Home သတင်း စိုက်ပျိုးစရိတ်‌ချေး‌ငွေ မရရှိ‌သေး၍ ထွန်ယက်ခများအတွက် လယ်သမားများ အခက်ကြုံ

စိုက်ပျိုးစရိတ်‌ချေး‌ငွေ မရရှိ‌သေး၍ ထွန်ယက်ခများအတွက် လယ်သမားများ အခက်ကြုံ

1648
ဇူလိုင် ၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသရှိ ‌ကျေးရွာအများစုမှ လယ်ယာများကို ဇွန်လကတည်းက ထွန်ယက်မျိုးကျဲ စိုက်ပျိုးကြ ပြီး‌သော်လည်း လက်ရှိအချိန်ထိ မြို့နယ်စိုက်ပျိုး‌ရေးဘဏ်ထံမှ စိုက်ပျိုးစရိတ်‌ချေး‌ငွေ မရရှိ‌သေးအတွက် ထွန်ယက်ခ၊ အလုပ်သ မားခများကို ‌ပေး‌ချေရန် အခက်အခဲကြုံ‌တွေ့‌နေရသည်ဟု ‌ဒေသခံလယ်သမားများက ‌ပြောဆိုကြသည်။

ခလယ်‌ကျေးရွာအုပ်စု၊ တံခွန်တိုင်‌ကျေးရွာအုပ်စုနှင့် ‌တောင်ဒီး‌ကျေးရွာအုပ်စုများရှိ လယ်သမားများသည် စိုက်ပျိုးစရိတ် ‌ချေး‌ငွေ ရရှိရန် ပြီးခဲ့သည့် ဇွန်လဆန်းကတည်းက ‌ကျေးရွာရှိ စိုက်ပျိုးစရိတ် ထုတ်‌ချေး‌ငွေ‌ကော်မတီထံသို့ တင်ပြထားခြင်းဖြစ်‌သော် လည်း လက်ရှိအချိန်ထိ စိုက်ပျိုးစရိတ်‌ချေး‌ငွေ မရရှိသည့်အတွက် ယခုလို အခက်အခဲကြုံ‌တွေ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

ခလယ်ရွာမှ ‌တောင်သူ နန်းစန်းမြကြည်က “ကျမတို့ လယ်‌တွေ ပြီးခဲ့တဲ့လကတည်းက ထွန်ယက် မျိုးကျဲထားတာ မျိုးပင်‌တွေ တစ်ထွာ‌ကျော်‌လောက် တက်‌နေပြီး အလုပ်သမားဖိုး၊ စက်ဆီဖိုး အခုထိ မ‌ပေးရ‌သေးဘူး။ ဒီနှစ် ‌ငွေတိုးထုတ်‌ချေး‌ပေးမယ်ဆိုပြီး အခုထိ ပိုက်ဆံမရ‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လယ်သမားများအ‌နေဖြင့် စိုက်ပျိုး‌ရေးစရိတ်‌ငွေထုတ်‌ချေးနိုင်ရန် ဇွန်(၂၉)ရက်‌နေ့က တံခွန်တိုင်‌ကျေးရွာအုပ်စုနှင့် ‌တောင်ဒီး‌ကျေး ရွာအုပ်စု ‌ကျေးရွာတာဝန်ရှိသူက သွား‌ရောက်လက်မှတ်ထိုးပြီးပြီဖြစ်‌သော်လည်း မြို့နယ်မှ ‌ငွေထုတ်‌ချေး‌ပေးနိုင်ခြင်းမရှိဘဲ ဇူလိုင် လ ပထမပတ်‌နောက်ဆုံးရက်မှသာ ‌ငွေထုတ်‌ချေး‌ပေးသွားမည်ဟု ‌ပြောဆိုခဲ့‌ကြောင်း ခလယ်‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှုး ‌စော ဆန်းညွန့်‌မောင်က ‌ပြောသည်။

ယခုကိစ္စအ‌ပေါ် ကြာအင်းဆိပ်ကြီးမြို့နယ် စိုက်ပျိုး‌ရေးဘဏ် မန်‌နေဂျာ ဦးမျိုး‌အောင်က “‌ကျေးရွာဥက္ကဌ‌ရော၊ အတွင်း‌ရေးမှူး‌တွေ ‌ရော၊ လူကြီး‌တွေ‌ရော၊ ‌မြေစာရင်းဌာနက‌ရော၊ စိုက်ပျိုး‌ရေးဌာန‌ရော၊ အခုထိ လက်မှတ်မထိုးရ‌သေးဘူး။ လာလည်း မစစ်ရ‌သေး ဘူးဆို‌တော့ ကျ‌နော်တို့ ဘယ်လို‌ပေးလို့ရမှာလဲ။ ‌အောက်‌ခြေကိုက စာရင်းဇယား မစုံ‌သေးဘူး။ ‌အောက်‌ခြေမှာပဲ တာဝန်ရှိတယ်။ စိုက်ပျိုး‌ရေးဘဏ်အ‌နေနဲ့ မပတ်သက်ဘူး”ဟု ဇွန်လ(၃၀)ရက်‌နေ့က ‌ကေအိုင်စီ၏ ‌မေးမြန်းချက်ကို ပြန်လည်‌ပြောဆိုသည်။

ထို့အပြင် စာရင်းဇယား အချက်အလက်စုံသည့် ‌ကျေးရွာများကို မိမိတို့စိုက်ပျိုးဘဏ်မှ ‌နေ့စဉ် ‌ငွေထုတ်‌ချေး‌ပေး‌နေ‌ကြောင်း၊ ၎င်း ကိစ္စကို ‌ဆောင်ရွက်ရန် သီးခြားညွန်ကြားချက်လည်းရှိ‌ကြောင်း ဦးမျိုး‌အောင်က ဖြည့်စွက်‌ပြောဆိုသည်။

စိုက်ပျိုးစရိတ်‌ချေး‌ငွေယူမည့် ‌ကျေးရွာအုပ်စုစာရင်းကို ဇွန်လ ပထမအပတ်ကတည်းက မြို့နယ်သို့ ပို့ထား‌ကြောင်း၊ မြို့နယ်အဖွဲ့မှ ဝိုင်းကြီးချုပ်စာရင်း(‌ကျေးရွာအုပ်စုစာရင်း)ကို အကုန်ပြန်စိစစ်ပြီးမှသာ ‌အောက်‌ခြေမှ တာဝန်ရှိသူအ‌နေဖြင့် လက်မှတ်‌ရေးထိုးခဲ့ရ ‌ကြောင်း ခလယ်‌ကျေးရွာအုပ်စုရှိ စိုက်ပျိုးစရိတ်ထုတ်‌ချေး‌ရေး ‌ကော်မတီဝင် မန်း‌ကျော်လင်းရီက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်တိုက်နယ်တွင် စပါးစိုက်ဧက‌ပေါင်း(၈၀၀၀)‌ထောင်‌ကျော်မှ လယ်သမားဦး‌ရေ တစ် ‌ထောင်‌ကျော်ရှိပြီး ယခုနှစ်တွင် လယ်တစ်ဧကကို (၁)သိန်းခွဲနှုန်း၊ အတိုးနှုန်း (၆၇)ပြားဖြင့် စိုက်ပျိုး‌ရေးဘဏ်က ‌ငွေထုတ်‌ချေးပြီး လာမည့်နှစ် ‌ဖေ‌ဖော်ဝါရီလ ‌နောက်ဆုံးပတ်တွင် အတိုးအရင်း‌ပေါင်း၍ ပြန်‌ပေးဆပ်ရမည်ဟု သိရသည်။