Home သတင်း လူငယ်များ အသိပညာတိုးပွား‌ရေးအတွက် နိုင်ငံခြားသားပညာရှင်နှစ်ဦး လာ‌ရောက်‌ဟော‌ပြော‌ဆွေး‌နွေး

လူငယ်များ အသိပညာတိုးပွား‌ရေးအတွက် နိုင်ငံခြားသားပညာရှင်နှစ်ဦး လာ‌ရောက်‌ဟော‌ပြော‌ဆွေး‌နွေး

1757

နိုဝင်ဘာ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

ပညာ‌ရေးစနစ်နှင့်ပတ်သက်ပြီး လူငယ်များ အသိပညာဗဟုသုတ တိုးပွားလာ‌ရေးအတွက် ရည်ရွယ်၍ နိုင်ငံခြားသား ပညာရှင် ၂ဦးသည် `လူငယ်များ အသိပညာ ဗဟုသုတ အမြင်များ ဖလှယ်နှီး‌နှောနိုင်ရန်အတွက်´ဟူ‌သော‌ခေါင်းစဉ်ဖြင့် ပညာ‌ရေးဆိုင်ရာ ‌ဆွေး‌နွေး‌ဟော‌ပြောပွဲတစ်ရပ်ကို နိုဝင်ဘာလ၂ဝရက်‌နေ့က ကရင်ပြည်နယ် ဖားအံမြို့လှာကမြင်‌ကျေးရွာအုပ်စု ‌တောင်ဝိုင်း ‌တောင်‌ခြေ၌ ပြုလုပ်ခဲ့သည်။

ထိုင်းနိုင်ငံမှ ဆရာကြီးဆူလတ်(Sulak Sivaraksa)က Real Education ‌ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ စ‌ကော့တလန်နိုင်ငံမှ ဆရာမကြီးဂျိမ်း(Jame Rasbash)က Sustainable Development ‌ခေါင်းစဉ်ဖြင့်လည်း‌ကောင်း ‌တောင်က‌လေး ပညာ‌ရေး စင်တာမှ ‌ကျောင်းသူ‌ကျောင်းသားလူငယ်များနှင့် လှာကမြင်‌ကျေးရွာအုပ်စုအတွင်းရှိ ‌ဒေသခံ ‌ကျောင်းသားလူငယ် ၁၅ဝခန့်ကို ‌ဟော‌ပြော‌ပေးခဲ့ခြင်း ဖြစ်သည်။

‌ဆွေး‌နွေး‌ဟော‌ပြောပွဲ ဦး‌ဆောင်ကျင်းပသူ ‌တောင်က‌လေးပညာ‌ရေးစင်တာ‌ကျောင်းအုပ်ဆရာ‌တော် ဥူး(ဦး)ဥတ္တမက “အခုလာ ‌ရောက်‌ဟော‌ပြောသူ‌တွေက ကမ္ဘာ‌ကျော်ပုဂ္ဂိုလ်‌တွေ ဖြစ်တယ်။ ဒါ‌ကြောင့် ဥူး(ဦး)ဇင်းတို့ဖားအံကို သူတို့ ကြုံတုန်းဆုံခိုက် အဓိက က‌တော့ ဒီက လူငယ်‌တွေ ကမ္ဘာ့ပညာ‌ရေးစနစ်‌တွေနဲ့ ပညာ‌ရေးဆိုင်ရာ အသိအမြင်‌တွေ ဖွံဖြိုးတိုးတက်‌စေဖို့ ရည်ရွယ်တာပါ”ဟု ‌ကေအိုင်စီသို့ မိန့်ကြားသည်။

အဆိုပါ‌ဆွေး‌နွေးပွဲတွင် နိုင်ငံတကာနှင့် မြန်မာနိုင်ငံပညာ‌ရေးစနစ်များအ‌ကြောင်းကို လူငယ်များနှင့် ‌ဆွေး‌နွေး‌ဟော‌ပြောသူ ပညာရှင်များအကြားတွင် အပြန်အလှန် ‌မေးခွန်းနှင့် အ‌ဖြေများကဏ္ဍဖြင့် ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

‌ဆွေး‌နွေး‌ဟော‌ပြောသူ ဆရာကြီးဆူလတ်မှာ ထိုင်းနိုင်ငံရှိ ဆက်သီရပ်ကိုစ့်နာဝပရာဒီပ‌ဖောင်‌ဒေးရှင်း တည်‌ထောင်သူဖြစ်ပြီး ၎င်း နှင့် ဆရာမကြီးဂျိမ်းတို့သည် ကမ္ဘာ့နိုင်ငံများတွင် လူထုအကျိုးပြု ပညာ‌ရေး၊ စီးပွား‌ရေး၊ နိုင်ငံ‌ရေးဆိုင်ရာ ဖွံဖြိုး‌ရေးအစီအစဉ်များ၌ ဦး‌ဆောင်ပါဝင်‌နေသူများဖြစ်ကြသည်ဟု သိရသည်။

ယင်း‌ဟော‌ပြောပွဲ တက်‌ရောက်ခဲ့သူ လူငယ် ‌စောဖိုးကလဲက “ကျ‌နော်တို့လူငယ်‌တွေက ဗမာပြည်ပညာ‌ရေးပဲ သိတယ်‌လေ။ နိုင်ငံခြားက ပညာ‌ရေးက ဘယ်လိုဆိုတာ မသိဘူး။ ဗမာပြည်က ‌ကျောင်းတက်မယ်။ ဘွဲ့ရမယ်။ အလုပ်လုပ်မယ်။ ဒါပဲ။ အခု ဆရာကြီး‌တွေ‌ပြောတဲ့ နိုင်ငံတကာက ပညာ‌ရေးက အဲ့လိုမဟုတ်ဘူး။ ကိုယ့်အ‌တွေးအ‌ခေါ် ကိုယ့်သိတာ‌တွေအချင်းချင်း ဖလှယ် ပြီး သင်ကြားတာ‌တွေ တတ်တာ၊ သိတာနဲ့ ‌အောင်မြင်‌အောင် လုပ်‌ဆောင်ရတာ‌တွေဆို‌တော့ ‌ကောင်းပါတယ်”ဟု ‌ပြောသည်။

ယခုပြုလုပ်သည့် ‌ဟော‌ပြောပွဲမှာ ဖားအံမြို့ ‌တောင်က‌လေးဆရာ‌တော် ဥူး(ဦး)ပညာသာမိနှင့် ဒါယိကာ၊ ဒါယိကာမများက ဦး‌ဆောင်စီစဉ်ကျင်းပသည့် ပထမဆုံး‌သော ‌ဒေသတွင်း နိုင်ငံတကာပညာရှင်များ ပညာ‌ရေးဆိုင်ရာ နှီး‌နှောဖလှယ်သည့် ‌ဆွေး ‌နွေး‌ဟော‌ပြောပွဲ ဖြစ်သည်။ ယင်း‌ဆွေး‌နွေးပွဲ မကျင်းပမီ ‌တောင်က‌လေး‌ဒေသခံလူငယ်များ ‌တောင်ဝိုင်း ‌တောင်တက်လမ်းနှင့် ‌တောင်ပတ်ဝန်းကျင် စု‌ပေါင်း သန့်ရှင်း‌ရေး အမှိုက်‌ကောက်ခဲ့ကြသည်။