Home သတင်း ကရင့်လက်နက်ကိုင်များ မိမိရပ်တည်ချက်ကို ပြန်ဆန်းစစ်ရန် KNLA ဒုစစ်ဦးစီးချုပ်‌ပြော

ကရင့်လက်နက်ကိုင်များ မိမိရပ်တည်ချက်ကို ပြန်ဆန်းစစ်ရန် KNLA ဒုစစ်ဦးစီးချုပ်‌ပြော

2777

‌ဖေ‌ဖော်ဝါရီ ၁ ရက်၊၂၀၁၇ ခုနှစ်။ စအိုင်ဆူး

ကရင်လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များအ‌နေဖြင့် မိမိရပ်တည်ချက်ကို ပြန်ဆန်းစစ်ကြရန် အချိန်တန်ပြီဟု ဇန်နဝါရီ ၃၁ ရက်‌နေ့က ကရင်အမျိုးသား အစည်းအရုံး-KNU ဖာပွန်ခရိုင်တွင် ကျင်းပသည့် ၆၈ နှစ်‌မြောက် ကရင်အမျိုးသား ‌တော်လှန် ‌ရေး‌နေ့ အခမ်းအနား၌ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်-KNLA ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး‌စော ‌ဘော‌ကျော်ဟဲက ‌ပြောကြားလိုက်သည်။

ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက “DKBA၊ PC၊ KNLA၊ KNDO ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ကရင်ပြည်သူ‌တွေအတွက် လုပ်‌နေ ကြတယ်လို့ပဲ ကိုယ့်ကိုယ်ကို သတ်မှတ်ခံယူကြတယ်။ ကိုယ်လက်နက်ကိုင်တာနဲ့ ကိုယ့်လူမျိုး အတွက်လုပ်‌နေတာ က ကိုက်ညီမှုရှိရဲ့လား၊ ကိုယ်‌ပြောသလို ကိုယ်လုပ်‌နေရဲ့လားဆိုတာကို ‌သေချာပြန် ဆန်းစစ်ကြဖို့ အချိန်တန်ပြီး”ဟု အဖွင့်မိန့် ခွန်းတွင် ‌ပြောကြားခဲ့သည်။

ထို့အပြင် ကရင့်လက်နက်ကိုင်များအ‌နေဖြင့် အ‌ပြောတစ်မျိုးအလုပ်တစ်မျိုး လုပ်‌ဆောင်‌နေခြင်းသည် မိမိလူမျိုးကို ပြန် လည်ဖျက်ဆီးရာ ‌ရောက်သည့်အတွက် မိမိပြည်သူ၏ ဆန္ဒအတိုင်း ဖြစ်နိုင်သည့် နည်းလမ်းများဖြင့် ပြန်လည်‌ပေါင်းစည်းကြ ရန်လိုအပ်ပြီးဖြစ်‌ကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက တိုက်တွန်း‌ပြောဆိုလိုက်သည်။

KNU လက်‌အောက်ခံ KNLA တပ်မ‌တော်နှင့် ကရင်အမျိုးသားကာကွယ်‌ရေးအဖွဲ့-KNDO တို့မှလွဲ၍ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်-DKBA၊ ယမန်နှစ်က ပြန်လည်ဖွဲ့စည်းသည့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော် -DKBA ၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ -KNU/KNLA (PC)၊ နှင့် မြန်မာအစိုးရတပ်မ‌တော် လက်‌အောက်ခံ ကရင်နယ်ခြား ‌စောင့်တပ်-BGFတို့သည် သက်ဆိုင်ရာ နယ်‌မြေ‌ဒေသအလိုက်တွင် အ‌ခြေစိုက်လှုပ်ရှား‌နေကြသည့် ကရင်လက်နက်ကိုင် အဖွဲ့များဖြစ်သည်။

ဖာပွန်ခရိုင်တွင် ကျင်းပသည့် ကရင့်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားသို့ KNLA စစ်ဘက်ဆိုင်ရာ ‌ခေါင်း‌ဆောင်များ၊ ကိုရီး ယား၊ ထိုင်းနိုင်ငံမှ အထူးဧည့်သည်များ၊ ပြည်တွင်း၊ နယ်စပ်ရှိ‌ကျောင်းသား/သူများ၊ ‌ဒေသခံပြည်သူလူထုများ စုစု‌ပေါင်း ၃၀၀ဝ ‌ကျော်တက်‌ရောက်ခဲ့ပြီး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၏ မိန့်ခွန်းကို ဖတ်ကြားခြင်း၊ ဒုစစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲ၊ ဖာပွန်ခရိုင် ဥက္ကဌ ပဒို‌စောဒီ့‌ဂေဂျူးနီယာတို့က မိန့်ခွန်း‌ပြောကြားခြင်းနှင့် ကရင်အမျိုးသား ‌တော်လှန်‌ရေးဖြစ်‌ပေါ်လာပုံတို့ကို ဖတ်ကြားခဲ့သည်။

ထို‌နေ့ အခမ်းအနားသို့ တက်‌ရောက်သူ ‌စောယာဟ‌လေ‌လေးလက “‌တော်လှန်‌ရေးလုပ်‌နေတဲ့ ကရင်‌တွေ‌ကော ပြည် တွင်း‌ရော၊ ပြည်ပ‌ရောက် ကရင်‌တွေအားလုံးအ‌နေနဲ့ ကျ‌နော်တို့ ကရင့်‌တော်လှန်‌ရေးက မပြီးဆုံး‌သေးပါဘူး။ ဒါ‌ကြောင့် ကျ‌နော်တို့ တာဝန်မ‌ကျေ‌သေးပါဘူး။ ကရင့်‌တော်လှန်‌ရေးက တရားတဲ့‌တော်လှန်‌ရေးဖြစ်တဲ့အတွက် တစ်‌နေ့ မ¬¬ုချ‌အောင်မြင် မှာပါ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖဆပလ အစိုးရ လက်ထက် ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်‌နေ့တွင် အစိုးရတပ်နှင့် KNDO တပ်တို့ အကြား တိုက်ပွဲများ စတင်ဖြစ်‌ပေါ်သည့်‌နေ့ကို အစွဲပြုပြီး ကရင့်‌တော်လှန်‌ရေး‌နေ့အဖြစ် ကရင်အမျိုးသားများက သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ကျ‌ရောက်သည့် ကရင်အမျိုးသား‌တော်လှန်‌ရေး‌နေ့ကို KNU ခရိုင်၊ တပ်မဟာများအပါအဝင် ပြည်ပ‌ရောက် ကရင် အမျိုးသားများကလည်း ဂုဏ်ပြု ကျင်းပခဲ့ကြသည်ဟု သိရသည်။