Home သတင်း ဘီးလင်းမြို့နယ် ‌ကေအဲန်ယူ ပညာ‌ရေးဋ္ဌာနမှ ပယ်ဝါထ မူလွန်‌ကျောင်း‌ဆောင်သစ် ‌ဆောက်လုပ်‌ပေးမည်

ဘီးလင်းမြို့နယ် ‌ကေအဲန်ယူ ပညာ‌ရေးဋ္ဌာနမှ ပယ်ဝါထ မူလွန်‌ကျောင်း‌ဆောင်သစ် ‌ဆောက်လုပ်‌ပေးမည်

2031

နိုဝင်ဘာ ၁၆ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောခါးစူးညား

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)ထိန်းချုပ်နယ်‌မြေ ဘီးလင်းမြို့နယ်၊ ပယ်ဝယ်ထရွာတွင် ‌ကျောင်း‌ဆောင်လုံ‌လောက်မှုမရှိသဖြင့် မြို့နယ် ‌ကေအဲန်ယူ ပညာ‌ရေးဋ္ဌာနမှ ဦးစီး၍ မူလွန်‌ကျောင်း‌ဆောင်သစ် တစ်‌ဆောင်ကို လာမည့်နှစ် မတ်လတွင် ‌နောက်ဆုံးထား တည်‌ဆောက်သွားမည်ဟု သိရသည်။

ထိုသို့ တည်‌ဆောက်သွားရန်အတွက် ပယ်ဝယ်ထ ‌ကျောင်းဆရာ ဆရာများ၊ ‌ကျောင်း‌ကော်မတီများနှင့် ရွာရှိ ရပ်မိရပ်ဖများအား ‌တွေ့ဆုံ‌ဆွေး‌နွေးထားပြီဖြစ်သလို အ‌ဆောက်အဦးအတွက် လိုအပ်သည့် သစ်များကိုလည်း ခုတ်ယူစု‌ဆောင်းပြီးစီးကာ တိုက်ရန်အတွက်သာ လိုအပ်‌တော့သည်ဟု ‌ကေအဲန်ယူ ဘီးလင်းမြို့နယ် ပညာ‌ရေးတာဝန်ခံ ‌စောဘဦးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“တကယ်‌တော့ ပယ်ဝယ်ထ ‌ကျောင်း‌ဆောင်သစ် ‌ဆောက်လုပ်‌ပေးဖို့ ကျ‌နော်တို့ ‌ဆွေး‌နွေးထားတာ နှစ်နှစ်၊ သုံးနှစ်ကပါ။ ‌ဒေသခံ‌တွေရဲ့ အားနည်း‌သေးတဲ့အတွက် နှစ်နှစ်‌လောက် ‌ခေါက်ထားခဲ့ရတယ်။ KED(ကရင်ပညာ‌ရေးဋ္ဌာန ဗဟို)ကလည်း ‌ကျောင်း‌ဆောက်ဖို့ လိုအပ်တဲ့ သစ်‌တွေထုတ်ယူဖို့ ခွင့်ပြချက်ရပြီး‌နောက် ဇွန်လမှာ ကျ‌နော်တို့ ခုတ်ထွင်ခဲ့တာပါ။ အခုက သစ်‌တွေကို ပြန်တိုက်ပြီး တတ်နိုင်သမျှ ‌ကျောင်းကို အမြန်ဆုံး တည်‌ဆောက်သွားမှာ ဖြစ်ပါတယ်”ဟု ‌စောဘဦးက ‌ပြောဆိုသည်။

‌ကျောင်းတည်‌ဆောက်သွားရာတွင် လိုအပ်သည့် သွပ်၊ အုတ်၊ ဘိလပ်‌မြေ၊ သဲ စသည်တို့ကို ပညာ‌ရေးအတွက် အကူအညီ‌နေ‌ပေးသည့် Karen State Education Assistance Group (KSEAG)က ကူညီ‌ထောက်ပံ့သွားရန်လည်း တိုင်ပင်‌ပြော ဆိုထားပြီး လာမည့်နှစ်ဆန်းပိုင်းတွင် အဆိုပါ အဖွဲ့မှ ၎င်းတို့နှင့် လာ‌ရောက်‌တွေ့ ဆုံသွားရန် ရှိသည်ဟု ‌စောဘဦးက ဆက်‌ပြောသည်။

ပယ်ဝါထ မူလွန်‌ကျောင်း(Photo-KIC)

ပယ်ဝါထ မူလွန်‌ကျောင်း(Photo-KIC)


လက်ရှိအ‌ခြေအ‌နေအရ ပယ်ဝယ်ထ‌ကျေးရွာ စာသင်‌ကျောင်းတွင် စာသင်‌ဆောင် အတွက် အ‌ဆောက်အဦး ၃ခုရှိ တည်‌ဆောက်ထား‌သော်လည်း စာသင်ပရိ‌ဘောဂ များဖြစ်သည့် စားပွဲ၊ ကုလားထိုင်များ လုံ‌လောက်မှု မရှိသလို အ‌ဆောင်သုံး‌ဆောင် အနက် တစ်‌ဆောင်မှာ ‌မြေကြီး‌ပေါ်တွင် စာသင်ခုံနှင့် ကုလားထိုင်တို့ကို ဝါးဖြင့် တည်‌ဆောက်ထားပြီး အမိုးနှင့် အကာတို့ကို ဖက်ဖြင့် အုပ်မိုးကာရံထား လျှက်ရှိ သည်။

ထို့အပြင် စာသင်‌ကျောင်းတွင် ယခု ၂၀၁၆-၁၇ စာသင်နှစ်အတွက် သူငယ်တန်းမှ ဆဋ္ဌမတန်းအထိ ‌ကျောင်းသူ ‌ကျောင်းသား ဦး‌ရေ‌ပေါင်း ၁၆၀‌ကျော်ရှိကာ ‌ကျောင်းဆရာ ဆရာမ ၉ဦးဖြင့် စာသင်ကြား‌ပေးလျှက်ရှိသည်ဟု သိရသည်။

‌ကျောင်း‌ဆောင်သစ် တည်‌ဆောက်‌ပေးမည့်အ‌ပေါ် ပယ်ဝယ်ထ‌ကျောင်းအုပ်ဖြစ်သူ ‌စော‌ကျော်ထွန်းက “‌ကျောင်း‌ဆောင်သစ် တည်‌ဆောက်ဖို့ လိုအပ်တာ ကြာပါပြီ။ ဒါ‌ကြောင့် ဒီကိစ္စကို ‌ကေအဲန်ယူ တာဝန်ရှိသူ‌တွေထံ တင်ပြထားပါ။ ‌ကျောင်း‌ဆောင် အသစ်အတွက် ဘယ်သူမှ မကူညီ‌ပေးနိုင်ရင်‌တောင် ရွာက ‌ဒေသခံ‌တွေနဲ့ တိုင်ပင်ပြီး စိတ်ပိုင်းဖြတ်ထားပါတယ်။ ‌နောက်ဆုံး အဖြူတိုင်‌လောက်ရရင် ‌တော်ပြီ။ ဒါ‌ပေမဲ့ အခုလို တည်‌ဆောက်‌ပေးမယ့်အ‌ပေါ် အများကြီး ဝမ်းသာတယ်။ အမြန်ဆုံး လုပ်‌ဆောင်သွားဖို့အတွက်လည်း ‌မျှော်လင့်တယ်”ဟု က ‌ပြောသည်။

ပယ်ဝယ်ထ‌ကျေးရွာတွင် ၁၉၉ဝ ခုနှစ် ဝန်းကျင်းတုန်းက စာသင်‌ကျောင်းမရှိဘဲ ဘုန်းကြီး‌ကျောင်းတွင် က‌လေးများကို စာသင်ကြား‌ပေးရသလို အစိုးရနှင့် ‌ကေအဲန်ယူအကြား တိုက်ပွဲများ ဖြစ်ပွားသည့်အတွက် ရွာလုံးကျွတ် ‌ပြောင်း‌ရွှေ့ခဲ့ရဖူးသည်။