Home သတင်း ကဝါထာ့ ကိုယ်ထူကိုယ်ထ‌ကျောင်းကို အသစ်ပြန်‌ဆောက်ရန် လိုအပ်‌နေ

ကဝါထာ့ ကိုယ်ထူကိုယ်ထ‌ကျောင်းကို အသစ်ပြန်‌ဆောက်ရန် လိုအပ်‌နေ

1662

ဒီဇင်ဘာ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောခါးစူးညား

ဘီးလင်းမြို့နယ်ရှိ ကဝါထာ့ ကိုယ်ထူကိုယ်ထ မူလတန်းစာသင်‌ကျောင်းမှာ ‌ဟောင်းအို၍ ယိုယွင်းပျက်စီးကုန်ပြီဖြစ်၍ ‌ကျောင်း ‌ဆောင်ကို အသစ်ပြန်လည်တည်‌ဆောက်ရန် လိုအပ်‌နေ‌ကြောင်း ‌ကျေးရွာသူရွာသားများက ဒီဇင်ဘာလ ၁၈ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၊ သထုံခရိုင် ဘီးလင်းမြို့နယ်အတွင်း၌ တည်ရှိသည့် ၎င်းရွာ‌ကျောင်းကို လွန်ခဲ့သည့် နှစ် ၅၀‌ကျော်က စတင် တည်‌ဆောက်လာခဲ့ခြင်းဖြစ်ရာ ယခုဆိုလျှင် သစ်များ‌ဆွေးကာ ‌ခေါင်မိုးများလည်း ‌ပေါက်ပြဲ‌နေပြီဖြစ်သည့် အတွက် ‌ကျောင်းအသစ် တည်‌ဆောက်ရန် လိုအပ်‌နေခြင်းဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောဆိုသည်။

၎င်းကဝါထာ့‌ကျေးရွာ ‌ကျောင်းအုပ် ‌စောဖားဒူက “‌ကျောင်းက ဘယ်‌လောက်ပျက်စီး‌နေပြီလဲဆိုရင် တိုင်အရင်း‌ဆွေးလို့ ခါး‌သေး ‌သေး‌လေးပဲ ရှိ‌တော့တယ်။ အခင်း၊ အကာဆိုလည်း ‌ပေါက်ပြဲကုန်ပြီ။ အရင်က ပြင်ရင်းနဲ့ ‌ကျောင်းတက်ခဲ့တယ်။ အခု‌တော့ အဲလို ဆက်ပြင်လည်း မရ‌တော့တဲ့ အ‌ခြေအ‌နေမှာ ရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ စာသင်‌ကျောင်းမှာ ကဝါထာ့ရွာအလယ်၌ တည်ရှိသဖြင့် စာသင်ကြားရာတွင် ဆိတ်ငြိမ်မှုမရှိဘဲဖြစ်‌နေပြီး အသစ် တည် ‌ဆောက်နိုင်ပါက လိုအပ်သည့် ‌မြေ‌နေရာအသစ်ကို ရှာ‌ဖွေသတ်မှတ်ထားရန် လိုအပ်သလို သစ်အချို့ကိုလည်း စု‌ဆောင်းထား ‌သော်လည်း အခြား‌ဆောက်လုပ်‌ရေး ပစ္စည်းများ အဓိက လိုအပ်သည်ဟု ကဝါထာ့‌ကျေးရွာ ‌ကျောင်း‌ကော်မတီထံမှ သိရသည်။

“‌ကျောင်းတည်‌ဆောက်ရင် ‌ဆောက်လုပ်‌ရေးပစ္စည်းရရင် အ‌ကောင်းဆုံး‌ပေါ့။ ‌ဆောက်ဖို့က‌တော့ ‌ကျေးရွာက ကိုယ်ထူကိုယ်ထလို မျိုး လုပ်လို့ရနိုင်ပါတယ်။ ‌ကျောင်းအ‌ဟောင်းကို‌တော့ ဇရပ်အ‌နေနဲ့ ပြန်ထားကြဖို့ သ‌ဘောထားရှိကြပါတယ်”ဟု ကဝါထာ့‌ကျေး ရွာ၏ ‌ကျောင်း‌ကော်မတီတစ်ဦးဖြစ်သူ ‌စောဖားဘွဲ့က ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ဘီးလင်းမြို့နယ်ရှိ ကဝါထာ့ ကိုယ်ထူကိုယ်ထ‌ကျောင်းကဲ့သို့ ‌ဘော‌နော်ဝါ့နှင့် တာမဲခီးရွာများမှ ကိုယ်ထူကိုယ်ထ‌ကျောင်းများမှာ လည်း အလားတူ ယိုယွင်းပျက်စီးမှုများရှိ‌နေပြီး အသစ် တည်‌ဆောက်ရန် လိုအပ်လျှက်ရှိ‌ကြောင်း ကဝါထာ့‌ကျေးရွာ ‌ကျောင်း ‌ကော်မတီများက ဆိုသည်။

ကဝါထာ့‌ကျေးရွာ စာသင်‌ကျောင်းတွင် ယခု ၂၀၁၆-၁၇ စာသင်နှစ်အတွက် ‌ကျောင်းသား‌ကျောင်းသူ‌ပေါင်း ၆၀‌ကျော်နှင့် ‌ကျောင်းဆရာ၊ ဆရာမဦး‌ရေ ၄ဦးရှိရာ ကရင်ဘာသာမှလွဲ၍ ကျန်ဘာသာရပ်များမှာ မြန်မာအစိုးရက သတ်မှတ်ထားသည့် ‌ကျောင်းသင်ရိုးညွှန်းတမ်းဖြင့်ပင် သင်ကြား‌ပေးလျှက်ရှိသည်။

အဆိုပါ‌ကျောင်းမှ ဆရာ၊ ဆရာမများမှာ ‌စေတနာ့ဝန်ထမ်းများ ဖြစ်ကြပြီး ၎င်းတို့အား ကရင်ပညာ‌ရေးဌာနက တစ်ဦးလျှင် စာသင်နှစ် တစ်နှစ်လုံးအတွက် ‌ထောက်ပံ့‌ကြေး‌ငွေကျပ် ၂သိန်း‌ကျော်သာ ကူညီ‌ပေးနိုင်‌ကြောင်း သိရသည်။