Home သတင်း ဘိလပ်‌မြေစက်ရုံ ‌ကျောက်မီး‌သွေး‌လောင်စာအသုံးပြုမှု ကန့်ကွက်သည့်ကိစ္စ ၂၀၅တပ်ရင်းမှူးထံသို့ ‌ဒေသခံများ သွား‌ရောက်ထွက်ဆိုခဲ့ရ

ဘိလပ်‌မြေစက်ရုံ ‌ကျောက်မီး‌သွေး‌လောင်စာအသုံးပြုမှု ကန့်ကွက်သည့်ကိစ္စ ၂၀၅တပ်ရင်းမှူးထံသို့ ‌ဒေသခံများ သွား‌ရောက်ထွက်ဆိုခဲ့ရ

1568

ဒီဇင်ဘာ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ဖားအံမြို့နယ်ရှိ တန်(၄၀၀၀)မြိုင်က‌လေးဘိလပ်‌မြေစက်ရုံကို ‌ကျောက်မီး‌သွေး‌လောင်စာဖြင့် အသုံးပြုကာ ဆက်လည်ပတ်သွား မည့်ကိစ္စတွင် ကန့်ကွက်ကြသူ‌ဒေသခံများက ကန့်ကွက်ရသည့်အ‌ကြောင်းရင်းကို စက်ရုံအနီးရှိ ‌ခြေမြန်တပ်ရင်း ခမရ(၂၀၅)တပ် ရင်းမှူးထံသို့ ဒီဇင်ဘာလ ၅ရက်‌နေ့မှစတင်ကာ သွား‌ရောက်ထွက်ဆိုချက် ပြုလုပ်ခဲ့ရသည်ဟု ‌ဒေသခံများက ‌ပြောသည်။

ထိုကန့်ကွက်ချက်များကို လာ‌ရောက်ထွက်ဆိုရန်အတွက် ကန့်ကွက်သည့်ရွာ‌ပေါင်း ၂၇ရွာလုံးမှ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး၊ ရပ်မိရပ် ဖတစ်ဦးနှင့် ကန့်ကွက်သည့် ‌ဒေသခံရွာသားတစ်ဦး တစ်ရွာလျှင် စုစု‌ပေါင်း ၃ဦးကို အလှည့်ကျစနစ်ဖြင့် တစ်ရွာချင်းကို ‌ခေါ်ယူ ‌မေးမြန်းကြခြင်းဖြစ်‌ကြောင်း မြိုင်က‌လေး‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ခွန်စိုးနိုင်က ‌ပြောသည်။

“ခမရ(၂၀၅)မှာ ကျ‌နော်တို့ သွား‌ရောက်ထွက်ဆိုချက်‌ပေးပါတယ်။ အဓိက ‌မေးသွားတာ‌တွေက‌တော့ လက်ရှိ ဘိလပ်‌မြေစက်ရုံ ‌ကြောင့် ‌ဒေသခံ‌တွေ ထိခိုက်နစ်နာမှု‌တွေ ရှိသလား။ အရင် စက်ရုံလူ‌တွေက ‌ဒေသခံ‌တွေကို ကတိ‌တွေ ဘာ‌ပေးထားသလဲ။ ကတိ‌ပေးထား‌တွေ ရှိမရှိ။ ‌ဒေသဖွံ့ဖြိုး‌ရေး‌တွေ လုပ်‌ပေးမှု ရှိမရှိ။ မိုင်း‌ကြောင့် တုန်ခါမှု ရှိမရှိ။ ‌ကျောက်မီး‌သွေးနဲ့ အသုံးပြုမယ့်အ ‌ကြောင်း သိရှိမှု ရှိမရှိ စတာ‌တွေကို ‌မေးသွားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ယင်း‌ဒေသခံများ၏ ထွက်ဆိုချက်များတွင် အထူးသဖြင့် အဆိုပါစက်ရုံအား ‌ကျောက်မီး‌သွေး‌လောင်စာဖြင့် အသုံးပြု မည်ဆိုပါက ရရှိလာမည့် ‌ကောင်းကျိုးနှင့်ဆိုးကျိုးများကို တာဝန်ယူမှု၊ တာဝန်ခံမှု အာမခံ‌ပေးမည့်သူကိုသာ လိုချင်‌ကြောင်း ခမရ (၂၀၅)တပ်ရင်းသို့ ဒီဇင်ဘာလ ၇ရက်‌နေ့တွင် သွား‌ရောက်ထွက်ဆိုခဲ့သူ မြိုင်က‌လေးရွာသား မန်း‌ကျော်ထက်ခိုင်က ‌ပြောသည်။

“သူတို့က ကျ‌နော့်ကို‌မေးတယ်။ ဒီ‌ကျောက်မီး‌သွေးဆိုးကျိုး‌တွေကို ဘယ်သူက လာ‌ပြောပါသလဲ။ ဆိုးကျိုးမရှိပါက ‌ဒေသခံအ‌နေ နဲ့ လက်ခံနိုင်မလားလို့‌တော့ ‌မေးပါတယ်။ ကျ‌နော်က ‌ကျောက်မီး‌သွေး ဆိုးကျိုးအ‌ကြောင်း‌တွေကို သိရှိလာတာ ကြာပါပြီ။ ဘယ် သူမှ လာမ‌ပြောပါဘူး။ စာဖတ်ပြီး သိလာခဲ့တယ်။ ‌ဒေသခံအချို့က‌တော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့အဖွဲ့က ရှင်းပြတာ ‌တွေကတဆင့် သိရှိလာကြတာ‌တွေ ရှိတယ်။ ဒီကိစ္စကို ဘယ်သူက တာဝန်ယူတာဝန်ခံမှာလည်း ပြန်‌မေးကြည့်‌တော့ သူတို့က ဘာမှပြန်မ‌ဖြေနိုင်ခဲ့ဘူး”ဟု ‌ပြောသည်။

တန်(၄၀၀၀)ထုတ် မြိုင်က‌လေးဘိလပ်‌မြေစက်ရုံအား ‌ကျောက်မီး‌သွေး‌လောင်စာ အသုံးပြုမည့်ကိစ္စနှင့်ပတ်သက်၍ ‌ကျေးရွာ ‌ပေါင်း ၂၇ရွာမှ ‌ဒေသခံများက ကန့်ကွက်ခဲ့ကြပြီး တာဝန်ရှိသူများက အဆိုပါ‌ကျောက်မီး‌သွေး အသုံးပြုခြင်း၏ ‌ကောင်းကျိုးများ သာ ရှင်းပြခဲ့ပြီး ဆိုးကျိုးများကိုမူ ချပြရှင်းလင်းခြင်း မရှိခဲ့‌ကြောင်း ‌ဒေသခံရွာသားများက ‌ပြောသည်။

‌ကျောက်မီး‌သွေးအသုံးပြုမည့်အစီအစဉ်ကို ‌ဒေသခံများက ကန့်ကွက်မှုအ‌ပေါ် နိုဝင်ဘာလ ၄ရက်‌နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်က ‌ဒေသခံများနှင့် လာ‌ရောက်‌တွေ့ဆုံခဲ့ရာ စက်ရုံ‌ကြောင့် ထိခိုက်နစ်နာမှုဖြစ်သည့် ‌မြေသိမ်းမှု၊ အဓမ္မ‌ပြောင်း‌ရွှေ့မှု၊ စက်ရုံမီး‌ခေါင်း တိုင်က ထွက်ရှိလာသည့် အမှုန်အမွှားများ ပြဿနာကို မ‌ဖြေရှင်းနိုင်‌သေးဘဲ ယခုလို ‌ကျောက်မီး‌သွေး‌လောင်စာဖြင့် အသုံးပြု သွားမည်ဆိုပါက ‌နောက်ဆက်တွဲ ဖြစ်‌ပေါ်လာမည့် ဆိုးကျိုး‌ကောင်းကျိုး တာဝန်ယူမည့်သူ တင်ပြ‌တောင်းဆိုမှုအ‌ပေါ် ဝန်ကြီးချုပ် ဘက်က အ‌လေးထားမှု အားနည်းခဲ့‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။