Home သတင်း ရွာသားများ စု‌ပေါင်းလုပ်‌ဆောင်ခြင်းအ‌လေ့အထရှိရန် KWEGအဖွဲ့ ဦး‌ဆောင်ပြီး စု‌ပေါင်း‌ကောက်စိုက်ပြိုင်ပွဲပြုလုပ်

ရွာသားများ စု‌ပေါင်းလုပ်‌ဆောင်ခြင်းအ‌လေ့အထရှိရန် KWEGအဖွဲ့ ဦး‌ဆောင်ပြီး စု‌ပေါင်း‌ကောက်စိုက်ပြိုင်ပွဲပြုလုပ်

2024

‌အောက်တိုဘာလ ၁ဝရက်၊၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(KWEG)မှ ဦးစီးပြီး ‌ကျေးရွာရှိ ‌တောင်သူလယ်သမားများ စု‌ပေါင်း လုပ်ကိုင်တတ်သည့် စွမ်းရည်ရရှိရန် ရည်ရွယ်ကာ ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ကျွန်းက‌လေး‌ကျေးရွာ တွင် ‌အောက်တိုဘာ ၁ဝရက်‌နေ့ (ယ‌နေ့)မနက်က ၎င်းရွာမှ ရွာသား ၁၀၀‌ကျော်အား ပထမဦးဆုံးအကြိမ် ‌ရေဆင်းစပါး ‌ကောက်စိုက်ပြိုင်ပွဲ အစီအစဉ်တစ်ရပ် ပြုလုပ်‌ပေးခဲ့သည်။

လက်ရှိ ၎င်း‌ကျေးရွာမှ ‌ရေဆင်းစပါးစိုက်ချိန်တွင် ရွာသားများ၏ ‌တောင်းဆိုမှုအရ ‌ကောက်စိုက်ပြိုင်ပွဲကို ‌ရွေး ချယ်ပြီးလုပ်‌ပေးခြင်းဖြစ်သည်ဟု KWEGက သဟဇာတဖြစ်စွာ အတူယှဉ်တွဲ ‌နေထိုင်ခြင်း စီမံကိန်းတာဝန်ခံ ‌နော်လားလယ်ထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အဓိက လုပ်ရတဲ့ရည်ရွယ်ချက်က‌တော့ ရွာသား‌တွေ‌ပျော်ရွှင်စွာစု‌ပေါင်းလုပ်‌ဆောင်‌ပေးဖို့ ကျမတို့စီမံကိန်းက ‘သဟဇာတဖြင့် အတူယှဉ်တွဲ‌နေထိုင်ခြင်း’ အဲဒါကို ဒီရွာမှာ‌တော့ရွာသား‌တွေက လယ်ယာ‌တွေပဲလုပ်‌တော့ ဒီစု‌ပေါင်း‌ကောက်စိုက်တဲ့ဟာ လုပ်‌ပေးတာဖြစ်တယ်။ ဒီလိုဦးစီးပြီး လုပ်‌ပေး‌တော့ရွာသား‌တွေက ပိုတက်ကြွလာတာ‌တွေ့ရတယ်” ဟု သူမက ‌ပြောသည်။

ထို‌ဒေသရှိ လူငယ်အများစုသည် စု‌ပေါင်းလုပ်‌ဆောင်မှုအလုပ်ကို စိတ်ဝင်စားမှုရှိ‌သော်လည်း ‌ကောက်စိုက်ပြိုင်ပွဲတွင်မူ လူလတ်ပိုင်းအရွယ်အများစုသာ ပြိုင်ပွဲဝင်ကြပြီး ‌ကောက်စိုက်သည့် အလုပ်ကို လူငယ်အများစုက စိတ်ဝင်စားမှုနည်းလာခြင်းကို‌တွေ့မြင်ရသည်ဟု ‌နော်လားလယ်ထွန်းက ဆက်‌ပြောသည်။

ကျွန်းက‌လေးရွာက ‌စော‌ရွှေညိုက “အခု‌ကောက်စိုက်ဝင်တာ ဘုန်းကြီးလယ်‌ပေါ့။ အရင်တုန်းကဆိုရင် ကျ‌နော်တို့ရွာသား‌တွေက လာစိုက်‌ပေးတယ်။ ဒါ‌ပေမဲ့ လာလုပ်ချင်တဲ့ လူမှလုပ်တယ်။ ပြီးဖို့အချိန် အကြာကြီးယူရတယ်။ အခု ဆရာမ‌တွေက ဦး‌ဆောင်ပြီး လုပ်‌ပေး‌တော့ ကျ‌နော်တို့စု‌ပေါင်း လုပ်တာ စိတ်ဝင် စားလာတယ်။ ‌ပျော်လည်း‌ပျော်လာတယ်။ ဆု‌တွေ‌ပေးတယ်ဆို‌တော့ လူ‌တွေက အရမ်းတက်ကြွလာတယ်။ ‌ပျော်‌ပျော်ရွှင်ရွှင်နဲ့ ခဏပဲစိုက်ပြီးသွားတယ်”ဟု ‌ပြောသည်။

အိမ်‌ခြေ ၁၀၀‌ကျော်ရှိ ကျွန်းက‌လေး‌ကျေးရွာသည် လယ်ယာလုပ်ငန်းကို အဓိက အသက်‌မွေးဝမ်း‌ကျောင်းပြု ကြပြီး ‌ကျေးရွာအတွက် အလှူဒါနပြုလုပ်သည့်အချိန်တွင် အသုံးပြုရန်အတွက် သာသနာပိုင် ဘုန်းကြီးလယ်‌ပေါ်တွင် နှစ်စဉ်မိုးကုန်‌ရေ ဆင်းစပါးကို စိုက်ပျိုးကြသည်ဟု သိရသည်။