Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အမျိုးသမီးအကြမ်းဖက်မှု ပ‌ပျောက်‌ရေး အသိပညာ‌ပေး

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အမျိုးသမီးအကြမ်းဖက်မှု ပ‌ပျောက်‌ရေး အသိပညာ‌ပေး

1710

နိုဝင်ဘာ ၂၈ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

အမျိုးသမီများအ‌ပေါ် အကြမ်းဖက်မှု ‌လျော့ချ‌ရေးနှင့် ပညာ‌ပေး‌ရေးအတွက် ရည်ရွယ်ပြီး ပထမဦးဆုံးအကြိမ် အမျိုး သမီးအကြမ်းဖက်မှု ပ‌ပျောက်‌ရေးဆိုင်ရာ အသိပညာ‌ပေးပွဲတစ်ခုကို အမျိုးသမီးအဖွဲ့များကွန်ယက်-ကရင်ပြည်နယ်က နိုဝင်ဘာလ (၂၈)ရက်၊ ယ‌နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်‌ကျေးရွာ၌ ပြုလုပ်ကျင်းပခဲ့သည်။

၎င်းကွန်ရက်အဖွဲ့၏ ကရင်ပြည်နယ် ဥက္ကဋ္ဌ ‌နော်ခိုင်သစ္စာက “လူမှုအဖွဲ့အစည်း‌တွေက‌နေ (၁၆)ရက်တာကာလ လှုပ် ရှားမှုအ‌နေနဲ့ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ပ‌ပျောက်‌ရေး လာ‌ရောက်ပြီး ကျင်းပရခြင်းဖြစ်တယ်။ အမျိုးသမီး ‌တွေအ‌ပေါ်မှာ အကြမ်းဖက်မှုဖြစ်လို့ရှိရင် ဘယ်လိုချိတ်ဆက် ပူး‌ပေါင်း‌ဆောင်ရွက်ရမလဲ။ ဒါ‌လေး‌တွေပညာ‌ပေး တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အရပ်သားအစိုးရတက်လာပြီး‌နောက်ပိုင်း အကြမ်းဖက်မှုကို များများ‌ဖော်ထုတ်လာနိုင်ခဲ့သည်သာမက ယခင် အကြမ်းဖက်မှုဖြစ်စဉ်များတွင် အင်အားကြီးသူက အင်အားနည်းသူကို လွှမ်းမိုးထားခဲ့ပြီး ‌ကျေးလက်‌ဒေသများ တွင် ‌ငွေ‌ကြေးဖြင့်သာ ‌ဖြေရှင်း‌ပေးခဲ့သဖြင့် တရားဥပ‌ဒေ စိုးမိုးမှု အားနည်းခဲ့ရသည်ဟု သူမက ဆက်‌ပြောသည်။

အဆိုပါ အသိပညာ‌ပေးပွဲတွင် ‌ကျေးရွာအမျိုးသမီး‌ရေးရာအဖွဲ့၊ မိခင်နှင့်က‌လေး‌စောင့်‌ရှောက်‌ရေးအဖွဲ့၊ ပညာ‌ရေးဝန် ထမ်းများ၊ ‌ကျေးရွာ (၁၅)ရွာမှ အမျိုးသမီး(၂၀၀)နီးပါး တက်‌ရောက်‌ကြောင်း သိရသည်။
15216264_1606098329698359_2104918890_o
ပညာ‌ပေးပွဲတက်‌ရောက်သည့် ခလယ်ရွာသူ နန်းခင်မြင့်‌အောင်က “အိမ်တွင်း‌ရေးမှာ‌ရော အခြားမှာ‌ရော စိတ်ပိုင်းဆိုင် ရာ၊ ရုပ်ပိုင်းဆိုင်ရာမှာ‌တွေ‌ရော အမျိုးသမီး‌တွေ အကြမ်းဖက်မှုဖြစ်လာရင် တစ်ချို့ဆို ဘယ်‌နေရာမှတိုင်လို့ မရဲဘူး‌ပေါ့ ‌နော်။ ဗဟုသုတနည်းတဲ့ အမျိုးသမီး‌တွေ၊ တကယ် အကြမ်းဖက်ခံခဲ့ရတဲ့ အမျိုးသမီး‌တွေအတွက် ဥပ‌ဒေဘက်က‌နေ ဘယ်လို‌ဆောင်ရွက်‌ပေးလို ရနိုင်လဲဆိုတာ သိခွင့်ရခဲ့တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်ရှိ အမျိုးသမီးအဖွဲ့များကွန်ယက်ကို (၂၀၁၃)ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အမြင်ဖွင့်သင်တန်း‌ပေးခြင်း နှင့် စစ်‌ဘေးဒဏ်ခံရသည့် အမျိုးသမီးများကို စိတ်ဓာတ်မြှင့်တင်‌ရေး ကူညီ‌ဆောင်ရွက်‌ပေး‌နေသည့်အဖွဲ့ဖြစ်ပြီး အမျိုး သမီးအကြမ်းဖက်မှု အသိပညာ‌ပေးပွဲကို နိုဝင်ဘာလ (၂၅)ရက်‌နေ့က ဖားအံမြို့၊ ‌တော်ဝင်ရတနာဟိုတယ်၌လည်း ‌ကောင်း၊ လာမည့် ဒီဇင်ဘာလ (၂)ရက်‌နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံ‌ကျေးရွာတွင် ပြုလုပ်သွားမည်ဟု သိရသည်။

အလားတူ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB)ကလည်း မြန်မာနိုုင်ငံတွင် နိုင်ငံ‌တော်အာဏာပိုင် အဖွဲ့အစည်း များက ကျူးလွန်‌သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအတွက် အပြစ်‌ပေးမှုမရှိ‌သောစနစ်များ အဆုုံးသတ်ရန် နိုဝင်ဘာလ ၂၅ရက် ‌နေ့စွဲဖြင့် ‌ဆွေး‌နွေးသုုံးသပ်ချက်အသစ် ထုတ်ပြန်ကာ ‌တောင်းဆိုုခဲ့‌သေးသည်။