Home သတင်း မူးယစ်‌ဆေးဝါးပြဿနာကို အဓိကထား၍ ပြည်သူလူထုများနှင့်အတူ ပူး‌ပေါင်း‌ဖြေရှင်းမည်ဟု KNPF ဆို

မူးယစ်‌ဆေးဝါးပြဿနာကို အဓိကထား၍ ပြည်သူလူထုများနှင့်အတူ ပူး‌ပေါင်း‌ဖြေရှင်းမည်ဟု KNPF ဆို

1976

ဇူလိုင် ၂၈ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာနလက်‌အောက်ခံ ကရင်အမျိုးသား ရဲတပ်ဖွဲ့-KNPF အ‌နေဖြင့် ‌ဒေသတွင်း မူးယစ်‌ဆေးဝါးပြဿနာများကို အဓိကထား၍ အမျိုးသား‌ရေးတာဝန် တစ်ရပ်အဖြစ် ပြည်သူလူထုများနှင့်အတူ ပူး‌ပေါင်း‌ဖြေရှင်းမှု လုပ်‌ဆောင်သွားမည်ဟု သုံးရက်တာ ပြုလုပ်ခဲ့သည့် KNPF အစည်းအ‌ဝေးကြီး၏ ‌ရှေ့လုပ်ငန်းစဉ်၌ ဆုံးဖြတ်ခဲ့သည်။

KNU တပ်မဟာ(၇)နယ်‌မြေရှိ ကရင်အမျိုးသားကာကွယ်‌ရေးတပ်မ‌တော်-KNDO ဌာနချုပ်၌ ဇူလိုင် ၂၅ရက်မှ ၂၇ရက်‌နေ့အထိ ပြုလုပ်သည့် အဆိုပါအစည်းအ‌ဝေးပွဲ၌ တက်‌ရောက်လာသည့် KNPF ရဲတပ်ဖွဲ့များမှ မူူးယစ်‌ဆေးဝါးပြဿနာများ တင်ပြ‌ဆွေး‌နွေးကြမှုအ‌ပေါ် တညီတညွှတ်တည်း ထိုသို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်ဟု KNU ပြည်ထဲ‌ရေးနှင့်သာသနာ‌ရေးဌာန တာဝန်ခံ ပဒို‌စောအားတိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ခရိုင်အသီးသီးက အစည်းအ‌ဝေးမှာ မူးယစ်‌ဆေးဝါးပြဿနာနဲ့ပတ်သက်ပြီး အားလုံး တင်ပြကြတယ်။ အခုဆိုရင် မူးယစ်‌ဆေးဝါးကိစ္စက ‌တော်‌တော်‌လေးကို ပြဿနာဖြစ်‌နေတယ်။ ‌တော်‌တော်ကြီးထွားလာတယ်။ ဒါ‌ကြောင့်မို့ မူးယစ်‌ဆေးဝါးနဲ့ပတ်သက်လို့ ပြည်သူလူထုနဲ့ပူး‌ပေါင်းလုပ်‌ဆောင်သွားဖို့ လိုအပ်ရင် ပြည်‌ထောင်စု ရဲတပ်ဖွဲ့နဲ့ပူး‌ပေါင်းလုပ်‌ဆောင်သွားဖို့ အဲ့မှာ ဆုံးဖြတ်ထားတာရှိတယ်”ဟု ၎င်းက ‌ပြောသည်။

အဆိုပါ မူးယစ်‌ဆေးဝါးပြဿနာအပြင် KNPF ကို တိုးချဲ့ဖွဲ့စည်းရန်၊ တရားဥပ‌ဒေစိုးမိုး‌ရေးနှင့် နယ်‌မြေ‌ဒေသ ‌အေးချမ်းသာယာ‌ရေးအတွက် လိုအပ်သည့်သင်တန်းများကို ခရိုင်အလိုက်တိုးမြှင့်လုပ်‌ဆောင်သွားရန်၊ ‌ခြောက်လပတ်တစ်ကြိမ် ကျင်းပမည့် ရဲတပ်ဖွဲ့အစည်းအ‌ဝေးကို ခရိုင် ၇ ခုတွင် အလှည့်ကျပြုလုပ်သွားရန် အပါအဝင် ‌ရှေ့လုပ်ငန်းစဉ် (၁၁)ချက်ကိုလည်း ချမှတ်ခဲ့သည်ဟု ပဒို‌စောအားတိုးက ဖြည့်စွက်‌ပြောသည်။
IMG_9993
အစည်းအ‌ဝေးပွဲသို့ ဗဟိုရဲမှူးများ၊ KNU ဗဟိုတာဝန်ရှိသူများ၊ ခရိုင် ၇ ခုမှ တာဝန်ရှိရဲမှူးများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ‌လေ့လာသူအချို့တို့ စုစု‌ပေါင်း (၁၁၂)ဦး တက်‌ရောက်ခဲ့ပြီး ၎င်းတို့၏ လုပ်‌ဆောင်ချက်များကို ပြန်လည်သုံးသပ် ခြင်း၊ ‌ရှေ့လုပ်ငန်းစဉ်ချမှတ်ခြင်း၊ ရဲလုပ်ငန်းစဉ်အချို့အတွက် ဆုံးဖြတ်ချက်ချမှတ်ခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။

ဖားအံမြို့အ‌ခြေစိုက် ကရင်ပြည်နယ် လူမှုကွန်ရက်(KSCN)မှ လူငယ်တစ်ဦးဖြစ်သူ ‌စောစိန်‌ထွေးက “ကျ‌နော်တို့ ‌ဒေသမှာ မူးယစ်‌ဆေးဝါးဆိုရင် ‌ပေါတာက မြင်း‌ဆေး(စိတ်ကြွ‌ဆေး)ပါ။ ဘိန်း‌တော့မ‌တွေ့ရဘူး။ ဒီမူးယစ်‌ဆေးဝါး ‌တွေက အလုပ်အကိုင်အခွင့် အလမ်းတစ်ခုလို အ‌ခြေခံလူတန်းစား‌တွေအထိ ပျံ့နှံ့‌နေတယ်။ ပူး‌ပေါင်းလုပ်‌ဆောင် မယ်ဆိုရင် အရမ်း‌ကောင်းတယ်။ ဒါ‌ပေမဲ့ အ‌ရေးယူတဲ့အခါမှာ အ‌ကြောက်တရားတစ်ခုကိုပဲ မလုပ်ပဲနဲ့ ပြည်သူ ‌တွေကို ဘယ်လိုစည်းရုံး လုပ်‌ဆောင်နိုင်မလဲ‌ပေါ့။ အဓိကအားဖြင့် ပညာ‌ပေးမှုနှင့် အ‌ရေးယူမှုကို တွဲပြီး‌တော့ လုပ်‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNPF ကို ၁၉၉၁ ခုနှစ် စက်တင်ဘာ ၉ ရက်‌နေ့က KNU ဌာနချုပ် မာနယ်ပ‌လောတွင် ပြုလုပ်သည့် (၁၀)ကြိမ်‌မြောက်ကွန်ဂရက်၌ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ ရဲမှူးချုပ်မှာ ‌စောလယ်‌ဝေါ် ဖြစ်သည်။ ဗဟို၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ဗဟိုအဆင့်အစည်းအ‌ဝေးပွဲကို ‌ကေအဲန်ယူ ၁၅ကြိမ် ‌မြောက်ကွန်ဂရက် ပြီး‌နောက် ပထမဦးဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သည်ဟု KNPF က ‌ပြောသည်။