Home သတင်း KNU ဒုဥက္ကဌ ဒုက္ခသည်များနှင့်‌တွေ့ဆုံပြီး ငြိမ်းချမ်း‌ရေးဖြစ်စဉ်များ ရှင်းလင်း

KNU ဒုဥက္ကဌ ဒုက္ခသည်များနှင့်‌တွေ့ဆုံပြီး ငြိမ်းချမ်း‌ရေးဖြစ်စဉ်များ ရှင်းလင်း

2004

စက်တင်ဘာ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်သည် ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံးဖြစ်‌သော မယ်လဒုက္ခ သည်စခန်းသို့ စက်တင်ဘာလ ၁၉မှ ၂ဝရက်‌နေ့များက နှစ်ရက်ကြာ သွား‌ရောက်ကာ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်၏ ပကတိ အ‌ခြေအ‌နေများနှင့် ပတ်သက်၍ ဒုက္ခသည်လူထုတစ်‌ထောင်နီးပါးကို ‌တွေ့ဆုံရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

ပဒို‌နော်စီဖိုးရာစိန် အပါအဝင် KNU ဗဟိုပြန်ကြား‌ရေးနှင့်စည်းရုံး‌ရေးဌာန ဒုတာဝန်ခံ ပဒို‌စောလစ္စတန်၊ ကရင်ဒုက္ခသည်‌ကော်မတီ (KRC)မှ တာဝန်ရှိသူများ လိုက်ပါပြီး မယ်လစခန်း ဇုံ A၊ B၊ C သုံးခုစလုံးရှိ ‌တွေ့ဆုံရှင်းလင်းခဲ့ခြင်းဖြစ်‌ကြောင်း ယင်း‌တွေ့ဆုံမှုနှင့် ပတ်သက်၍ ပဒို‌စောလစ္စတန်က ယခုလို ‌ပြောသည်။

ပဒို‌စောလစ္စတန်က “အဓိကက‌တော့ လူထုနဲ့ ပိုမိုထိ‌တွေ့ပြီး ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို ချပြရှင်းလင်းဖို့၊ ‌နောက်တစ်ခုက Peace Process လုပ်တဲ့‌နောက်ပိုင်းမှာ ဒုက္ခသည်‌တွေအ‌ပေါ်အ‌တော်ဂယက်ရိုက်သွားတာ‌တွေရှိတယ်။ အဲဒါ‌တွေနဲ့ပတ်သက်လို့ လူထု အသံကို နား‌ထောင်ဖို့အပြင် KNU ရဲ့မူသ‌ဘောထားကို ရှင်းပြဖို့အတွက် ဖြစ်ပါတယ်”ဟု ‌ပြောသည်။

အဆိုပါလူထုရှင်းလင်းပွဲတွင် KNU ဒုဥက္ကဌက လက်ရှိမြန်မာ့နိုင်ငံ‌ရေး၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ် ဖြစ်‌ပေါ်တိုးတက်မှု အ‌ခြေအ‌နေများ ကို ရှင်းလင်းချပြပြီး ပဒို‌စောလစ္စတန်မှ ဒုက္ခသည်အ‌ရေးဆိုင်ရာများနှင့် ပတ်သက်သည့် KNU ၏ မူဝါဒသ‌ဘောထားကို ချပြရှင်း လင်းမှုများ ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

၎င်းအပြင် စခန်း‌နေ လူထုများက ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ဆိုင်ရာ မရှင်းလင်းသည့်အချက်များ၊ လက်ရှိစခန်းအတွင်း ကြုံ‌တွေ့‌နေ ရသည့် အခက်အခဲများ၊ ၎င်းတို့၏လိုလားချက်များ စိုးရိမ်မှုများကို တင်ပြခြင်း၊ ‌မေးမြန်းခြင်းဖြင့် အပြန်အလှန်‌ဆွေး‌နွေးမှုများ ပြု လုပ်ခဲ့ကြသည်။

လူထုရှင်းလင်းပွဲတက်‌ရောက်ခဲ့သည့် မယ်လစခန်း‌နေထိုင်သူတစ်ဦးက ” အခုလိုလုပ်တာ လူထု‌တွေလည်း ‌တော်‌တော် စိတ် ဝင်စားမှုရှိတယ်။ စခန်း‌နေသူ‌တွေက တစ်ခုခုဆို သို့‌လောသို့‌လောဖြစ်‌နေရတယ်။ ‌အောက်‌ခြေကလူ‌တွေ‌ပြောတာ သူတို့လည်း မယုံကြဘူး‌လေ။ အခု ဗဟိုက လူကြီးကိုယ်တိုင် လာရှင်းပြ‌တော့ လူထု‌တွေလည်း စိတ်သက်သာရတယ်”ဟု ‌ပြောသည်။

မြန်မာအစိုးရနှင့် KNU တို့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးပြီး‌နောက် ငြိမ်းချမ်း‌ရေးအ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌နေသည့်ကာလ နယ်စပ်ရှိဒုက္ခစခန်းများတွင် နိုင်ငံတကာအကူအညီ‌ပေးမှုများ ‌လျော့ကျလာသည့်အပြင် ‌နေရပ်ပြန် လည်ပို့‌ဆောင်မည့် ‌ပြောဆိုမှုများလည်း ထွက်‌ပေါ်လာခဲ့သည်။

ယင်းအ‌ခြေအ‌နေများ‌ကြောင့် ဒုက္ခသည်လူထုများအကြားတွင် စိုးရိမ်မှုများဖြစ်‌ပေါ်လာပြီး ငြိမ်းချမ်း‌ရေးဖြစ်စဉ် တိုးတက်မှုနှင့်အ ညီ ဒုက္ခသည်အ‌ရေးကိစ္စ မူဝါဒသ‌ဘောထားများ ၎င်းတို့တွင် ချမှတ်ထားပြီးဖြစ်ရာ ထိုအထဲတွင် ဒုက္ခသည်များနှင့် ပြည်တွင်း‌နေ ရပ်စွန့်ခွာသူများအား ပြန်လည်‌နေရာချထားခြင်းနှင့် ပြန်လည်ထူ‌ထောင်‌ရေးလုပ်ငန်းများ လုပ်‌ဆောင်ရာ၌ နိုင်ငံ‌ရေးအရ တည် ငြိမ်မှုနှင့် လုံခြုံစိတ်ချရမှု အာမခံချက်များရရှိရမည့်အပြင် ခွဲခြားခံရမှုမရှိ‌စေဘဲ ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် လူ့အခွင့်အ‌ရေးသာမက နိုင်ငံတကာစံနှုန်းများနှင့်အညီ မိမိတို့ဆန္ဒအ‌လျောက် ဆုံးဖြတ်ချက်ချပိုင်ခွင့်များဖြင့် ‌ရေရှည် တည်တံ့ခိုင်မြဲ‌ရေးကို ဦးတည်သည့် အစီအစဉ်များ ချမှတ်လုပ်‌ဆောင်‌ပေးရမည် စသည့်အ‌ခြေခံမှုများထားရှိ‌ကြောင်း ‌ကေအဲန်ယူက ‌ပြောဆိုသည်။

ယမန်‌နေ့က ပြုလုပ်ခဲ့သည့် လူထု‌တွေ့ဆုံရှင်းလင်းပွဲနည်းတူ စက်တင်ဘာလ ၁၄ရက်‌နေ့တွင် နို့ဖိုးစခန်း၌လည်း‌ကောင်း၊ ၁၅ရက် ‌နေ့တွင် အုန်းဖျန်စခန်း၌လည်း‌ကောင်း၊ ၁၉ရက်နှင့်၂ဝရက်‌နေ့များတွင် မယ်လစခန်းစခန်း၌လည်း‌ကောင်း အသီးသီးပြုလုပ်ခဲ့ပြီး ကျန်ရှိသည့် ဒုက္ခသည်စခန်းများဖြစ်‌သော မယ်ရာမို၊ မယ်လအူး၊ ထမ်းဟင်နှင့် ဘန့်ဒုံယန်းစခန်း ၄ခုတွင် KNU ဒုဥက္ကဌကပင် ဦး‌ဆောင်ကာ အလားတူ ရှင်းလင်းပွဲကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။