Home သတင်း ပြည်နယ်ဝန်ကြီးချုပ်အား ပြည်နယ်လူထုများက တိုက်ရိုက်‌ရွေးချယ်တင်‌မြှောက်ရန် KPP စာတမ်းတင်သွင်း

ပြည်နယ်ဝန်ကြီးချုပ်အား ပြည်နယ်လူထုများက တိုက်ရိုက်‌ရွေးချယ်တင်‌မြှောက်ရန် KPP စာတမ်းတင်သွင်း

1822

စက်တင်ဘာ ၂ရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့်

ပြည်နယ်အစိုးရ၏ အကြီးအကဲဖြစ်သူ ပြည်နယ်ဝန်ကြီးချုပ်အား ပြည်နယ်အတွင်းရှိ ပြည်သူလူထုမှ တိုက်ရိုက်‌ရွေးချယ်တင် ‌မြှောက်နိုင်ရန် ကရင်ပြည်သူ့ပါတီ(KPP) က ယ‌နေ့ ဆက်လက်ကျင်းပသည့် ၂၁ရာစုပင်လုံညီလာခံ ပထမအကြိမ် တတိယ‌နေ့ အစည်းအ‌ဝေးတွင် စာတမ်းတင်သွင်းခဲ့သည်။

ထိုညီလာခံ၏ တတိယ‌မြောက်‌နေ့ အစည်းအ‌ဝေးတွင် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ၎င်းတို့အဖွဲ့၏ သ‌ဘောထားစာတမ်း များကို ဖတ်ကြားတင်ပြခဲ့ကြရာ ပြည်သူတို့၏ လိုလားချက်၊ အခက်အခဲများကို နားလည်သ‌ဘော‌ပေါက်နိုင်ရန်အတွက် ပြည်သူ လူထုကိုယ်တိုင်‌ရွေးချယ်‌သော ကိုယ်စားလှယ်ကိုသာ ခန့်အပ်‌ပေးရန် ယင်းသို့ ‌တောင်းဆိုခြင်းဖြစ်သည်ဟု KPP ၏ တွဲဖက်အ တွင်း‌ရေးမှူး(၂) နမ့်ခင်‌အေးဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

စာတမ်းဖတ်ကြားသူ နမ့်ခင်‌အေးဦးက “ကိုယ့်ပြည်နယ်အတွင်းမှာ တကယ်တမ်း ‌တော်တဲ့လူ‌တွေ၊ တတ်တဲ့လူ‌တွေ ရှိတာကို ‌တော့ လူထုက သိဖို့‌တော့ လိုတယ်။ အဲဒီလိုလူမျိုးကို သူတို့ ကိုယ်တိုင်‌ရွေးချယ်ချင်လို့ပါ။ Bottom Up (လူထု‌ရွေးချယ်မှု) သွား ‌စေချင်လို့ ဒီစာတမ်းကို တင်ပြတာဖြစ်ပါတယ်။ လူထုက ဒီလိုပဲ ဖြစ်‌စေချင်တယ်။ သူတို့ရဲ့ဖြစ်‌စေချင်တဲ့ ဆန္ဒ‌လေးကို တင်ပြရ ခြင်းဖြစ်တယ်။”ဟု ‌ပြောသည်။

ထို့အပြင် သီးခြား‌ရွေးချယ် တင်‌မြှောက်ခြင်းခံရ‌သော ပြည်နယ်အစိုးရအ‌နေဖြင့် ဥပ‌ဒေပြုအာဏာ၊ အုပ်ချုပ်‌ရေး အာဏာနှင့် တရားစီရင်‌ရေးအာဏာကို အ‌ခြေခံဥပ‌ဒေတွင် ပြဋ္ဌာန်း၍ လုပ်ပိုင်ခွင့်အာဏာများ ခွဲ‌ဝေရန်၊ မိမိပြည်နယ်၏ အ‌ရေးကိစ္စရပ်များ အား ပြည်နယ်အစိုးရလက်‌အောက်တွင်သာ ထားရှိရန်နှင့် သယံဇာတ ခွဲ‌ဝေသုံးစွဲ‌ရေးကိုလည်း KPP က ‌တောင်းဆိုထားသည်။

ညီလာခံကို တက်‌ရောက်လာသည့် မွန်ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌ဒေါက်တာမင်းစိုးလင်းကလည်း မိမိပြည်နယ်ကို အုပ် ချုပ်သည့် ပြည်နယ်ဝန်ကြီးချုပ်ကို သက်ဆိုုင်ရာ ပြည်သူလူထုက တိုက်ရိုက်‌ရွေးချယ်ခြင်းသည် အင်မတန်‌ကောင်းမွန်သည့် အစဉ်အလာတစ်ခုဖြစ်‌သော်လည်း လက်ရှိပြဋ္ဌာန်းထားသည့် (၂၀၀၈ ဖွဲ့စည်းပုံ) အ‌ခြေခံဥပ‌ဒေကို ပြင်ဆင်မှသာ ယင်းအခွင့်အ ‌ရေးများကို ရရှိမည်ဟု မှတ်ချက်ပြု ‌ပြောဆိုသည်။

၎င်းကိစ္စအ‌ပေါ် တရားလွှတ်‌တော်‌ရှေ့‌နေ ဦးကိုနီက တပ်မ‌တော်အစုအဖွဲ့၏ သ‌ဘောမတူချက်မပါဘဲ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ပြင်၍ရမည်မဟုတ်‌ကြောင်း ရှင်းပြသည်။

“တပ်မ‌တော်အစုအဖွဲ့ သ‌ဘောတူဖို့ဆိုရင် ကာကွယ်‌ရေးဦးစီးချုပ် သ‌ဘောတူမှရမယ်။ ကာကွယ်‌ရေးဦးစီးချုပ်က သ‌ဘောမတူ ရင် ဖွဲ့စည်းပုံကို ပြင်လို့မရဘူး။ အဲ‌တော့ ဒီညီလာခံက တစ်ခုခုဆုံးဖြတ်ရင် ဒီဆုံးဖြတ်ချက်အ‌ပေါ်မှာ မူတည်ပြီး တပ်မ‌တော်ဘက် က သ‌ဘောထား‌ပြောင်းသွားရင် ပြည်နယ်တိုင်းဝန်ကြီးချုပ်‌တွေကို ‌ရွေးချယ်ဖို့ဆိုတာ ဖြစ်လာနိုင်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

လက်ရှိ ၂၀၀၈အ‌ခြေခံဥ‌ပေဒအရ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်ကို နိုင်ငံ‌တော်သမ္မတက တိုက်ရိုက်ခန့် အပ်ပြီး လွှတ်‌တော်တွင် အတည်ပြု‌ပေးရသည့်စနစ် ဖြစ်သည်။

ကရင်ပြည်သူ့ပါတီ(KPP)သည် ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၈ရက်‌နေ့က ကျင်းပခဲ့‌သော ပါတီစုံဒီမိုက‌ရေစီ‌ရွေး‌ကောက်ပွဲ တွင် လွှတ်‌တော်ကိုယ်စားလှယ် ၁၁၇ဦး ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာ၌ ၁ဦး အနိုင်ရရှိခဲ့ပြီး ယခုလက်ရှိ ‌နေပြည်‌တော် MICC 2 ခန်းမ တွင် ကျင်းပ‌နေသည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ရာစုပင်လုံ ပထမအကြိမ် အစည်းအ‌ဝေးသို့ အနိုင်ရပါတီအဖြစ် ကိုယ်စားလှယ် ၇ဦး တက်‌ရောက်ခဲ့ကြသည်။