Home သတင်း နိုင်ငံ‌ရေးအ‌ခြေအ‌နေအရ တိုက်ပွဲပုံသဏ္ဍာန်များ ‌ပြောင်းလဲရမည်ဖြစ်‌ကြောင်း DKBA စစ်ဦးစီးချုပ်‌ပြော

နိုင်ငံ‌ရေးအ‌ခြေအ‌နေအရ တိုက်ပွဲပုံသဏ္ဍာန်များ ‌ပြောင်းလဲရမည်ဖြစ်‌ကြောင်း DKBA စစ်ဦးစီးချုပ်‌ပြော

3341

ဒီဇင်ဘာ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

မပြီးဆုံး‌သေးသည့် အမျိုးသားလွတ် ‌မြောက်‌ရေး‌တောင်းဆိုမှုတိုက်ပွဲအတွက် ‌ပြောင်းလဲလာသည့် နိုင်ငံ‌ရေး အ‌ခြေအ‌နေများနှင့် အညီ တိုက်ပွဲဝင်သွားမည်ဖြစ်‌ကြောင်း ဒီဇင်ဘာလ ၂၁ရက်(ယ‌နေ့)တွင် ကျ‌ရောက်သည့် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (DKBA)၏ ၂၂နှစ်‌မြောက် နှစ်ပတ်လည် အခမ်းအနားတွင် စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး‌စောမို‌ရှေးက ‌ပြောကြားလိုက်သည်။

ဗိုလ်ချုပ်ကြီး ‌စောမို‌ရှေးက “ဆယ်စုနှစ် ၆စု‌ကျော်‌ကျော် လုပ်‌ဆောင်လာခဲ့တဲ့ ငါတို့ အမျိုးသားလွတ်‌မြောက်‌ရေးတိုက်ပွဲဟာ မပြီး ဆုံး‌သေးပါဘူး။ တိုက်ပွဲပုံသဏ္ဍာန် ‌ပြောင်းလဲသွားတာပဲ ဖြစ်တယ်။ ‌ပြောင်းလဲလာတဲ့ နိုင်ငံ‌ရေးအ‌ခြေအ‌နေကိုလိုက်ပြီး တိုက်ပွဲပုံစံ ‌ပြောင်းသွားရမှာပဲဖြစ်တယ်”ဟု အခမ်းအနားတွင် ‌ပြောကြားလိုက်သည်။

၎င်းအပြင် လက်နက်ကိုင်တိုက်မှ တိုက်ပွဲမဟုတ်သည့်အတွက် ‌ပြောင်းလဲလာသည့် တိုက်ပွဲပုံသဏ္ဍာန်များအရ ‌စေ့စပ်ညှိနှိုင်းအ ‌ဖြေရှာခြင်းဖြင့် ထူးချွန်ထက်မြက်သည့် ပြည်သူအားကိုးယုံကြည်ရသည့် နိုင်ငံ‌ရေးသမား‌ကောင်းများဖြစ်လာရန် ကြိုးစားကြရမည် ဖြစ်‌ကြောင်းလည်း အခမ်းအနားမိန့်ခွန်းတွင် DKBA စစ်ဦးစီးချုပ်က ထည့်သွင်း‌ပြောဆိုသွားခဲ့သည်။

ကရင်ပြည်နယ်တွင် ပြီးခဲ့သည့် ၁၉၉၄ခုနှစ်မှ စတင်ကာ ၂၀၁၆ခုနှစ်အထိ ကရင်လက်နက်ကိုင် အနည်းဆုံး ၄ဖွဲ့ခန့် ခွဲထွက်‌ပေါ် ‌ပေါက်လာခဲ့သလို အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ကရင်လက်နက်ကိုင်အချင်းချင်း‌သော်လည်း‌ကောင်း အစိုးရတပ်မ‌တော်၊ နယ်ခြား ‌စောင့်တပ် BGF တို့နှင့်‌သော်လည်း‌ကောင်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ဘူးသည်။

“၂၀၁ဝခုနှစ်‌နောက်ပိုင်းမှာ ကျ‌နော်တို့က နယ်ခြား‌စောင့်တပ် BGF အဖြစ် အသွင်‌ပြောင်းလဲခဲ့တာ‌ပေါ့‌နော်။ တစ်ချိန်ကျရင်‌တော့ မြန်မာနိုင်ငံ‌တော်ကြီးအလံ‌တော်‌အောက်က ပြီး‌တော့ ကရင့်အမျိုးသားအလံ‌တော်‌အောက်က ကရင့်လက်နက်အဖွဲ့‌တွေ တစ်ဖွဲ့ တည်း ရှိသင့်တယ်လို့ မြင်ပါတယ်”ဟု အခမ်းအနားတက်‌ရောက်လာသည့် BGF မှ ဗိုလ်မှူးနိုင်‌မောင်‌ဇော်က ‌ပြောသည်။

DKBA အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(NCA)ကို လက်မှတ်‌ရေးထိုးထားသည့် ကရင် လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့တစ်ခုဖြစ်သလို ၂၁ရာစုပင်လုံညီလာခံနှင့်အတူ နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုများတွင် အခြား‌သော လက်မှတ်‌ရေးထိုးထားသည့်အဖွဲ့များနှင့် ပူး‌ပေါင်းပါဝင်မှုများ လုပ်‌ဆောင်‌နေသည့် အဖွဲ့တစ်ခုလည်း ဖြစ်သည်။
dsc_0314
ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့နယ်ခွဲရှိ DKBA ဌာနချုပ်ဖြစ်သည့် ဆုံဆည်းမြိုင်‌ကျေးရွာတွင် ယ‌နေ့ ကျင်းပသည့် ၂၂နှစ် ‌မြောက်နှစ်ပတ်လည်‌နေ့ အခမ်းအနားသို့ DKBA အဖွဲ့ကို တည်‌ထောင်ခဲ့သူ မြိုင်ကြီးငူဆရာ‌တော် ဦးသုဇနအပြင် ကရင်အမျိုး သားအစည်းအရုံး(KNU) နှင့် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ စသည့် ကရင်လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များနှင့် နယ် ခြား‌စောင့်တပ် BGF တပ်ဖွဲ့ဝင်များလည်း တက်‌ရောက်ခဲ့ကြသည်။

ထို့အတူ နိုင်ငံ‌တော် သမ္မတ‌ဟောင်း ဦးသိန်းစိန်မှလည်း နှစ်ပတ်လည်‌နေ့အတွက် သဝဏ်လွှာ‌ပေးပို့ခဲ့ပြီး ပြည်နယ်အစိုးရ တာဝန် ရှိသူများ၊ တပ်မ‌တော်ရာရှိများ၊ အစိုးရဌာနဆိုင်ရာများ၊ မဟာမိတ်အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသား များဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရှမ်းပြည်‌ပေါင်းစုံပြည်သူ့လွတ်‌မြောက်‌ရေးအဖွဲ့များက တက်‌ရောက်ခဲ့ကြသည်။

ယ‌နေ့ ကျင်းပသည့် DKBA နှစ်ပတ်လည် အခမ်းအနားတွင် မိန့်ခွန်း‌ပြောခြင်း၊ စစ်‌ရေးပြချီ တက်အ‌လေးပြုခြင်း၊ သဝဏ်လွှာ ဖတ် ကြားခြင်းများ ပြုလုပ်ခဲ့ပြီး နှစ်ပတ်လည်‌နေ့ အထိမ်းအမှတ်အ‌နေဖြင့် ထိုင်း-ရိုးရာလက်‌ဝှေ့ပွဲများ၊ ‌ဘောလုံး၊ ခြင်းလုံး စသည့် အားကစားပွဲများအပြင် ဒုံးအကများ၊ ဇာတ်သဘင်များ၊ စတိတ်ရှိုးအစီအစဉ်များလည်း ထည့်သွင်းကျင်းပခဲ့ကြသည်။

DKBA အဖွဲ့သည် မြိုင်ကြီးငူဆရာ‌တော် ဦးသုဇန ဦး‌ဆောင်ပြီး KNU အဖွဲ့အစည်းမှ ၁၉၉၄ခုနှစ်တွင် စတင် ခွဲထွက်ခဲ့ပြီး‌နောက် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA အဖြစ် ရပ်တည်ခဲ့ရာမှ ၂၀၁၂ခုနှစ်၊ ဧပြီလတွင် ဒီမိုက‌ရေစီအ ကျိုးပြုကရင်တပ်မ‌တော်-DKBA အဖြစ် နာမည်‌ပြောင်းလဲခဲ့ခြင်းဖြစ်သည်။