့ရှိ‌ကြောင်း စစ်‌ဘေး‌ရှောင်များက ‌ပြောဆိုသည်။

မဲ့သ‌ဝေါ‌ဒေသတွင်း တိုက်ပွဲများ‌ကြောင့် ‌နေရပ်စွန့်ခွာထွက်‌ပြေးရသူ ‌ဒေသခံစစ်‌ဘေး‌ရှောင်များမှာ ယ‌နေ့အထိ ‌နေရပ် ပြန်လည်အ‌ခြေချ မ‌နေထိုင်နိုင်‌သေးဘဲ မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်းတွင်ခိုလှုံ‌နေရဆဲဖြစ်ပြီး လက်ရှိ အဆိုပါ စစ်‌ဘေး‌ရှောင်စခန်းတွင် လူဦး‌ရေ ၃၅၀ဝ ‌ကျော် ကျန်ရှိ‌နေ‌သေး‌ကြောင်း စစ်‌ဘေး‌ရှောင်တန်းလျား များ အုပ်ချုပ်‌ရေး တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရှိရသည်။