Home သတင်း မိုင်းအန္တရာယ် အသိပညာ‌ပေး ဆရာဖြစ်သင်တန်း ဖားအံတွင် ပြုလုပ်

မိုင်းအန္တရာယ် အသိပညာ‌ပေး ဆရာဖြစ်သင်တန်း ဖားအံတွင် ပြုလုပ်

2472
A Soviet TM-46 anti-personnel mine.
ဩဂုတ် ၂၂ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

‌မြေမြှုပ်မိုင်းနှင့် စစ်ကျန် ‌ပေါက်ကွဲ‌စေနိုင်‌သော လက်နက်များ‌ကြောင့် ထိခိုက်နိုင်မူများ ‌လျော့နည်း‌စေရန် ရည်ရွယ်၍ မိုင်းအန္တရာယ် အသိပညာ‌ပေး ဆရာဖြစ်သင်တန်းကို ယူနီဆက်(မြန်မာ)၊ စီဒီ‌အေ(မြန်မာ)နှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူး‌ပေါင်းကာ ဩဂုတ်လ ၂၂ရက်မှ ၂၅ရက်‌နေ့အထိ ဖားအံမြို့ ‌တော်ဝင်ရတနာဟိုတယ်၌ ကျင်းပပြုလုပ်လျှက်ရှိသည်။

ဒီစီ‌အေ(မြန်မာ) ပရိုဂရမ်မန်‌နေဂျာ မက်သရူးက “မြန်မာနိုင်ငံမှာဆို ‌မြေမြှုပ်မိုင်းနဲ့ မ‌ပေါက်ကွဲ‌သေးတဲ့ စစ်ကျန်လက်နက်‌တွေနဲ့ ပတ်သက်ပြီး‌တော့ ထိခိုက်ခံစားရတာ‌တွေကို ဒီစီ‌အေအ‌နေနဲ့ သိရှိသ‌ဘော‌ပေါက်ထားပြီးဖြစ်တယ်။ ပြည်သူလူထု‌တွေ သိရှိ ‌ရှောင်ရှားနိုင်ပြီး ‌နေ့စဉ် ပုံမှန် လွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့ သက်ဆိုင်ရာ အစိုးရဌာနက ဆရာ/ဆရာမ‌တွေကို အသိပညာ ‌ပေးပြီး လူထုလက်ထဲ ပြန်ပို့နိုင်ဖို့ အခုသင်တန်းမှာ လာ‌ရောက်ပူး‌ပေါင်း ပါဝင်ရတာပါ”ဟု ‌ကေအိုင်စီသို ့‌ပြောသည်။

‌လေးရက်တာ ကျင်းပပြုလုပ်မည့် မိုင်းအန္တရာယ်အသိပညာ‌ပေး ဆရာဖြစ်သင်တန်းတွင် ‌ပေါက်ကွဲလက်နက်ပစ္စည်းများနှင့် ခြိမ်း‌ခြောက်မှု အန္တရာယ်အ‌ကြောင်း ရှင်းပြခြင်း၊ မိုင်းအန္တရာယ် အသိပညာ‌ပေး အမှတ်အသားများနှင့် သဲလွန်စများအ‌ကြောင်း ရှင်း လင်းခြင်း၊ ‌ပေါက်ကွဲမှု‌ကြောင့် ဖြစ်‌ပေါ်လာမည့် အကျိုးဆက်များအ‌ကြောင်း ရှင်းပြခြင်း စသည့်‌ခေါင်းစဉ်ကြီး ၅ခု သင်ကြားပို့ချ ‌ပေး‌ကြောင်း သိရသည်။

မိုင်းအန္တရာယ် ကင်းရှင်း‌ရေးအတွက် အစိုးရဌာနဆိုင်ရာတစ်ခုတည်း လုပ်‌ဆောင်၍ မရသလို လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများကိုယ်တိုင် ပူး‌ပေါင်းပါဝင်ရန်လိုအပ်ကာ ငြိမ်းချမ်း‌ရေးယူထားသည့် ကာလအတွင်း လူမှုဝန်ထမ်း ဦးစီးဌာနအ‌နေဖြင့် မိုင်းရှင်း လင်း‌ရေးလုပ်ငန်းများကို တတ်နိုင်သမျှ လုပ်ကိုင်သွားမည်ဟု ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာန လက်‌ထောက်ညွှန်ကြား‌ရေးမှူး ဦး‌ဇော်မင်းက ‌ပြောသည်။

အဆိုပါသင်တန်းသို့ ပြည်နယ်အဆင့် ‌မြေစာရင်းဦးစီးဌာန၊ သစ်‌တောဦးစီးဌာန၊ နယ်စပ်ဒသနှင့် တိုင်းရင်းသားဖွံ့ဖြိုး‌ရေးဦးစီးဌာန နှင့် ပညာ‌ရေးဝန်ကြီးဌာနတို့မှ သင်တန်းသူသင်တန်းသား ၆ဝဦး‌ကျော် တက်‌ရောက်လျက်ရှိသည်။

ကရင်ပြည်နယ် မြဝတီခရိုင်အဆင့် မိုင်းအန္တရာယ်အသိပညာ‌ပေး‌ကော်မတီကို ပြီးခဲ့သည့် ဇူလိုင်လ ၂၈ရက်‌နေ့က စတင်ဖွဲ့စည်းခဲ့ ပြီး မြန်မာနိုင်ငံ မိုင်းအန္တရာယ် အသိပညာ‌ပေး‌ကော်မတီကို ပဋိပက္ခ‌ဒေသတွင်း က‌လေးများ မိုင်းအန္တရာယ် အသိပညာ‌ပေးရန်အတွက် ကုလသမဂ္ဂ က‌လေးအခွင့်အ‌ရေးဆိုင်ရာ သ‌ဘောတူစာချူပ်အရ ၂၀၁၂ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့‌ကြောင်း သိရသည်။