Home သတင်း BGF နှင့် ခွဲထွက် DKBA တို့ တစ်ရက်အတွင်း တိုက်ပွဲ ၄ကြိမ်ဖြစ်ပွား

BGF နှင့် ခွဲထွက် DKBA တို့ တစ်ရက်အတွင်း တိုက်ပွဲ ၄ကြိမ်ဖြစ်ပွား

2998

စက်တင်ဘာ ၃ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဲသ‌ဝေါ‌ဒေသတွင် ကရင်နယ်ခြား‌စောင့်တပ်(BGF)နှင့် မကြာ‌သေးမီက ပြန်လည်ဖွဲ့ စည်းထားသည့် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(DKBA)တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျှက်ရှိပြီး ယ‌နေ့ စက်တင်ဘာလ ၃ရက်‌နေ့တွင် တိုက်ပွဲ ၄ကြိမ်ဖြစ်ပွားခဲ့‌ကြောင်း နှစ်ဖက်တပ်များ၏ အတည်ပြုချက်အရ သိရသည်။

ယ‌နေ့ နံနက် ၄း၄ဝနာရီ နယ်ခြား‌စောင့်တပ်-ခစတ (၁၀၁၁)အ‌ခြေပြု ရင်းပိုင်းစခန်း၊ ၆နာရီအချိန် ခစတ(၁၀၁၂) အ‌ခြေပြု မဲသ ‌ဝေါ မဲ့‌ပေါ်တံတားစခန်း၊ နံနက် ၇း၃ဝနာရီတွင် ခစတ(၁၀၁၁)အ‌ခြေပြု ဘီခို့‌လေး (ခ) ‌စော‌ငွေရွာစခန်း၊ ‌နေ့လည် ၁၂း၄၅နာရီ တွင် အမှတ်(၃) တပ်နယ်အ‌ခြေပြု မဲဆိပ်စခန်းတို့တွင်လည်း‌ကောင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားမှုအ‌ခြေအ‌နေများနှင့်ပတ်သက်ပြီး BGF မှ အရာရှိတစ်ဦးက “သူတို့စပစ်တာပဲ။ ခုလည်း ‌ကောင်းမှုကိုလူ‌တွေ ထပ် ‌ရောက်‌နေတယ်။ မ‌နေ့ကနဲ့ဆို လာပစ်တာ ၅ကြိမ်ရှိပြီ။ အခု ‌လော‌လောဆယ်‌တော့ ငြိမ်‌နေတယ်”ဟု ‌ပြောသည်။

၎င်းအပြင် ယမန်‌နေ့ စက်တင်ဘာလ ၂ရက်‌နေ့၊ ည‌နေ ၆နာရီခွဲအချိန်တွင် လှိုင်းဘွဲမြို့နယ် ရှမ်းရွာသစ်နှင့် ရင်းပိုင်းအကြား BGF (၁၀၁၂) အ‌ခြေပြု မယ်လာ‌ရော့စခန်းတွင် DKBA (၉၀၆)တပ်ရင်းမှ ဗိုလ်ကြီး ခယ်ညိုဦးစီးအဖွဲ့နှင့် BGF (၁၀၁၂)တပ်ရင်းမှ ဗိုလ် သိန်း‌အောင် ဦးစီးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့‌ကြောင်းလည်း သိရသည်။

ယ‌နေ့ဖြစ်ပွားသည့် တိုက်ပွဲများတွင် BGF (၁၀၁၁)တပ်ရင်းမှ ဗိုလ်ထူးမြဦးစီးအဖွဲ့နှင့် DKBA (၉၀၆) တပ်ရင်းမှ ဗိုလ်ကြီးအယ်‌ဖော့ ဦးစီးအဖွဲ့၊ BGF (၁၀၁၂)တပ်ရင်း၊ တပ်မ(၄၄)လက်‌အောက်ခံ ပူး‌ပေါင်းတပ်ဖွဲ့နှင့် DKBA (၉၀၄)တပ်ရင်းမှ ဗိုလ်မှူးတင်ဝင်း ဦးစီး အဖွဲ့တို့က BGF (၁၀၁၈)တပ်ရင်းမှ ဗိုလ်ကြီးစိန်ပန်းဦးစီးအဖွဲ့နှင့် DKBA (၉၀၆)တပ်ရင်းမှ ဗိုလ်ကြီးစိန်ပန်း ဦးစီးအဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု DKBA က ယ‌နေ့ စက်တင်ဘာလ ၃ရက် ‌နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်တွင် ယခုရက်သတ္တပတ်အတွင်း ပြန်လည်ဖြစ်ပွားသည့် တိုက်ပွဲများနှင့်ပတ်သက်၍ ကရင်နယ်ခြား‌စောင့်တပ် BGF နှင့် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(DKBA)တို့ အပြန်အလှန် ပြစ်တင်‌ပြောဆိုမှုများ ရှိ‌နေသလို နှစ်ဖက်ထိခိုက်ဒဏ်ရာနှင့် ကျဆုံးမှုအ‌ခြေအ‌နေများကို အတည်ပြုနိုင်ခြင်းမရှိ‌သေး‌ပေ။

ပြီးခဲ့သည့် ဩဂုတ်လ ၂၉ရက်နှင့် ၃ဝရက်‌နေ့များမှစတင်ကာ ကရင်နယ်ခြား‌စောင့်တပ် BGF နှင့် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် DKBA တို့ ‌ကော့ကရိတ်မြို့နယ်၊ ‌ကောင်းမှု‌ကျေးရွာ အ‌နောက်ဘက် ‌တောင်မဲ‌တောင်တွင် တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားခဲ့ပြီး‌နောက်ပိုင်း ‌ကောင်းမူ‌ဒေသတွင်း ထိုးစစ်ဆင်‌နေမှုများအား စက်တင်ဘာလ ၁ရက်‌နေ့တွင် ရုပ်သိမ်း‌ပေး ခြင်းမရှိပါက့ ၎င်းတို့ထိန်းချုပ်ရာ‌ဒေသများနှင့် လှုပ်ရှား‌ဒေသများတွင် စစ်မျက်နှာ ဖွင့်သွားမည်ဖြစ်‌ကြောင်း DKBA က ဩဂုတ်လ ၃၁ရက်‌နေ့စွဲဖြင့် ထုတ်ပြန်‌ကြေညာထားသည်။