Home သတင်း ဘီးလင်းမြို့နယ်ရှိ ကရင်ပညာ‌ရေးဋ္ဌာန စာသင်‌ကျောင်းများအတွက် စည်းတံဆိပ်တုံး လုပ်‌ပေးရန် ဆုံးဖြတ်

ဘီးလင်းမြို့နယ်ရှိ ကရင်ပညာ‌ရေးဋ္ဌာန စာသင်‌ကျောင်းများအတွက် စည်းတံဆိပ်တုံး လုပ်‌ပေးရန် ဆုံးဖြတ်

1903

နိုဝင်ဘာ ၁၆ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောခါးစူးညား

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်‌မြေ သထုံခရိုင် ဘီးလင်းမြို့နယ် အတွင်းရှိ ကရင်ပညာ‌ရေးဋ္ဌာန လက်‌အောက်ခံစာ‌ကျောင်းများ အသီးသီးကို ကရင်ပညာ‌ရေးဋ္ဌာန စည်းတံဆိပ်တုံး ပြုလုပ်သွားမည်ဟု ‌ကေအဲန်ယူ ဘီးလင်းမြို့နယ် ပယာ့‌ရော(မြစ်ကျိုး)‌ကျေးရွာ ဘုန်းကြီး‌ကျောင်း၌ နိုဝင်ဘာ ၁၅ရက်‌နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် ပညာ‌ရေးနှီး‌နှောဖလှယ်ပွဲ ဆုံးဖြတ်ခဲ့ကြသည်။

‌ကေအဲန်ယူ ခရိုင်နှင့် မြို့နယ်ရှိ ကရင်ပညာ‌ရေးဌာန လက်‌အောက်ခံ စာသင်‌ကျောင်း များအတွက် သတ်သတ်မှတ်မှတ် ရှိ‌စေရန်နှင့် အစိုးရ‌ကျောင်းနှင့် ဆက်ချိတ်သည့် အခါ ပိုမို လွယ်ကူ‌ချော‌မွေ့ ‌စေရန် စည်းတံဆိပ်တုံး ပြုလုပ်သွား‌ပေး‌ရေးကို နှီး‌နှောဖလှယ်ပွဲတက်‌ရောက်သည့် ကိုယ်စာလှယ်များအား ချပြကာ နှီး‌နှောဖလှယ်ပွဲတွင် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ခရိုင် ‌ကေအဲန်ယူက ‌ကေအိုင်စီသို့ ‌ပြောသည်။

တံဆိပ်တုံး ပြုလုပ်သွားမည့်အ‌ပေါ် ‌ကေအဲန်ယူ သထုံခရိုင် ပညာ‌ရေးဋ္ဌာန အတွင်း‌ရေးမှူး ‌စောကြည်စိုးက “စည်းတံဆိပ် လုပ်မယ့်ကိစ္စက ကျ‌နော်တို့ ‌ကေအဲန်ယူ ခရိုင် ခုနှစ်ခုလုံးမှာရှိတဲ့ ကရင်ညာ‌ရေးဋ္ဌာန ‌ကျောင်း (ကိုယ်ထူကိုယ်ထ ‌ကျောင်း)‌တွေအတွက် လုပ်‌ဆောင်သွားမှာပါ။ လုပ်‌ဆောင်သွားဖို့ လည်း ကျ‌နော်တို့ တိုင်ပင်‌ဆွေးထားပြီးပါပြီ”ဟု ‌ပြောသည်။

လက်ရှိ ‌ကေအဲန်ယူ သထုံခရိုင်၌ ကရင်ပညာ‌ရေးဋ္ဌာန လက်‌အောက်ခံ စာသင်‌ကျောင်းများအဖြစ် ဘီလင်းမြို့နယ်တွင် ၃၆ ‌ကျောင်း၊ ဖားအံမြို့နယ်တွင် ၂‌ကျောင်း၊ သထုံမြို့နယ်တွင် ၄‌ကျောင်းနှင့် ကျိုက်ထိုမြို့နယ်တွင် ၂ ‌ကျောင်းရှိ‌ကြောင်း ပဒို ‌စောကြည်စိုးက ‌ပြောသည်။

ဘီးလင်းမြို့နယ် ကရင်ပညာ‌ရေးဋ္ဌာနမှ စီစဉ်ကျင်းပသည့် ၎င်းနှီး‌နှောဖလှယ်ပွဲတွင် ‌ကေအဲန်ယူ သထုံခရိုင် အတွင်း ခရိုင်ပညာ‌ရေးဋ္ဌာန အတွင်း‌ရေးမှူး ပဒို ‌စောကြည် စိုး၊ မြို့နယ် ဥက္ကဋ္ဌ ပဒို ‌စောပဲနု၊ မြို့နယ် ပညာ‌ရေး တာဝန်ခံ ‌စောဘဦး၊ ကရင် ‌ကျောင်းဆရာ၊ ဆရာမများလုပ်ငန်းအဖွဲ့-KTWG ဥက္ကဋ္ဌ ဆရာမ ‌နော်လယ်ထူး၊ မြို့နယ်အတွင်း ‌ကျောင်းဆရာ ဆရာများ၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများ၊ မြန်မာအစိုးရ ဘက်မှ မြို့နယ် ဒုတိယပညာ‌ရေးမှူး ဦးလွင်‌မောင်စိုး အပါအဝင် တာဝန်ရှိသူများ စုစု‌ပေါင်း ၁၆ဝ ‌ကျော် တက်‌ရောက်ခဲ့သည်။
school-logo-photo_kic-1
“ဒီလို နှီး‌နှောဖလှယ်ပွဲကို ဒီနှစ် မတ်လနဲ့ ဧပြီလ‌လောက်မှာ တစ်ခါ ပြုလုပ်ပြီးပါပြီ။ ကျမတို့ အရင်တုန်းက တိုက်ပွဲ‌တွေဖြစ်လို့ ဒီလို တစ်‌ယောက်နဲ့တစ်‌ယောက် မ‌တွေ့ဆုံနိုင်ခဲ့ကြဘူး။ အခု ဒီလို ဆုံ‌တွေ့နိုင်ကြတဲ့အခါ ပညာ‌ရေးကိစ္စအ‌ပေါ် ‌ရှေ့ဆက်ဘယ်လို ပူ‌ပေါင်း‌ဆောင်ရွက်ရမလဲဆိုတာ ပွင့်ပွင့်လင်းလင်း ‌ဆွေး‌နွေးကြပြီး လုပ်‌ဆောင်သွားကြမယ်လို့ ယုံကြည်ပါတယ်”ဟု KTWG ဥက္ကဋ္ဌ ဆရာမ ‌နော်လယ်ထူးက နှီး‌နှောဖလှယ်ပွဲတွင် တိုက်တွန်‌ပြောကြားခဲ့သည်။

၎င်းအပြင် နှီး‌နှောဖလှယ်ပွဲတွင် ဘီလင်းမြို့နယ်ရှိ ‌ကျေးရွာအုပ်စု ၁၆ ခုမှ အစိုးရ ‌ကျောင်းနှင့် ကရင်ပညာ‌ရေးဋ္ဌာန ‌ကျောင်း စုစု‌ပေါင်း ၅ဝ ခန့် တက်‌ရောက်ခဲ့ပြီး နှီး‌နှောဖလှယ်ပွဲတက်‌ရောက်သည့် ကိုယ်စားလှယ်များအတွက် အုပ်စုလိုက်ခွဲ၍ တိုင်ပင်‌ဆွေး‌နွေး‌စေခြင်း၊ အပြန်အလှန် ‌မေးမြန်း‌ပြောဆိုခြင်းနှင့် ပဒို‌စောကြည်စိုး၊ ပဒို ‌စောပဲနု၊ ဆရာမ ‌နော်လယ်ထူးနှင့် မြန်မာအစိုးရဘက်မှ မြို့နယ် ဒုတိယပညာ ‌ရေးမှူး ဦးလွင်‌မောင်စိုးတို့ကလည်း တိုက်တွန်းအမှာစကားများ ‌ပြောကြားခဲ့သည်။

‌ကေအဲန်ယူ ဘီးလင်းမြို့နယ်တွင် ကရင်ပညာ‌ရေးဋ္ဌာနမှ ဦးစီး၍ ပညာ‌ရေးဆိုင်ရာ နှီး‌နှောဖလှယ်ပွဲတစ်ခုကို မြို့နယ်အတွင်းရှိ တာအူနီ(‌ဒေါင်းဇံကြီး)‌ကျေးရွာတွင် ယခုနှစ် ဧပြီ ၄ ရက်‌နေ့က ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီဖြစ်သည်။