Home သတင်း ကရင်အမျိုးသားများ စု‌ပေါင်းလုပ်ကိုင်နိုင်‌ရေး Karen Eco ကုမ္ပဏီ စတင်တည်‌ထောင်

ကရင်အမျိုးသားများ စု‌ပေါင်းလုပ်ကိုင်နိုင်‌ရေး Karen Eco ကုမ္ပဏီ စတင်တည်‌ထောင်

2221

စက်တင်ဘာ ၄ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသားများ စီးပွား‌ရေးလုပ်ငန်းများကို စု‌ပေါင်းလုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ ကရင်အီကိုကုမ္ပဏီ (Karen Eco Co.Ltd)ကို ကရင်စီးပွား‌ရေးလုပ်ငန်းရှင်တချို့မှ ဦး‌ဆောင်ကာ ဩဂုတ်လကုန်ပိုင်းတွင် စတင် တည်‌ထောင်လိုက်ပြီးဖြစ်သည်ဟု ကုမ္ပဏီ၏ မန်း‌နေးဂျင်းဒါရိုက်တာ(MD) ‌စောဟိုး‌ရှေးက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

“ကျ‌နော်တို့ကုမ္ပဏီရဲ့ ရည်ရွယ်ချက်က‌တော့ ကရင်အမျိုးသား‌တွေအ‌နေနဲ ့စီးပွား‌ရေးလုပ်ငန်း‌တွေကို အတူတကွ စုစည်းလုပ် ကိုင်တတ်တဲ့ အ‌လေ့အကျင့်ရှိလာ‌အောင်၊ ကုမ္ပဏီအ‌နေနဲ ့ကရင်လူငယ်‌လေး‌တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းဖန်တီး‌ပေးဖို့၊ ‌နောက် ဖွံ့ဖြိုး‌ရေး၊ ပညာ‌ရေးအပိုင်း‌တွေ ပံ့ပိုး‌ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်။ ဘာလို့လည်းဆိုရင် တခုခုဆို ‌ငွေအင်အား မ‌တောင့် တင်းတဲ့အတွက် အမျိုးသား‌ရေးလုပ်တဲ့အခါ အားနည်းတာ‌တွေရှိတာ ‌တွေ့ရလို ့ပါ”ဟု ‌စောဟိုး‌ရှေးက ‌ပြောသည်။

လက်ရှိတွင် ကရင်အီကိုကုမ္ပဏီကို စီမံကိန်းနှင့် ဘဏ္ဍာ‌ရေးဝန်ကြီးဌန၊ ကုမ္ပဏီ မှတ်ပုံတင်အမှတ် ၆၉၃၊ ၂၀၁၆-၁၇ ဖြင့် မှတ်ပုံ တင်ရရှိထားပြီး ‌စောဟိုး‌ရှေး၊ ‌စောထူး‌စေး၊ မန်းသိန်း‌ဇော်‌ထွေး၊ နန့်မြင့်မြင့်စန်း၊ နန့်စိုးရီရီ‌အောင်၊ ‌စောတာက‌ပေါနှင့် မန်းစိန်‌ကျော်မြင့် တို့ပါဝင်သည့် ဒါရိုက်တာအဖွဲ့ဝင် ၇ဦးထားရှိကာ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ကရင်အမျိုးသားရပ်ကွက်၊ ဦး‌ကျော်ထွန်းဇံ လမ်း၊ အမှတ်(၁၁)၌ ရုံးခန်းဖွင့်လှစ်ထားပြီးဖြစ်သည်ဟု ကုမ္ပဏီဒါရိုက်တာတဦးဖြစ်သူ နန့်စိုးရီရီ‌အောင်က ‌ပြောသည်။

ကုမ္ပဏီအ‌နေဖြင့် ကနဦး မတည်ရင်းနှီး‌ငွေကျပ် သန်း ၆၀ဝ ကို ဒါရိုက်တာ အဖွဲ့ဝင်များက ထည့်ဝင်ထားပြီး ‌ဆောက်လုပ်‌ရေးလုပ် ငန်း၊ ခရီးသွားလုပ်ငန်းနှင့် ကရင်ရိုးရာ စား‌သောက်ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်သွားရန်ရှိ‌ကြောင်း ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ဝင်များ ထံမှ သိရသည်။

‌နောက်ပိုင်းတွင် အများပိုင်ကုမ္ပဏီအ‌နေဖြင့် ဖွဲ့စည်းသွားရန်ရှိသလို လက်ရှိ အစုရှယ်ယာတစ်စုလျှင် ကျပ်သိန်း ၃ဝ သတ်မှတ် ထားပြီး ကရင်အမျိုးသားများ၏ အစုရှယ်ယာများကိုသာ လက်ခံသွားရန်ရှိ‌ကြောင်း ‌စောဟိုး‌ရှေးက ဆက်‌ပြောသည်။

ကရင်အီကိုကုမ္ပဏီ ဖွဲ့စည်းတည်‌ထောင်လိုက်ခြင်းနှင့် ပတ်သက်၍ အ‌နောက်ပိုးကရင်စာ‌ပေ အကျိုးပြုကရင်လူငယ်အဖွဲ့ အတွင်း‌ရေးမှူး စ‌ကျော်စိုးက “အခုလို ကရင်ကုမ္ပဏီတခု ‌ပေါ်ထွက်လာတာကို ကြိုဆိုတယ်။ အား‌ပေးတယ်။ ဘာလို့လည်းဆို ‌တော့ အမျိုးသား‌ရေးပဲဖြစ်ဖြစ်၊ လူမှု‌ရေးလုပ်ငန်း‌တွေပဲဖြစ်ဖြစ် ‌ငွေ‌ရေး‌ကြေး‌ရေး အင်းအားရှိဖို့ လိုတယ်။ ကျ‌နော်တို့ ကရင်လူမျိုး ‌တွေ စီးပွား‌ရေးဘက်မှာ အားနည်းတယ်။ လုပ်ငန်းရှင်ဆိုတာလည်း နည်းတယ်။ အခုလို ကုမ္ပဏီတခု‌ပေါ်လာတာ ‌ကောင်းတယ် လို့ မြင်တယ်”ဟု မှတ်ချက်ပြု ‌ပြောသည်။

အလားတူ ကရင်နိုင်ငံ‌ရေးသမားအချို့နှင့် စီးပွား‌ရေးလုပ်ငန်းရှင်များ ပူး‌ပေါင်းကာ ယခုလို ကုမ္ပဏီတစ်ခုတည်‌ထောင်မည်ဟု ၂၀၁၆ နှစ်ဆန်းပိုင်းကတည်းက ရန်ကုန်ကရင်အသိုင်းအဝိုင်းတွင် သတင်းထွက်‌ပေါ်‌နေခဲ့ပြီး ‌ဝေဖန်သုံးသပ်မှု အမျိုးမျိုးရှိ‌နေ ‌ကြောင်း ရန်ကုန်မြို့ရှိ ကရင်အမျိုးသားများထံမှ သိရသည်။

ကရင်အီကိုကုမ္ပဏီဖွဲ့စည်းရန် ၂၀၁၆ခု၊ နှစ်ဆန်းပိုင်းကတည်းက စတင်လုပ်‌ဆောင်ခဲ့ခြင်းဖြစ်ကာ ၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၁၈ရက် ‌နေ့တွင် တရားဝင်ကုမ္ပဏီ မှတ်ပုံတင်လက်မှတ် ရရှိခဲ့ပြီး ယခုစက်တင်ဘာလမှစတင်ကာ ကုမ္ပဏီအ‌နေဖြင့် ‌ဆောက်လုပ်‌ရေး လုပ်ငန်းများ လုပ်ကိုင်သွားရန် စီစဉ်‌နေ‌ကြောင်း သိရသည်။