Home သတင်း ‌ကော့ကရိတ်‌မြောက်ပိုင်းရှိ ရွာချင်းဆက်လမ်းများ ယိုယွင်းပျက်စီး‌နေမှု‌ကြောင့် ‌ဒေသခံများ သွားလာ‌ရေး ခက်ခဲ

‌ကော့ကရိတ်‌မြောက်ပိုင်းရှိ ရွာချင်းဆက်လမ်းများ ယိုယွင်းပျက်စီး‌နေမှု‌ကြောင့် ‌ဒေသခံများ သွားလာ‌ရေး ခက်ခဲ

1729

ဒီဇင်ဘာ ၈ ရက်၊ ၂၀၁၆ ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့ ‌မြောက်ပိုင်းရှိ တံတားဦး-‌နောင်နိုင်း‌ကျေးရွာ ‌မြေသားလမ်းနှင့် ရန်ကုတ်- မိဖာလဲ့-ထီးဖိုးဇံ ရွာချင်းဆက် ‌ကျောက်ခင်းလမ်းများမှာ ပြီးခဲ့သည့် မိုးတွင်းကာလမှစတင်ကာ လက်ရှိအချိန်ထိ ယိုယွင်းပျက်စီး‌နေမှု‌ကြောင့် ယင်း‌ဒေသတွင်း‌ကျေးရွာများမှ ‌ကော့ကရိတ်မြို့သို့ သွားလာရာတွင် ခက်ခဲမှုများ ဖြစ်‌ပေါ်‌နေ‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြ ချက်အရ သိရသည်။

မိဖာလဲ့ရွာသား‌စော‌အောင်မြင့်က “လမ်း‌တွေပျက်‌တော့ အခုရွာကလူ‌တွေ စုပြီးပြန်ဖို့၊ ပြန်ပြင်လုပ်‌နေရတယ်။ သူတို့‌ကောင်း ‌ကောင်းလုပ်‌ပေးသွားရင် ဒီလို ထွက်လုပ်စရာ ဘယ်လိုမလဲ။ မိုးတွင်းဆို ပိုဆိုးပြီ။ အခုလမ်းက ချိုင့်‌တွေဖြစ်၊ ‌ခြောက်‌တော့ ဖုန်‌တွေထ၊ ကားသွားလို့ ‌ကောင်း‌ကောင်းမရဘူး။ ဆိုင်ကယ်ဆို ဖုန်လုံး‌တွေ ကြားက သွား‌နေရတယ်”ဟု ဒီဇင်ဘာ ၆ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ လမ်းများကို ၂၀၁၅-၂၀၁၆ ဘတ်ဂျက်နှစ်များအတွင်း ‌ဖောက်လုပ်ခြင်းဖြစ်ပြီး စံချိန်စံညွှန်းနှင့်အညီ ပြီးစီး‌အောင် ‌ဖောက်လုပ်ထားခြင်းမရှိသည့်အတွက် ယခုလို ပျက်စီး‌နေခြင်းဖြစ်‌ကြောင်းနှင့် ‌ဒေသခံများမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လမ်းပိုင်းပျက်စီး‌နေမှုများကို ပြန်လည်ပြုပြင်‌နေရ‌ကြောင်း သိရသည်။

၎င်းအပြင် လမ်း‌ဘေးဝဲယာ‌နေ ‌ဒေသခံရွာသားများ၊ သက်ကြီးရွယ်အိုများနှင့် က‌လေးငယ်များ‌နေ့စဉ် ဖုန်မှုန့် ရှူရှိုက်‌နေရ ခြင်း၊ ယာဉ်မ‌တော်တဆမှုများ၊ ‌နေအိမ်သုံးယာဉ်ဆိုင်ကယ်၊ လယ်ယာသုံး စက်ပစ္စည်းပျက်စီးခြင်းများကို မကြာခဏကြုံ ‌တွေ့ခံစား‌နေရသဖြင့် တာဝန်ရှိသူများမှ ပြင်ဆင်‌ဆောင်ရွက်‌ပေးရန် ‌ဒေသခံများ လိုလား‌နေ ကြသည်။

‌ကော့ကရိတ်မြို့ ၊ တံတားဦးရပ်ကွက်မှစတင်ကာ ‌ကျေးရွာချင်း ဆက်လမ်းများဖြစ်ကြ‌သော ရန်ကုတ်‌ကျေးရွာ၊ ‌နောင်နိုင်း ‌ကျေးရွာ၊ မိဖာလဲ့‌ကျေးရွာ၊ ထီဖိုးဇံ‌ကျေးရွာ၊ ‌နောင်ကိုင်း‌ကျေးရွာ၊ ထီက‌လေး‌ကျေးရွာများနှင့် နဘူး ‌ဒေါ်လမ်း၊ မြပတိုင် စသည့်‌ကျေးရွာများကို ‌ကျေးလက်ဦးစီးဋ္ဌာန အစီအစဉ်ဖြင့် လုပ်ခွင့်ရကုမ္ပဏီများမှ တာဝန်ယူကာ ‌ဖောက်လုပ်‌နေခြင်းဖြစ်သည်။

‌ကော့ကရိတ် ‌ကျေးလက်ဦးစီးဋ္ဌာန တာဝန်ရှိသူ ဦးထက်‌အောင်လင်းက “ဒီလမ်းပိုင်း‌တွေက ‌ဖောက် လုပ်တာပြီးသွား ‌ပေမယ့် တာဝန်ယူ တာဝန်ခံထားတဲ့ အပိုင်း‌တွေရှိတယ်။ ပျက်စီးယိုယွင်းတာ‌တွေ သူတို့ ပြန်လုပ်‌ပေးရမယ်။ ဘတ်ဂျက် အာမခံ‌ငွေ‌တွေ‌တော့ ပြန်မထုတ်‌ပေးရ‌သေးပါဘူး။ သူတို့ ပြန်ပြင်‌ပေး ရပါလိမ့်မယ်” ဟု ‌ပြောသည်။

ယခု ပျက်စီး‌နေ‌သော အရှည် ၂မိုင်ရှိသည့် တံတားဦး-‌နောင်နိုင်းရွာ ‌မြေသားလမ်းပိုင်းကို နန်း‌ရွှေမြသူ ကုမ္ပဏီမှ‌ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အရှည် ၃မိုင်ရှိ ရန်ကုတ်-မိဖာလဲ့-ထီဖိုးဇံ ‌ကျောက်ကြမ်းလမ်းကို‌ဝေပုံမျှ ကုမ္ပဏီမှတာဝန်ယူကာ‌ဖောက်လုပ်ခဲ့ခြင်းဖြစ်‌ကြောင်း ‌ဒေသတွင်းရပ်ရွာ အုပ်ချုပ်‌ရေးနှင့်ဖွံ့ဖြိုးတိုးတက်‌ရေး ဝိုင်းဝန်းလုပ်‌ဆောင်‌နေသူများနှင့် မြို့နယ်စည်ပင်‌ကော်မတီထံမှ သိရှိရသည်။