Home သတင်း ပဒိုမန်းရှာလားဖန်း မျက်နှာဖုံးပုံပါ ကရင့်‌ကြေးမုံမဂ္ဂဇင်း ထွက်ရှိ

ပဒိုမန်းရှာလားဖန်း မျက်နှာဖုံးပုံပါ ကရင့်‌ကြေးမုံမဂ္ဂဇင်း ထွက်ရှိ

2429

ဒီဇင်ဘာ ၂၃ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

၂၇၅၆ခုနှစ်၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော်မတီ (မဟာရန်ကုန်)၊ ပြန်ကြား‌ရေး ဆပ်‌ကော်မတီက နှစ်သစ်ကူးပွဲ‌တော် အထိမ်းအမှတ် စီစဉ်ထုတ်‌ဝေသည့် ကရင့်‌ကြေးမုံမဂ္ဂဇင်းကို ဒီဇင်ဘာလ ၂၅ရက်‌နေ့မှ စတင်ကာ ထုတ်‌ဝေ ဖြန့်ချိသွားမည်ဟု အယ်ဒီတာအဖွဲ့က ‌ပြောသည်။

နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီ၊ ပြန်ကြား‌ရေး ဆပ်‌ကော်မတီ ဥက္ကဌ ‌စောထီးမူးက “ကရင့်‌ကြေးမုံ မဂ္ဂဇင်းကို ကျ‌နော်တို့ကရင်‌တွေ ဖတ်သင့်ပါတယ်။ ဖတ်ရင်တစ်ခုခု‌တော့ အကျိုးရှိမှာပါ။ ဒီစာအုပ်ထဲမှာဆို ကဏ္ဍစုံပါတယ်။ စာအုပ်တစ်ခု တည်းနဲ့ တစ်ခါတည်း ‌လေ့လာလို့ရတယ်။ တစ်ခြားစာအုပ်‌တွေဆို အ‌ကြောင်းအရာတစ်မျိုးတည်းနဲ့ အများကြီး လိုက်ဖတ်ရမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် ထုတ်‌ဝေမည့် ကရင့်‌ကြေးမုံမဂ္ဂဇင်းတွင် မျက်နှာဖုံးပုံကို ကရင့်အာဇာနည်ပုဂ္ဂိုလ်တဦးဖြစ်သူ ကရင်အမျိုးသားအစည်းအ ရုံး(‌ကေအဲန်ယူ)၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး‌ဟောင်း ပဒိုမန်းရှာလားဖန်းပုံကို အသုံးပြုထားပြီး ကရင်အမျိုးသား‌ရေး ကဗျာများ၊ ‌ဆောင်းပါးများ၊ ဝတ္တုတိုများ၊ ကာတွန်း၊ ထူးချွန်ကရင်လူငယ်များအ‌ကြောင်းနှင့် က‌လောင်ရှင်အသစ်များ၊ ကရင်ဘာသာစကား များဖြင့် ‌ရေးသားထားသည့် ‌ဆောင်းပါးများ ပါဝင်သည်ဟု မဂ္ဂဇင်းအယ်ဒီတာတစ်ဦးဖြစ်သူ ‌စော‌ယောင့်သာအဲဆန်က ‌ကေအိုင်စီ သို့ ဒီဇင်ဘာလ ၂၃ရက်‌နေ့တွင် ‌ပြောသည်။

မဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာတစ်ဦးဖြစ်သူ မန်း‌နောင်မင်း(ထီးမန်)က “ဒီနှစ်အတွက် ကရင့်‌ကြေးမုံ ဒီဇင်ဘာ၂၅မှာထွက်မယ်။ မျက်နှာဖုံးပုံက‌တော့ ကရင်အမျိုးသား‌ခေါင်‌ဆောင် ‌ကေအဲန်ယူ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး‌ဟောင်း မန်းရှာပုံသုံးထားတယ်။ ဒီပုံ သုံးတဲ့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။ ကျ‌နော်တို့ အမျိုးသား‌ခေါင်း‌ဆောင်ကို ကရင်လူထု‌တွေ သိ‌အောင်ချပြတဲ့သ‌ဘောပါ။ ရှု‌ထောင့်က မတူဘူး‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ယခုနှစ်အတွက် ကရင့်‌ကြေးမုံမဂ္ဂဇင်းတွင် ကရင်ကဏ္ဍ၌ ပိုးကရင်စာ‌ပေ၊ စ‌ကောကရင်စာ‌ပေ (‌ကော်သူး‌လေရုံးသုံး)၊ ‌ရှေး‌ဟောင်းကရင်စာ‌ပေ(လိုက်ထုလီ)အပြင် စ‌ကောကရင်(တလညား)စာ‌ပေပါ တိုး၍ ထည့်သွင်းထားပြီး တစ်အုပ်လျှင် ကျပ် ၂,၅၀ဝနှုန်းဖြင့် ဖြန့်ချိ‌ရောင်းချ‌ပေးသွားမည်ဖြစ်ကာ ကနဦးအုပ်‌ရေ ၂,၀၀ဝ ပုံနှိပ်ထုတ်‌ဝေမည်ဖြစ်‌ကြောင်း မဂ္ဂဇင်းအယ်ဒီတာအဖွဲ့ ထံမှ သိရသည်။

ယင်းမဂ္ဂဇင်းကို ရန်ကုန်ကရင်နှစ်သစ်ကူးကျင်းပ‌ရေး ဗဟို‌ကော်မတီက တနှစ်တစ်ကြိမ် ထုတ်‌ဝေခဲ့ရာ ယခုနှစ်မှာ ၁၉အုပ်‌မြောက် ထုတ်‌ဝေခြင်းဖြစ်ပြီး ရန်ကုန်တိုင်း‌ဒေသကြီး၊ ဧရာဝတီတိုင်း‌ဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသင်္ာရီတိုင်းတို့တွင် ဖြန့်ချိသွားမည်ဖြစ်ပြီး စာအုပ်များ ဆက်သွယ်မှာယူလိုပါက ‌စောဦးဦး(ဘဏ္ဍာ‌ရေးမှူး) ဝ၉၇၉၅၅၃၄၆၇၆ သို့ ဆက်သွယ်မှာယူနိုင် ‌ကြောင်းလည်း သိရသည်။