Home သတင်း မည်သည့်နိုင်ငံခြားသားမဆို ဧည့်စာရင်းတိုင်ကြားရန် ထိုင်းလဝက ‌ကြေညာချက်ထုတ်ပြန်

မည်သည့်နိုင်ငံခြားသားမဆို ဧည့်စာရင်းတိုင်ကြားရန် ထိုင်းလဝက ‌ကြေညာချက်ထုတ်ပြန်

2690

နိုဝင်ဘာ ၂၉ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ အပါအဝင် ထိုင်းနိုင်ငံအတွင်း လာ‌ရောက်မည့် မည်သည့်နိုင်ငံခြားသားမဆို ယခု နိုဝင်ဘာ လမှစတင်ကာ ဧည့်စာရင်းတိုင်ကြားရမည်ဖြစ်‌ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်‌ရေးဌာနက နိုဝင်ဘာ လဆန်းပိုင်းအတွင်း ‌ကြေ ညာချက်တစ်ရပ် ထုတ်ပြန်လိုက်သည်ဟု သိရသည်။

ထိုင်းလူဝင်မှုကြီးကြပ်‌ရေး ဥပ‌ဒေ ပုဒ်မ-၇၇နှင့် ပုဒ်မ-၃၈အရ ထိုင်းနိုင်ငံအတွင်း ဝင်‌ရောက်လာသူမည်သူမဆို ၎င်းတို့အား တည်း ခိုခွင့်‌ပေးသည့် သက်ဆိုင်ရာအိမ်‌ထောင်ဦးစီး၊ အလုပ်ရှင်နှင့် ဟိုတယ်မန်‌နေဂျာ (သို့မဟုတ်) တည်းခိုသူကိုယ်တိုင် ၂၄နာရီအ တွင်း လူဝင်မှုကြီးကြပ်‌ရေးရုံးသို့ အသိ‌ပေး အ‌ကြောင်းကြားရမည်ဟု ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်မှုနှင့်ပတ်သက်၍ မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ-JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက “ဒီဥပ‌ဒေ‌တွေ က အရင်ကတည်းက ရှိထားပြီးသား‌တွေဖြစ်ပါတယ်။ ဘယ်နိုင်ငံခြားသားမဆို တံခါးဖွင့်ထားတယ်။ ဒါ‌ပေမဲ့ ‌စောင့်ကြည့်‌နေတယ် ဆိုတာမျိုး‌ပေါ့။ အခုက‌တော့ ပိုပြီးကြပ်မတ်လိုက်တဲ့သ‌ဘော ဖြစ်ပါတယ်”ဟု ‌ပြောသည်။

ထုတ်ပြန်ထားသည့် ဥပ‌ဒေအား လိုက်နာမှုမရှိပါက တည်းခိုခွင့်‌ပေးသူအား ‌ငွေဒဏ် ဘတ် ၂‌ထောင်မှ တစ်‌သောင်းအထိ ချမှတ် အ‌ရေးယူနိုင်ပြီး တရားဝင်မဟုတ်သည့်နည်းလမ်းဖြင့် လာ‌ရောက်တည်းခိုသူအား လက်ခံမိပါက ၅နှစ်ထက်မပို‌သော ‌ထောင်ဒဏ် နှင့် ဘတ် ၅‌သောင်းထက်မပို‌သော ပြစ်ဒဏ်ကျခံရမည်ဖြစ်‌ကြောင်း ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်း‌ရောက်ရှိအလုပ်လုပ်ကိုင်‌နေပြီး ယာယီပတ်စ်ပို့နှင့် အလုပ်သမား လက်မှတ်ကိုင်‌ဆောင်ထားသူ မြန်မာ‌ရွှေ့ ‌ပြောင်းအလုပ်သမားအ‌နေဖြင့် ရက် ၉ဝသက်တမ်းရှိ ဧည့်စာရင်းတိုင်ကြားကြရပြီး ယခု‌ကြေညာချက်မှာ ‌နောက်ထပ် ‌ရောက်ရှိ လာမည့်သူများကိုသာ ရည်ညွန်းခြင်းဖြစ်‌ကြောင်း သိရသည်။

၎င်းအပြင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားဦး‌ရေ ၂သန်းမှ ၃သန်းကြားရှိသည့် ထိုင်းနိုင်ငံတွင် တရားမဝင် ဝင်‌ရောက်အလုပ်ကိုင် ‌နေသူ များစွာရှိ‌နေဆဲဖြစ်ပြီး ယခု‌ကြေညာချက်မှာ ထိုင်းအလုပ်ရှင်နှင့် ‌နောက်ထပ်‌ရောက်ရှိလာကြမည့် ‌ရွှေ့‌ပြောင်းအလုပ်သမား များအတွက် အခက်အခဲများ ဖြစ်‌ပေါ်လာနိုင်‌ကြောင်းလည်း အလုပ်သမားအ‌ရေး ကူညီ‌ဆောင်ရွက်‌နေသည့် အဖွဲ့အစည်းများက သုံးသပ်‌ပြောဆို‌နေကြသည်။

အဆိုပါ ဥပ‌ဒေများမှာ နိုင်ငံအတွင်း မူးယစ်‌ဆေးဝါးများ၊ လက်နက်‌မှောင်ခိုမှုများ၊ အကြမ်းဖက်မှုများ စသည့် ထိုင်းနိုင်ငံ၏ လုံခြုံ ‌ရေးကို ထိခိုက်လာမည့်ကိစ္စရပ်များ မဖြစ်‌ပေါ်‌စေ‌ရေးအတွက် လွန်ခဲ့သည့် သာသနာသက္ကရာဇ် (၂၅၂၂)ခုနှစ်၊ ခရစ်နှစ် (၁၉၇၉) နှစ်ကတည်းက ပြဋ္ဌာန်းထားသည့်ဥပ‌ဒေဖြစ်‌ကြောင်း သိရသည်။