Home သတင်း ဖားအံတွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ KWEG ကရင်အမျိုးသမီးအဖွဲ့ ဦးစီးကျင်းပ

ဖားအံတွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ KWEG ကရင်အမျိုးသမီးအဖွဲ့ ဦးစီးကျင်းပ

1593

စက်တင်ဘာ ၂၁ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်အမျိုးသမီးများစွမ်းရည်မြှင့်တင်‌ရေးအဖွဲ့(KWEG)မှ ဦးစီး၍ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ အထိမ်းအမှတ် အခမ်းအ နားကို “ငြိမ်းချမ်း‌ရေး ‌ရေရှည်တည်တံ့‌စေဖို့ အားလုံးကိုယ်စီ စတင်စို့” ‌ဆောင်ပုဒ်ဖြင့် ဖားအံမြို့ရှိ ကန်သာဦးခန်းမတွင် ယ‌နေ့၌ ဦးစီးကျင်းပခဲ့သည်။

“အဓိက ကျင်းပရတဲ့ ရည်ရွယ်ချက်က ‌ကျေးနယ်‌တွေမှာရှိ‌နေကြတဲ့ ‌ဒေသခံ‌တွေကို ငြိမ်းချမ်း‌ရေးအ‌ကြောင်းနဲ့ ပတ်သက်ပြီး NCA အ‌ကြောင်း‌ကော၊ ပြီး‌တော့ JMC အ‌ကြောင်း‌ကော ကျမတို့ရှင်းပြပြီး ‌ပေးသိချင်လို့ပါ။ ‌နောက်ပြီး ငြိမ်းချမ်း‌ရေးလုပ်ငန်း‌တွေမှာ လည်း တစ်ဦးချင်းစီအ‌နေနဲ့ ပါဝင်လာနိုင်‌အောင်လို့ လုပ်ရခြင်းဖြစ်တယ်”ဟု အခမ်းအနားဦး‌ဆောင်ကျင်းပခဲ့သူ KWEG မှ ‌နော်စင်သီယာဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အခမ်းအနားတက်‌ရောက်လာသူ ‌ဒေသခံများအား တစ်နိုင်ငံလုံး အပစ်ရပ်စဲ‌ရေးစာချုပ်-NCA အ‌ကြောင်း၊ JMC အ‌ကြောင်းနှင့် မကြာ‌သေးမီက ‌နေပြည်‌တော်မှ ကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံညီလာခံအ‌ကြောင်းများကို ရှင်းလင်းတင်ပြခဲ့ သည်ဟု သူမက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ အထိမ်းအမှတ်များကို ယခုလို ကျင်းပနိုင်ခဲ့‌သော်လည်း အခြားတစ်ဘက်တွင် လှိုင်းဘွဲမြို့ နယ်ရှိ မဲသ‌ဝေါ‌ဒေသများ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား‌နေဆဲဖြစ်သည့်အတွက် ‌ဒေသခံပြည်သူများ ဒုက္ခ‌ရောက်ကြရပြီး နိုင်ငံ ‌တော်‌ခေါင်း‌ဆောင်များမှ ငဲ့ညာသနား‌သောအားဖြင့် စစ်ပွဲများကို ရပ်တန့်‌ပေးရန် ‌ဆောင်ရွက်‌ပေးလိုသည်ဟု အခမ်းအနားတက် ‌ရောက်သူ ‌စောဖါ့ဒါက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “စစ်ပွဲက မဖြစ်တာက အ‌ကောင်းဆုံးပါပဲ။ စစ်ဖြစ်လာရင် ပြည်သူ‌တွေပဲ ခံကြရတာ အားလုံးပဲ အသိပါ။ အမျိုးသမီးနဲ့ က‌လေး‌တွေဆို ပိုခံစားကြရတာများပါတယ်။ ဒါ‌ကြောင့် ‌ခေါင်း‌ဆောင်‌တွေကို ‌ပြောကြားချင်တာ တခုပဲ ရှိပါတယ်။ စစ်ပွဲကို ရပ် ‌ပေးပါလို့ပဲ ‌တောင်းဆိုချင်ပါတယ်”ဟု ‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် ငြိမ်းချမ်း‌ရေးအခမ်းအနားတွင် ပြည်နယ်အစိုးရမှ ဌာနဆိုင်များတာဝန်ရှိသူများ၊ JMC-S အဖွဲ့ဝင်များ၊ ဖားအံ မြို့‌ပေါ်ရှိ အရပ်ဘက်အဖွဲ့များ၊ အမျိုးသမီးအဖွဲ့များနှင့် ဖားအံ၊ လှိုင်းဘွဲ၊ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး စသည့်မြို့နယ် ၄မြို့ နယ်မှ ပြည်သူလူထု စုစု‌ပေါင်း ၃၀ဝ ဝန်းကျင်ခန့် တက်‌ရောက်ခဲ့ကြသည်။