Home သတင်း ကရင်ပြည်နယ် အရပ်ဖက်အဖွဲ့များစု‌ပေါင်းပြီး မြို့နယ်(၅)ခုကို ပြည်သူ့နီတိသင်တန်း‌ပေး

ကရင်ပြည်နယ် အရပ်ဖက်အဖွဲ့များစု‌ပေါင်းပြီး မြို့နယ်(၅)ခုကို ပြည်သူ့နီတိသင်တန်း‌ပေး

1619

ဇူလိုင် ၂၅ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ် လူမှုအဖွဲ့စည်းများကွန်ရက်(KSCN)မှ (One Stop for Democratic and Just Change) (ODJ) “‌ပြောင်းလဲခြင်းသို့ ‌ခြေတစ်လှမ်း”အမည်ဖြင့် စီမံကိန်းအစီအစဉ်တစ်ရပ်‌ရေးဆွဲဖွဲ့စည်းပြီး ကရင်ပြည်နယ်၏ မြို့နယ်များအတွင်း လူငယ်များအား ပြည်သူ့နီတိဆိုင်ရာလူထုပညာ‌ပေးလုပ်ငန်းများကို ‌ဆောင်ရွက်‌နေ‌ကြောင်း သိရသည်။

မြို့နယ်အလိုက် ‌ဆောင်ရွက်‌နေကြသည့် ပရဟိတလုပ်ငန်း၊ လူမှု‌ရေးအသင်းအဖွဲ့၊ ‌ဒေသဖွံ့ဖြိုး‌ရေး၊ နိုင်ငံ‌တော်၏ ပြုပြင်‌ပြောင်းလဲမှုဆိုင်ရာကိစ္စများတွင် ပိုမိုအ‌ထောက်ကူပြုနိုင်ရန်ရည်ရွယ်ပြီး သင်တန်း(၃)ကြိမ်ပြုလုပ်သွားမည် ဖြစ်ကာ ယခုလ ၂၁ ရက်မှ ၂၃ရက်‌နေ့အထိ မြို့နယ်(၅)ခုပါသည့် သင်တန်းကို ကြာအင်းဆိပ်ကြီး မြို့နယ်၊ ခလယ်ရွာဘုန်း‌တော်ကြီး‌ကျောင်း ရာပြည့်ဓမ္မဗိမ္မာန်ဓမ္မာရုံတွင် (၃)ရက်တာ ပြုလုပ်ခဲ့သည်။

(ODJ) စီမံကိန်းညှိနှိုင်း‌ရေးမှူး ‌စောအယ်စူးနိုင်က “ဒီမိုက‌ရေစီနဲ့ လူ့အခွင့်အ‌ရေးတစ်ရပ်ကို ပြည်သူ‌တွေက ကိုယ်ရဲ့‌ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရနဲ့၊ ‌ဒေသအာဏာပိုင်‌တွေကို အတူတကွ ပူး‌ပေါင်းပြီး လုပ်‌ဆောင်ရ မယ်ဆိုတဲ့ နည်းလမ်း‌တွေ၊ နိုင်ငံသားတစ်‌ယောက်အ‌နေနဲ့ သိသင့်သိထိုက်တဲ့ ဒီမိုက‌ရေစီ‌ရေးရာ ဖြစ်စဉ်‌တွေ၊ လူ့အခွင့်အ‌ရေးနဲ့ဆိုင်တဲ့ ဖြစ်စဉ်‌တွေကို အ‌ကြောင်းအရာ‌တွေနဲ့တကွ ‌ခေါင်း‌ဆောင်မှုအစိတ်အပိုင်း‌တွေမှာ စွမ်းရည်မြင့်တက်လာဖို့အတွက် သင်ကြား‌ပေးခဲ့တယ်”ဟု ‌ပြောသည်။

သုံးရက်တာ ပြုလုပ်ခဲ့သည့် အဆိုပါသင်တန်းသို့ ဖာပွန်၊ လှိုင်းဘွဲ၊ သံ‌တောင်၊ ဖားအံ၊ ကြာအင်းဆိပ်ကြီး အစရှိသည့် မြို့နယ်(၅)ခုမှ ‌ဒေသခံလူငယ်သင်တန်းသူ၊သင်တန်းသား ၈၀‌ကျော် ပါဝင်တက်‌ရောက်ခဲ့သည်။

သင်တန်းတက်‌ရောက်သည့် သံ‌တောင်ကြီးမြို့နယ်မှ ‌စောအိုကလို‌စေးက “ အဓိက‌တော့ ဒီမိုက‌ရေစီနဲ့ ဖယ်ဒရယ်နဲ့ပတ်သက်တဲ့ အ‌ကြောင်းအရာ‌တွေကို စိတ်ဝင်စားလို့ လာတက်တယ်။ လူတစ်ဦးချင်းစီရဲ့ ရပိုင်ခွင့် အခွင့်အ‌ရေး‌တွေ၊ တိုင်းရင်းသား၊ နိုင်ငံသား‌တွေရဲ့အခွင့်အ‌ရေး‌တွေကို ပိုပြီးသိလာတယ်။ ရွာပြန်‌ရောက်ရင်‌တော့ ‌ကျေးရွာလူငယ်‌တွေကို ရသ‌လောက် ပြန်ပြီးမျှဝ၀‌ပေးသွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူသင်တန်းမျိုးကို ဖားအံမြို့နယ်၊ ‌ကောကရိတ်မြို့နယ်တို့တွင် ပြီးခဲ့သည့် ဇွန်လက KSCN မှ ပြုလုပ်သွားခဲ့သည်။ KSCN သည် ၂၀၁၅ခုနှစ်၊ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲကာလမှစတင်ကာ လူထုများကို မဲ‌ပေးမှုပညာ‌ပေး သင်တန်းများကို‌ပေးခဲ့ပြီး ယခု‌နောက်ပိုင်းတွင် ဒီမိုက‌ရေစီအနှင့် လူ့အခွင့်အ‌ရေးအပြင် အခြား‌သော လူမှုဘဝမြှင့်တင်‌ရေး သင်တန်းများကိုလည်း ပြုလုပ်‌ပေးသည်ဟု သိရသည်။